
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် ဆိုတဲ့ဆောင်ပုဒ်ကို လူတိုင်းကြားဖူးကြမှာပါ။ အဲု့ဒီ့ဆောင်ပုဒ်အတိုင်းပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာမှ ဆေးလိပ်သောက်ခြင်းဟာ သင့်ကို ကောင်းကျိုးပေးမှာ မဟုတ်ပါဘူး။ မြောက်များလှစွာသော ကျန်းမာရေးအဖွဲ့အစည်းတေွကလည်း ဆေးလိပ်သောက်ခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ စွဲလမ်းစေတာကြောင့် ဖြတ်တောက်ရခက်ခဲပါတယ်။ ယနေ့ခေတ်မှာတော့ အမျိုးသားတေွသာမက အမျိုးသမီးတေွပါ ဆေးလိပ်ကို ဖက်ရှင်တစ်ခုအဖြစ် အသုံးချလာကြပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအနေနဲ့ ဆေးလိပ်သောက်မယ်ဆိုရင် သူ့ရဲ့ သန္ဓေသားမှာ ဘယ်လိုထိခိုက်မှုတေွရှိလာမလဲဆိုတာလဲ ဆေးလိပ်သောက်တတ်တဲ့ မိခင်လောင်းတေွ သိထားသင့်တဲ့ အကြောင်းအရာတစ်ခုပါပဲ။

စီးကရက်တစ်လိပ်ဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်အတွက် အဆိပ်အမျိုးအစားပေါင်း၆ထောင်ခန့် ပေးပါတယ်။ ဒါဟာ ဆေးလိပ်သောက်မှမဟုတ်ပါဘူး။ ဆေးလိပ်ငေွ့ကို ရှူရှိုက်မိတဲ့ မိခင်လောင်းတေွလည်း ဒီလိုဆိုးကျိုးတေွ ရရှိစေပါတယ်။ ဒါဟာ ဝမ်းဗိုက်သန္ဓေသားရဲ့ ရောဂါဖြစ်ပွားနိုင်ချေကို တိုးမြှင့်စေပြီး အထူးသဖြင့် မေွးလာတဲ့ကလေးမှာ ချောင်းဆိုးခြင်း ၊ ရင်ကြပ်ခြင်းနဲ့ ပြင်းထန်သောအသက်ရှူလမ်းကြောင်း ရောဂါ ၊ အဆုတ်ရောင်ရောဂါတို့ ဖြစ်ပေါ်နိုင်ပါတယ်။

ဆေးလိပ်ငေွ့ကို ကိုယ်ဝန်ဆောင်မိခင်ရှူရှိုက်လိုက်ချိန်မှာ သန္ဓေသားလည်း ဒီအငေွ့ကို ထိတေွ့မှာဖြစ်ပြီး မေွးလာချိန်မှာ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ၊ မေွးရာပါနှလုံးရောဂါတို့ ပါရှိနိုင်ခြေ မြင့်မားသွားပါပြီ။ ဒီလိုရောဂါဆိုးတေွ မဖြစ်ခဲ့ရင်တောင်မှ ကလေးမှာ ဒေါသကြီးလွယ်ခြင်းနဲ့ ယားယံခြင်းတို့ကတော့ သေချာပေါက် ဖြစ်မှာပါပဲ။

ကိုယ်ဝန်ဆောင်ကာလမှာ ဆေးလိပ်သောက်ခြင်းဟာ မိမိကိုယ်တိုင်ရော သန္ဓေသားအတွက်ပါ အန္တရာယ်ကြီးမားလွန်းတာကြောင့် အတတ်နိုင်ဆုံး ရေှာင်ကြဉ်သင့်ပါတယ်။
HYA (kyarlay)