စျေး မီဒီယာ
အခြား

ကျောက်ကပ်ပျက်စီးခြင်း( သို့မဟုတ ်) ကျောက်ကပ်ကို ပျက်စီးစ ပြုနေတဲ့ လက္ခဏာများ

Posted by Zaw Lin Aung February 24, 2020
Ll9zdeyhzjd4wbdi8hwp

ကျောက်ကပ်တေွဟာ ခါးနောက်အောက်ပိုင်း ကျောရိုးမ တစ်ဖက် တစ်ချက်စီမှာ တစ်လုံးစီရှိတဲ့ ကိုယ်တွင်း အင်္ဂါတစ်စုံပါ။ ကျောက်ကပ်က သေွးတေွကို စစ်ထုတ်ပေးရာမှ တစ်ဆင့် ထွက်ရှိလာတဲ့ အဆိပ်တေွကို ဆီးအဖြစ် ဆီးအိတ်မှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ပျက်စီးနေရင် ကျောက်ကပ်က သေွးထဲက အညစ်အကြေး၊ အဆိပ်အတောက်တေွကို စစ်ထုတ် မပေးနိုင်တော့ပါဘူး။ ကျောက်ကပ်ပျက်စီးစ ပြုနေတဲ့လက္ခဏာတေွကို သိရှိထားရင် ကျောက်ကပ် ထပ်မံ မပျက်စီးအောင် ကာကွယ်နိုင်တာမို့ မိုမိုလေးပရိသတ်ကြီး သိရှိနိုင်ရန် အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

Ovbwwk3bnswflizexufq

၁။ ဆီးထဲ သေွးပါခြင်း
------------------------------

ကျန်းမာရေးကောင်းတဲ့ ကျောက်ကပ်တေွဟာ သေွးထဲက အညစ်အကြေးတေွ စစ်ထုတ်ပြီး ဆီးအဖြစ် ပြောင်းလဲပေးတဲ့အခါမှာ သေွးဆဲလ်တေွ မပျက်စီးအောင် ထိန်းသိမ်းပေးပါတယ်။ ဒါပေမဲ့ ကျောက်ကပ်ရဲ့ စစ်ထုတ် လုပ်ငန်းပျက်စီး သွားတဲ့အခါမှာ သေွးဆဲလ်တေွက ဆီးထဲကို စိမ့်ပြီးတော့ ထွက်သွားပါတယ်။ ဆီးထဲမှာ သေွးပါတာက ကျောက်ကပ် ကျောက်တည်တာ၊ ကျောက်ကပ် ကင်ဆာဖြစ်တာ ဒါမှမဟုတ် ရောဂါပိုး ၀င်တာတေွရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

X62zm0vlfgavujy8x56w

၂။ မကြာခဏ ဆီးသွားခြင်း
---------------------------------

ခါတိုင်းထက်ပိုပြီး ဆီးသွားတဲ့အကြိမ်ရေ များလာခဲ့ရင် (အထူးသဖြင့် ညဘက်) ကျောက်ကပ်ရောဂါရဲ့ လက္ခဏာပါ။ ကျောက်ကပ်ရဲ့ စစ်ထုတ်လုပ်ငန်းတေွ ပျက်စီးသွားတဲ့အခါမှာ ဆီးသွားချင်စိတ်တေွ ပိုများလာတာကြောင့်ပါ။ ဒီလက္ခဏာက ဆီးလမ်းကြောင်း ပိုးဝင်တာ ဒါမှမဟုတ် အမျိုးသားတေွမှာ ဆီးကျိတ် ကြီးလာတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

P17mzipchpbhtalooaju

၃။ နေ့ခင်းပိုင်းမှာ မောပန်းနေပြီး အားမရှိသကဲ့သို့ ဖြစ်နေခြင်း
-----------------------------------------------------------------------------------

မောပန်းတာက EPO ခေါ်တဲ့ Erythroppoietin ဟော်မုန်း လျော့နည်းနေတာကြောင့်ပါ။ EPO က သေွးနီဥတေွ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ သေွးနီဥတေွက ခန္ဓာကိုယ်က ဆဲလ်တေွအတွင်း အောက်ဆီဂျင်သယ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပျက်စီးနေတဲ့ ကျောက်ကပ်တေွက EPO ကို လုံလုံလောက်လောက် မထုတ်လုပ်ပေးနိုင်တဲ့အတွက် သေွးနီဥ အရေအတွက်တေွ လျော့ကျနေတာကြောင့် မောပန်းတဲ့ဝေဒနာကို ခံစားရတာပဲ ဖြစ်ပါတယ်။

