စျေး မီဒီယာ
အခြား

နားကြပ် အမြဲတပ်လေ့ရှိသူတေွ ကောင်းကောင်း သတိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး( ၇ )ခု

Posted by Zaw Lin Aung February 20, 2020
Aryd09w55utnoylxcjxi

နည်းပညာက တစ်နေ့ထက်တစ်နေ့ ပိုပို တိုးတက်လာနေတဲ့အချိန်မှာ လူသားတေွဟာ ကျန်းမာရေးအတွက် ရလဒ်ဆိုးတေွ ရှိနေနိုင်တဲ့ ဇိမ်ခံပစ္စည်းတေွ၊ အသုံးအဆောင်တေွနဲ့ပဲ ဝိုင်းဝိုင်းလည် နေခဲ့ပါတယ်။ Headphone နဲ့ နားကြပ်တေွဟာလည်း နောက်ကွယ်က ဆိုးကျိုးတေွကို မသိကြဘဲ ယနေ့ခေတ်လူငယ်တေွ အသုံးများတဲ့ နည်းပညာပစ္စည်းတေွပဲ ဖြစ်ပါတယ်။ နားကြပ်လေး တပ်ပြီး သီချင်းနားထောင်ကြတဲ့သူတေွကို ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ လမ်းပေါ်၊ နေရာတကာမှာ တေွ့နေရသလို ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ ပြင်ပအသံတေွ မကြားချင်လို့၊ စိတ်ဖိစီးမှု ပြေလျော့စေဖို့အတွက် သီချင်းနှစ်သက်လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် နားကြပ်နဲ့ သွားရင်းလာရင်း နားထောင်လေ့ ရှိပါတယ်။ အိမ်မှာနေလည်း အနားယူရင်းနဲ့ နားထောင်၊ အိပ်ရာဝင် နားထောင်တာတေွ ရှိကြပေမယ့် ကျန်းမာရေးအတွက်ကျတော့ သတိထားမိကြပါရဲ့လား။ ရံဖန်ရံခါဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီးတော့ သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတေွ ပေးနိုင်တယ်ဆိုတာတော့ ကောင်းကောင်း သတိထားသင့်ပါတယ်။ဒါကြောင့် ဒီတစ်ခါမှာတော့ နားကြပ်အမြဲတပ်လေ့ရှိတဲ့သူတေွ ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး(၇) ခုကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

Pp7tcxwvcmkbnx80z31r

၁။ အကြားအာရုံ ဆုံးရံှုးခြင်း (သို့မဟုတ်) အကြားအာရုံပိုင်း နောက်ဆက်တွဲပြဿနာများ
---------------------------------------------------------------------------------------------------

headphones (သို့မဟုတ်) နားကြပ်ကို သုံးတဲ့အခါ သင့်ရဲ့နားထဲကို အသံက တိုက်ရိုက် အနီးကပ် ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ 90 decibels ထက်ကျော်တဲ့ အသံအတိုင်းအတာက အကြားအာရုံမှာ နောက်ဆက်တွဲ ထိခိုက်မှုတေွ ဖြစ်လာစေနိုင်ပြီးတော့ နားမကြားတော့တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။ headphones နဲ့နားကြပ်တပ်ပြီး နားထောင်လေ့ရှိသူတေွဟာ အကြားအာရုံဆုံးရံှုးဖို့ ရာခိုင်နှုန်းများပါတယ်။ 100 decibels ထက်ကျော်တဲ့ အသံနှုန်းနဲ့ ၁၅ မိနစ် လောက် နားထောင်ရုံနဲ့ပဲ ဒီအန္တရာယ်ကို စိတ်ပူရပါတယ်။ ဒါကြောင့် ကိုယ်က ဒီလိုအလေ့အကျင့်မျိုးရှိနေသူဖြစ်ရင် ကိုယ့်ရဲ့နားကို နည်းနည်းလောက် အနားပေးပြီး အသံအကျယ်ကြီး ဖွင့်နားမထောင်ဖို့အတွက် ကောင်းကောင်း သတိပြုပါ။

