
နည်းပညာတေွ တိုးတတ်လာနှင့်အမှျ ယခုအခါ ဖုန်းကိုင်သူများ ပေါများလာပြီး မိခင်တေွအချို့ကပါ ကလေးကို ချော့လှျင်ဖုန်းနှင့် ချော့လေ့ရှိပါသည်။ ကလေးဆိုသော သဘာဝဟာ ဖုန်းထဲမှာ ကလးများအတွက်က ထူးဆန်းစရာ၊ လေ့လာစရာတေွကြောင့် ကလေးများကလည်း ဖုနး်မြင်လှျင် အရုပ်လေးတေွၾကည့်ချင် ကိုင်ချင်တဲ့ စိတ်ကြောင့် ကလေးများဟာ ဖုန်းကို စွဲနေပါတယ်။ မျက်စိကျန်းမာရေး သည်လည်း အရေးကြီးပါတယ်။ မျက်စိထိခိုက်ပျက်စီးပြီးတော့ မျက်မမြင်ဖြစ်ပြီး ဘဝ ဆုံးရှုံးနိုင်ပါတယ်။

မျက်စေ့သည်လည်း အရေးကြီးသည်။ မျက်စေ့ ထိခိုက် ပျက်စီးက မျက်မမြင်ဖြစ်ပြီး ဘဝရှုံးနိုင်သည်။ ကာတွန်းကားတေွပေးကြည့်၊ ဂိမ်း (Game) ပေးဆော့ကြတာကြောင့် မျက်စေ့ အာရုံပျက်စီးပြီး မျက်စေ့မှိတ်တုတ်ဖြစ်ခြင်း၊ အကြောဆွဲခြင်း၊ မျက်မှန် အစောကြီးတပ်ရခြင်းတို့ ဖြစ်တတ်သောကြောင့် ကလေးငယ်များကို ဖုန်း ပေးမကိုင်သင့်၊ ဖုန်းနှင့် မချော့သင့်ပါဘူး။

တကယ်၍ ကလေးက မျက်စေ့ယားလှျင် ညစ်ပေသောလက်ဖြင့် မပွတ်သင့်ကြောင်းကို မိခင်တေွက ပြောပြသင်ပေးရမည်။ သန့်ရှင်းသော တစ်ခါသုံး စက္ကူ (Tissue) သို့မဟုတ် သန့်ရှင်းသော အဝတ်စနှင့် သုတ်သင်ပေးရမည်။ ၄င်းအဝတ်ကို နေရာတကာ မချထားသင့် ညစ်ပေသော နေရာတင်မိလှျင် နောက်တစ်ကြိမ် မျက်စေ့သုတ်က သုတ်က မျက်စေ့ထဲ ပိုးဝင်တတ်သည်။ တစ်သှျူးသုံးပေးပါက ပိုကောင်း၏ တစ်ခါသုံးပြီး တစ်ခါ ပစ်လိုက်ပါ။ မျက်စေ့ရောင်လှျင်၊ မျက်စေ့နာလှျင် တတ်ကျှမ်းသော မျက်စေ့ဆရာဝန်နှင့်ပြပြီးမှ မျက်စဉ်းခက် သင့်ပါသည်။ ဆေးမြီးတိုများ မသုံးသင့်ပါ။ မျက်စေ့ မမြင်က ဘဝဆုံးနိုင်သည်။

ဒါကြောင့် ကလေးတွေကို မျက်စေ့ကျန်းမာရန် စာဖတ်လျှင် အလင်းရောင် ကောင်းကောင်း နှင့် စာဖတ်ပါ။ အနီးဆုံး (၁)ပေ အကွာတွင် ထားဖတ်ပါ။ ဖုန်းနှင့် ကစားလျှင် ၁၅ မိနစ်ထက် ပို မကြည့်သင့်ပါ။ အဝေးကို မျက်စေ့အနားပေးသည့် အနေဖြင့် ၁၀ မိနစ် တခါ အဝေးကို ကြည့်ခိုင်းပေးပါ။ မျက်စေ့ အနားပေးသော အနေဖြင့် ကလေးများကို စိမ်းလန်းနေသော အရာများကို ကြည့်ပေးခိုင်းပါ။ မျက်စေ့ကျန်းမာရန် အဝါရောင် အသီးအနှံများ စားပေးသင့်သည်။ ဥပမာ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ မုန်လာဥနှီ၊ ဗီတာမင်အေ ဆေးလုံးတို့ ကျွေး ပေးရပါမည်။
MiGi