မီးတွင်း (မေွးပြီး ၆ပါတ်) မှာ မမေွးခင် အခြေအနေကို ပြန်ရောက်ဖို့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတေွ ဖြစ်နေပါတယ်။ ကလေးကိုလည်းနို့တိုက်ရတဲ့အတွက် အာဟာရပြည့်တဲ့ အစားအစာတေွ များများစားဖို့လိုပါတယ်။ သန့်ရှင်း၊ ပူနေွး လတ်ဆတ်ရင် အားလုံးတည့်ပါတယ်။ အစားမရေှာင်သင့်ပါဘူး။ အရည်များများသောက်ဖို့လိုပါတယ်။ ကော်ဖီ၊ လ္ဘက်ရည် သောက်တာထက် နို့၊ ဟောလစ်၊ အိုဗာတင်း စတဲ့ အာဟာရဖြစ်တာတေွ သောက်သင့်ပါတယ်။ ၀မ်းမချုပ်စေဖို့ အရွက်၊ အသီး များများစားဖို့လိုပါတယ်။ ချေသလုံးမှာ သေွးခဲတတ်တဲ့အတွက် လှုပ်လှုပ်ရှားရှား သွားလာဖို့လိုအပ်ပါတယ်။
Ref : မေ့ရင်သေွးမဂ္ဂဇင်း