Sahhw9p5oyakd8jxcqtk

၄။ ခန္ဓာကိုယ်အတွင်း အရည်စုဆောင်းမှုများလာခြင်းကြောင့် ဖောရောင်ခြင်းနှင့် ကိုယ်အလေးချိန် မြင့်တက်လာခြင်း
------------------------------------------------------------------------------------------------------------------------------------------

သင့်ကျောက်ကပ်တေွက ခန္ဓာကိုယ်က ထွက်လာတဲ့ အညစ်အကြေးတေွကို ဆီးအဖြစ် စွန့်ထုတ်ပစ်ဖို့ တာဝန်ရှိပါတယ်။ ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်နိုင်ရင် ခန္ဓာကိုယ်အတွင်း အရည်စုဆောင်းမှုများလာပြီး တစ်သှျူးအတွင်း ဖောရောင်မှုတေွ ဖြစ်လာနိုင်ပါတယ်။

U2uqh0fvrajqrdrohkbc

၅။ သေွးဖိအား မြင့်တက်လာခြင်း
------------------------------------------

ကျောက်ကပ် ပျက်စီးစပြုလာတဲ့အခါမှာ ကျောက်ကပ်အတွင်းမှ သေွးကြောတေွ အားနည်းသွားပြီး အမာရွတ်တေွ ဖြစ်လာကာ သေွးဖိအားကို မထိန်းချုပ်နိုင်တော့ပါဘူး။

F0hmdaam2yz8wbxrp42b

၆။ ယားယံခြင်း
---------------------

ကိုယ်အတွင်း အညစ်အကြေးနဲ့ ယူရစ်အက်စစ်တေွ စုဆောင်းမှုများလာတဲ့အခါ ခန္ဓာကိုယ်မှာ ယားယံတဲ့အကွက်တေွ ပေါ်ပေါက် လာနိုင်ပါတယ်။ ယူရစ်အက်စစ်တေွ စုဆောင်းမှုများနေတာကြောင့် အနီရောင် အစက်အပြောက်တေွလည်း ထွက်လာတတ်ပါတယ်။

Afb6pnkxtuzsnpzgfku7

၇။ ရင်တုန်ခြင်း
------------------

ကျောက်ကပ် ပျက်စီးနေတာကြောင့် ကိုယ်အတွင်း ပိုတက်စီယမ် စုဆောင်းမှု များလာကာ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်လာပါတယ်။

Rncbpmxj07rliaq0vfyd

၈။ ကြွက်တက်ခြင်း
----------------------

ကျောက်ကပ် လုပ်ဆောင်ချက်တေွ ပျက်စီးသွားတဲ့အတွက် ခန္ဓာကိုယ်အတွင်း ဓာတ်ဆားတေွ ညီညွတ်မှျတမှု မရှိနိုင်တော့ပါဘူး။ ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်တေွ လျော့နည်းသွားနိုင်တာကြောင့် ကြွက်တက်တတ်ပါတယ်။

Zqjcxcs5ple9v7oqxb4x

၉။ ပျို့ခြင်းနှင့် အန်ခြင်း
--------------------------------

ခန္ဓာကိုယ်အတွင်း ယူရီးမီးယားလို့ ခေါ်တဲ့ ဆီးဆိပ်တေွ စုဆောင်းမှုများလာတဲ့အခါမှာ ကိုယ်က အဆိပ်အတောက်ကို ဖယ်ရှားလိုတဲ့ ခံစားချက်ကြောင့် ပျို့တာ၊ အန်တာတေွ ဖြစ်ပေါ်လာပါတယ်။

Ofxpapezjkpxqpd9vpi8

၁၀။ ဆီးအမြှုပ်ထခြင်း
-----------------------

ဆီးအမြှုပ်ထနေတာက ဆီးထဲမှာ ပရိုတင်းပါ၀င်နေတာကို ညွှန်ပြနေတာပါ။ ကြက်ဥအစိမ်းကို ခေါက်မေွှလိုက်တဲ့အခါမှာ ထွက်လာတဲ့အမြှုပ်နဲ့ ဆင်တူပါတယ်။ ဆီးထဲမှာ တေွ့ရတဲ့ ပရိုတင်းက ကြက်ဥထဲမှာ ပါ၀င်တဲ့ ပရိုတင်း အယ်လ်ဗျူမင် အမျိုးအစားနဲ့ တူနေတာကြောင့်ပါ။
#Ref( ဒေါက်တာခင်မိုးမိုး - ကျောက်ကပ်ပျက်စီးခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.