Kyarlay.com

almost 2 years



Fihlovqga605u2r32txr


 


Crhqc0axwtdbl1sxbtgz



Eedhjox1wgsqhgeccjfi



HM (ကျားလေး)

>>>> Unicode Version <<<<


Fyzbcc7ftiztfkpaffo3

ဧပြီ (၁၆ - ၃၀) အထိ ရင်သွေးငယ်လေးများမွေးဖွားရန် နေ့ရက်ကောင်းများ

မေမေတို့ရေ ဧပြီလ (၁၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ) ကာလအတွင်းမှာတော့ ဘယ်လိုနေ့ရက်တွေမှာ ရင်သွေးငယ်လေးတွေကို မွေးဖွားသင့်တယ်ဆိုတာကို ကျားလေးက မျှဝေပေးမယ်နော်။ ဧပြီ (၁၆ ကနေ ၃၀ အထိ) ဆိုရင်တော့ ဧပြီလ (၁၇၊ ၁၈၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ၂၆၊ ၂၇၊ ၂၉ နဲ့ ၃၀ ) ရက်နေ့တွေက ရင်သွေးငယ်လေးတွေကို မွေးဖွားဖို့အတွက် အသင့်တော်ဆုံး အကောင်းဆုံးနေ့ရက်တွေဖြစ်ပါတယ်။ ဧပြီ (၁၆၊ ၁၉) ရက်နေ့တွေကို လုံးဝကို မမွေးဖွားဖို့အတွက် အကြံပြုပါရစေနော်။

မေမေတို့ရေ ဖွားဇာတာတွေကို ကြည့်မယ်ဆိုရင် ဧပြီလ (၁၆၊ ၁၇၊ ၂၄) ရက်နေ့တွေမှာ မွေးဖွားခဲ့ရင် သိုက်ဖွား၊ ဧပြီလ (၁၈၊ ၂၅) ရက်နေ့တွေမှာ မွေးဖွားရင် မရဏဖွား၊ ဧပြီလ (၁၉၊ ၂၆) ရက်နေ့တွေမှာ မွေးဖွားရင် အဓိပတိဖွား၊ ဧပြီ (၂၀၊ ၂၇) ရက်နေ့တွေမှာ မွေးဖွားရင် ရာဇဖွား၊ ဧပြီ (၂၁၊ ၂၈) ရက်နေ့တွေမှာ မွေးဖွားရင် အထွန်းဖွား၊ ဧပြီ (၂၂၊ ၂၉) ရက်နေ့တွေမှာ မွေးဖွားရင် ဘင်္ဂဖွား၊ ဧပြီ (၂၃၊ ၃၀) ရက်နေ့တွေမှာ မွေးဖွားရင် ပုတိဖွား လို့မှတ်ထားနိုင်ပါတယ်နော်။

မေမေတို့ရေ နေ့ရက်ကောင်းတွေအနက်ကမှ ၁၇၊ ၁၈၊ ၂၀၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၇ နေ့ရက်တွေက တစ်ရက်လုံးစာအတွက် အကောင်းဆုံးအချိန်တွေဖြစ်ပေမယ့် ၂၁ ရက်နေ့မှာတော့ ည ၁၀ နာရီ ၅၂ မိနစ်နောက်ပိုင်းမှသာအကောင်းဆုံးဖြစ်ပါတယ်။ ၂၆ ရက်နေ့မှာတော့ ည ၃ နာရီ ၅၂ မိနစ်နောက်ပိုင်းက အကောင်းဆုံးအချိန်ဖြစ်ပြီး ၂၉ ရက်နေ့မှာတော့ ညနေ ၃ နာရီ ၂၇ မိနစ်နဲ့ ၃၀ ရက်နေ့မှာတော့ မနက် ၁၁ နာရီ ၄၈ မိနစ် မတိုင်မီက အကောင်းဆုံးအချိန်တွေပါတဲ့။ မေမေတို့ရေ ဒီနေ့ရက်တွေမှာတော့ ယေဘုယျဟောချက်တွေသာဖြစ်ပြီး ပိုမိုတိကျတဲ့ ကောင်းမွန်ပြည့်စုံတဲ့ နေ့ရက်တွေကို ရရှိလိုတယ်ဆိုရင်တော့ မေမေတို့ရဲ့ မွေးသက္ကရာဇ်ကို အတည်ပြုပြီး တွက်ချက်နိုင်ပါတယ်နော်။

(မေ့ရင်သွေးမဂ္ဂဇင်းကောင်းနုတ်ချက်)

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)