စျေး မီဒီယာ
အခြား

ကလေးတေွကို ပုံပြင်စာအုပ် ဖတ်ပြပေးတာက ဘယ်လောက်အရေးကြီးသလဲ

Posted by Marlar December 18, 2018
Tiv2ok3fg2qtehtlkfgf

ကလေးငယ်လေးတေွကို ပုံပြင်စာအုပ်လေးတေွ ဖတ်ပြပေးတာက အရမ်းကို အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ဘဝတည်းက ကလေးတေွကို စာအုပ်ဖတ်ပြပေးရပါမယ်။ အော်ပြီးဖတ်ပြပေးရပါမယ်။ မြန်မာစာအုပ်ပဲဖြစ်ဖြစ် အင်္ဂလိပ်စာအုပ်ပဲဖြစ်ဖြစ် ဖတ်ပြပေးရပါမယ်။ နေ့တိုင်းဖတ်ပေးရပါမယ်။ စာအုပ်ဖတ်ပြပေးတဲ့ အကျိုးကျေးဇူးက အရမ်းကိုကြီးမားပါတယ်။

အသက်တစ်နှစ်အောက်မှာ စာအုပ်ဖတ်ပေးမယ်ဆိုရင် ကလေးရဲ့အမြင်အာရုံကို တိုးတက်စေပြီး Creativity Level ကို အရမ်းတက်စေပါတယ်။ ပြီးရင် Concentration Level (အာရုံစူးစိုက်နိုင်မှု) ကိုလည်း မြင့်တက်စေပါတယ်။ အမေနဲ့ပိုပြီးရင်းနှီးမှု ရစေတယ်။ စာအုပ်ကို အနည်းဆုံး တစ်နေ့ကို ၁၀ အုပ်ဖတ်ပေးပါ။ ကလေးစာအုပ် Story Book လေးတေွကို ၁၀ အုပ်ဖတ်ပေးရပါမယ်။ ဗိုက်ထဲမှာရှိနေတုန်းကတည်းကစပြီး ဖတ်ပြပေးရပါမယ်။

စာအုပ်ဖတ်ပြတာကိုတော့ အချိန်သတ်မှတ်ပေးထားပါ။ ညအိပ်ယာဝင်ခါနီးဖတ်မယ်ဆိုရင် ညအိပ်ယာဝင်ခါနီးတိုင်း ကြိုက်တဲ့ စာအုပ်ကို ၁၀ ကျော့၊ ဒါမှမဟုတ် စာအုပ် ၃ အုပ်လောက်ကို ၁၀ ကျော့ ပြည့်အောင် ဖတ်ပြပေးပါ။ အဲလိုဖတ်ပြပေးမယ်ဆိုရင် အရမ်းသိသာပါတယ်။ ကလေးက စကားပြောတဲ့အရွယ်မှာ အရမ်းကို တော်လာပါလိမ့်မယ်။ တခြားကလေးနဲ့ ကွာသွားပါလိမ့်မယ်။ အဲဒါကြောင့် စာအုပ်ဖတ်ပြတာဟာ အရမ်းကို အရေးကြီးပါတယ်။

Ref : Heguru စင်တာဒါရိုက်တာ ဒေါ်ခိုင်မွန်ဦး၏ ဟောပြောဆေွးနေွးမှုမှ ကောက်နုတ်ဖော်ပြသည်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.