Kyarlay.com

about 2 years

နို့အုံတင်းလာရင် ဘာတွေ လုပ်ဆောင်ရမလဲ


Hvdhg8ioauh3zx8m5u0a

• နို့အုံတင်းလာတဲ့ အခါမှာ နို့ကြောင်းလေးတွေ ပွင့်သွားဖို့လိုတယ်။

• နို့အုံကို ခပ်နွေးနွေး ရှိတဲ့ ရေနွေး အ၀တ်ဖက်လေးနဲ့ ကပ်ပေးဖို့လိုပါတယ်။

• (ရေနွေး ပုလင်းနဲ့ နို့အုံပေါ် မလှိမ့်သင့်ပါ။လှိမ့်ရင် ပြည်တည်နာဖြစ်တတ်ပါတယ်။
• ရေနွေးပုလင်းနဲ့ မလှိမ့်မိရန် သတိထားဖို့လိုအပ်ပါတယ်။)
• ရေနွေးဖက်လေး ကပ်ထားပြီးတဲ့ အခါ နို့ကို ညှစ်ပေးရပါမယ်။


• နို့အုံရဲ့ အမည်းကွင်းနေရာ
• လက်မကို အမည်းကွင်း အထက်မှာထားပြီး
• လက်ညှိုးနဲ့ ကျန်လက်ချောင်းများကို အမည်းကွင်းအောက် လက်မ နဲ့ တစ်ဖက်စီထားပြီး ညှစ်ထုတ်ပးပါ။
• ညှစ်ထုတ်ပြီး ပျော့သွားတဲ့အခါ ကလေးကို ကလေးကို ထပ်စို့ခိုင်းလို့ရပါတယ်။

• ဒီလိုဖြစ်တာကတော့ ကလေးမွေးပြီး တတိယမြောက်နေ့ မှာ နို့တင်းတာ ဖြစ်လေ့ရှိပါတယ်။
• ပထမ တစ်ရက်နှစ်ရက်လောက်မှာ မဖြစ်ဘူး။
• တတိယမြောက်နေ့လောက်ကြရင် တော့ နို့အုံကြီးတင်းလာမယ်။

• အဲဒီလို ညှစ်ထုတ် ပေးဖို့ လိုအပ်ပါတယ်။

မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁၇ ဇွန်လထုတ်တွင်
ပါမောက္ခ ဒေါက်တာ သင်းသင်းအောင် ဖြေပေးထားသော အင်တာဗျူးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။

San Su Kyi Naing