Zn0yoqidkycnr8tlfe4t

၂။ နားပိုးဝင်ခြင်း
------------------------

သင်က ကိုယ့်နားကြပ်ကိုပဲ သုံးလေ့ရှိသူလား။ ဒါမှမဟုတ် တခြားသူဆီက ငှားသုံးတတ်သူလား။ သူငယ်ချင်းမိတ်ဆေွတေွ၊ မိသားစုတေွဆီက တခါတရံတော့ ငှားသုံးမိမှာပါပဲ။ ဒါပေမယ့် ဒီလိုတစ်ကြိမ်တစ်ခါတည်းကနေပဲ လွယ်လွယ်နဲ့ နားပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ နားထဲက ဘက်တီးရီးယားတေွက နားကြပ်တေွကနေ တဆင့် တစ်ယောက်နဲ့တစ်ယောက် ကူးစက်ဖို့ လွယ်ပါတယ်။ ဒါကြောင့် တခြားသူဆီကို ငှားပေးရတော့မယ်ဆိုရင် သန့်စင်ဆေးရည်နဲ့ပိုးသတ်တာမျိုး၊ ဒါမှမဟုတ် လုံးဝမငှားတာမျိုး၊ ငှားမသုံးတာမျိုးကို သတိထားသင့်ပါတယ်။

Thscnttng84s4mbk2qfs

၃။ လေလမ်းကြောင်း ပိတ်စေခြင်း
-----------------------------------------------

ထုတ်လုပ်တဲ့ ကုမ္ပဏီတေွကတော့ အသံစနစ်ကောင်းမွန်ကြောင်း ကြော်ငြာကြမှာပါပဲ။ဒါပေမယ့် အသံဘယ်လောက်ကောင်းကောင်း ကျန်းမာရေးရှုထောင့်မှာတော့ ကိုုယ့်ရဲ့အသုံးပြုမှုကို မူတည်ပြီး တော့ ထိခိုက်မှု အနည်းနဲ့အများ ရှိလာစေနိုင်ပါတယ်။ နားထဲကို နားကြပ်ထိုးထည့် ထားရင်ပဲ လေလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပါတယ်။ လေအဝင်အထွက်မရှိရင် သိချင်းသံ ပိုနားထောင်ကောင်းတယ်ဆိုပေမယ့် နားပိုးဝင်ခြင်းတေွ ဖြစ်လာနိုင်ခြေ များပါတယ်။ အများဆုံးဖြစ်လေ့ရှိတာက နားကြပ်နဲ့ headphones တေွကို အမြဲပုံမှန်သုံးလေ့ရှိတဲ့သူတေွဟာ နားအူခြင်း၊ နားပိုးဝင်ခြင်းနဲ့ နားလေးခြင်းတို့ ဖြစ်လာတတ်ပါတယ်။

Jdmiyv3swylj5uouqzh5

၄။ အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်း
----------------------------------------------

တစ်နေ့လုံး အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့သူတေွဟာ အကြားအာရုံ ခေတ္တပျောက်ဆုံးတတ်ပါတယ်။ ဒီလို numb ears ဖြစ်ပြီး ရင် ခဏနေတာနဲ့ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအခြေအနေက အန္တရာယ်များတဲ့အပြင် တကယ်နားမကြားတော့တဲ့အထိလည်း ဖြစ်စေနိုင်ပါတယ်။

Wodqjsyvfiprzs45tvqv

၅။ နားကိုက်ခြင်း
-----------------------

နားကြပ်သုံးတဲ့သူတေွမှာ နားကိုက်တဲ့ပြဿနာ ခဏခဏကြားရပါတယ်။ နားထဲမှာ တဝီဝီနဲ့ အသံတေွှကားနေရတာ ဒါမှမဟုတ် ဟိုးအတွင်းက စူးကနဲ နာကျင်ကိုက်ခဲတာတေွပါ ခံစားရတတ်ကြပါတယ်။

Gbkcbv8fuleuzwl1d9mj

၆။ ဦးနေှာက်ကို ဆိုးကျိုးသက်ရောက်စေခြင်း
---------------------------------------------------

