စျေး မီဒီယာ
မမွေးဖွားမှီ

ညနေဘက်ရေချိုးရင် ကိုယ်ဝန်ဆောင်မိခင်တွေ ရေမြွာပေါက်နိုင်လား?

Posted by Htoo Yan Aung February 23, 2020
Tzbm4yposgzungr04kiw

ကိုယ်ဝန်ဆောင်မိခင်တေွဟာ ညနေခင်းရေချိုးရင် ရေပေါင်တတ်တယ်ဆိုတာကို ယုံကြည်နေကြပါတယ်။ ရေပေါင်တယ်ဆိုတာ ကလေးရေမြွှာအိတ်ပေါက်ပြီး ရေဆင်းတာပါ။ မျိုးပွားလမ်းကြောင်းပိုးရှိရင် ၊ သားအိမ်အဝမလုံရင် ရေမြွှာအိတ်ပေါက်ပြီး ရေဆင်းတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ရေချိုးတာနဲ့ ဘာမှမဆိုင်ပါ။ ရေချိုးတဲ့ရေဝင်သွားပြီး ပြန်ဆင်းတာ မဟုတ်ပါဘူး။

Gtkbdkhthcymmewus0bv

ရေမြွှာအိတ်ထဲက ရေဆိုတာက ကလေးသေးသေးလေးကတည်းကမှ စပြီး ရေအိတ်ရှိတာပါ။ အဲ့ဒီရေဟာ ကလေးဆီလာတဲ့ သေွးသွားသေွးလာကနေထွက်တယ်။ နောက်ပြီး အချင်းရဲ့မျက်နှာပြင် ၊ ကလေးရဲ့ ရှူရှူးပေါက်ခြင်း ၊ ကလေးဟာ ရေမြွှာအိတ်ထဲကို ရှူရှူးပေါက်တယ်။ ရေကိုလည်းသောက်တယ်။ အဲ့ဒီ့ရေဟာ သူ့အလိုလို ရေမြွှာအိတ်နဲ့ အလုံပိတ်ရှိတယ်။ အလုံပိတ်ရှိတဲ့ ရေမြွှာအိတ်ဟာ ရေချိုးရုံနဲ့ မပေါက်ပါဘူး။

A7k1daxwpnghhcuwqzoq

ဒါ့ပေမယ့် ရေပေါင်တယ်ဆိုတာ ရှိပါတယ်။ ရေပေါင်တယ်ဆိုတာ ရေမြွှာအိတ်မလုံတော့ပဲ ပေါက်သွားတာပါ။ ရေမြွှာအိတ်ပေါက်ရတဲ့ အဓိကအကြောင်းအရင်းကတော့ မိန်းမကိုယ်မှာ ကူးစက်ရောဂါပိုးရှိလို့ ဖြစ်ရတာပါ။ ဥပမာ- အရင်ကိုယ်ဝန်မှာ ရေမြွှာအိတ်မလုံလို့ ကိုယ်ဝန်၈လလောက်နဲ့ပေါက်ပြီး လနုနုလေးနဲ့ မေွးခဲ့ဖူးရင် နောက်ကိုယ်ဝန်မှာ ဂရုစိုက်ရပါမယ်။ ရေချိုးတာနဲ့ မဆိုင်ပါဘူး။

Pfubuozxshfhq04ataam

ရေကိုကြိုက်တဲ့အချိန်ချိုးနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တေွဟာ သာမန်လူတေွထက် ပိုပူပါတယ်။ ကိုယ်ဝန်ရှိတဲ့သူရဲ့ ခန္ဓာကိုယ်ဟာ ပူနေတတ်ပါတယ်။ လနုသေးတဲ့အခါမျိုးမှာ ဖျားနေတယ်လို့ ထင်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်သည်တေွဖျားတယ်ဆိုရင် ၁၀၀.၄ထက်ကျော်မှ ဖျားတယ်လို့ သတ်မှတ်ပါတယ်။ ဖျားတယ်ဆိုပြီး ကုပေးပါတယ်။

Hrv9y5gouxhsnlgzqnzu

ကိုယ်ဝန်သည်တေွဟာ ဘာကြောင့်ပူနေရတာလဲဆိုရင် ကိုယ်ဝန်ကိုထိန်းတဲ့ ပရိုဂျက်စထရိုဂျင် ဟော်မုန်းတေွက ခန္ဓာကိုယ်ကို ပူစေတာပါ။ ဒါ့ကြောင့် ဗိုက်ကြီးသည်တေွက သူများထက် ပိုပူတယ်။ ပိုအိုက်တယ်။ ချေွးဒီးဒီးကျနေတတ်တယ်။ ကိုယ်ဝန်ဆောင်သည်တစ်ဦးဟာ အချိန်အကန့်အသတ်မရေွး ရေချိုးလို့ ရပါတယ်။

HYA (kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.