နားကြပ်တေွ၊ headphone တေွဆီကထုတ်လွှတ်တဲ့ လှျပ်စစ်သံလိုက်လိှုင်းတေွက ဦးနေှာက်ကို ပြင်းထန်တဲ့ အန္တရာယ်တေွ ဖြစ်လာစေနိုင်ပါတယ်။ဒါပေမယ့် ဒါကိုသက်သေပြဖို့တော့ လုံလောက်တဲ့ဆေးပညာ အထောက်အထားတော့ မရှိသေးပါဘူး။ဒါပေမယ့် Bluetooth ၊ headphone နဲ့ နားကြပ်ကို နေ့စဉ်သုံးသူတေွဟာ ဦးနေှာက်နဲ့ ပတ်သက်တဲ့ရောဂါတေွ ပိုအဖြစ်များတာတေွ့ရပါတယ်။ နားအတွင်းပိုင်းဟာ ဦးနေှာက်နဲ့တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်ပြီး နည်းနည်းလောက် ပိုးဝင်ရင်တောင် ဦးနေှာက်ကို တိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

Y3h25dliao0l6ohhsgoy

၇။ အသက်အန္တရာယ်နီးတဲ့ မတေ်ာတဆမှုတေွ
----------------------------------------------

အခုနောက်ပိုင်းမှာ နားကြပ်တပ်ရင်းနဲ့သွားတဲ့ လမ်းသွားလမ်းလာတေွ မတော်တဆဖြစ်တာတေွ တဖြည်းဖြည်း ပိုပို များလာပါတယ်။ ကားဟွန်းသံမကြား၊ ရထားသံ မကြားနိုင်တဲ့သူတေွဟာ ဖြစ်ရပ်ဆိုးရဲ့သားကောင် ဖြစ်သွားနိုင်ပါတယ်။ တခါတရံ နားကြပ်တပ်ထားသူရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားရင်းနဲ့ တစ်ခြားသူတေွရဲ့အသက် အန္တရာယ်ဖြစ်ရတာတေွတောင် ရှိပါတယ်။

Cbrt0gzyw8ypdk3p3wa3

ဒါဆို နားကိုမထိခိုက်စေဘဲ နားကြပ် ဆက်သုံးနိုင်ဖို့ ဘယ်လိုဆင်ခြင်မလဲ
--------------------------------------------------------------------------

နားကြပ်အသုံးပြုခြင်းရဲ့ကျန်းမာရေးအန္တရာယ်တေွကို သိထားပြီးပြီဆိုရင်တော့ စိုးရိမ်နေမှာပါပဲ။ ဒါပေမယ့် ဒီအတိုင်းတော့ မသုံးတော့ဘဲနဲ့ လက်မလျျော့လိုက်ပါနဲ့။ နားကိုလည်း မထိခိုက်စေဘဲ headphone နဲ့ နားကြပ်တေွကို သုံးနိုင်မယ့် နည်းလမ်းတေွ ရှိပါသေးတယ်။ ထိုနည်းလမ်းတေွကတော့
၁။ နားထဲကို ထည့်သွင်းရတဲ့ နားကြပ်သေးသေးလေးတေွကို မသုံးပါနဲ့။
၂။ နားအပြင်မှာ တပ်ဆင်ရတဲ့ ဆိုဒ်ပိုကြီးတဲ့ headphone တေွကို သုံးပါ။
၃။ ကိုယ့်နားကြပ် သို့မဟုတ် headphone ကို တခြားသူတေွနဲ့ မှျဝေမသုံးပါနဲ့။ မငှားပါနဲ့။
၄။ နားကြပ်ရဲ့ရော်ဘာအစွပ်လေးတေွကို တစ်လတစ်ကြိမ်လောက် လဲပေးပါ။ ၅။နားကြပ်မှာ အစွပ်မပါဘူးဆိုရင် သန့်စင်ဆေးရည်နဲ့ ပိုးသတ်ပေးပါ။
၆။ ကား၊ရထား၊ အမြန်ရထားနဲ့သွားရင် ဒါမှမဟုတ် လမ်းလေှျာက်သွားရငး် နားကြပ်ကို မတပ်ထားပါနဲ့။
ရ။ နားကြပ်/headphone တပ်ထားရင် အသံအကျယ်ကြီး မထားပါနဲ့။
လူ့အသုံးအဆောင် ပစ္စည်းတေွကြောင့် နေထိုင်သုံးစွဲရ လွယ်ကူစေတယ်ဆိုပေမယ့် အကန့်အသတ်နဲ့သာ သုံးပါ။
#Ref( ဇာတင်မေ - နားကြပ်နဲ့ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.