
အဝလွန်နေတာမျိုးနဲ့ အစားအသောက် မမှန်တာမျိုးတေွကသာ ဆီးချိုရောဂါကို ဖြစ်ပွားစေတာ မဟုတ်ပါဘူး။ နေ့စဉ် သင်ကိုယ်တိုင် သတိမထားမလိုက်ပဲ လုပ်နေတက်တဲ့ အမူအကျင့် တစ်ချို့ကလည်း ဆီးချိုရောဂါကို ဖြစ်စေတက်ပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ ကော်ဖီသောက်တာက ဆီးချိုဖြစ်တာကို ကာကွယ်ပေးတယ်ဆိုတဲ့ အချက်ပါပဲ။ဒါကြောင့် ဒီတစ်ခါမှာတော့ လူတေွ မသိသေးတဲ့ ဆီးချိုရောဂါ ဖြစ်စေနိုင်တဲ့ အမူအကျင့်( ၅ ) မျိုးကို အခုလိုပဲ မိုမိုလေးပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။

၁။ ညဉ့်နက်မှ အိပ်ယာဝင်ခြင်း
--------------------------------
ညနက်တဲ့အထိ တီဗီကြည့်၊ ဂိမ်းဆော့ လုပ်တက်ရင်တော့ ဒီအကျင့်ကို အခုပဲ ပြင်ဖို့ သင့်ပါတယ်။ ညဉ့်နက်မှ အိပ်ယာဝင်ပြီးတော့ အိပ်ရေးဝဝ အိပ်ရင်တောင်မှ အချိန်မတော်မှာ စမတ်ဖုန်း ဖန်သားပြင်နဲ့ တီဗီဖန်သားပြင်ကို ကြည့်ထားတဲ့ အကျင့်က ခန္ဓာကိုယ်အတွင်းရှိ သေွးလည်ပတ်မှုကို ဆိုးရွားပြီးတော့ ဆီးချိုဖြစ်စေတက်ပါတယ်။

၂။ အစာမကျေခြင်း
---------------------
ခန္ဓာကိုယ်အတွင်းမှာ ကောင်းတဲ့ဘက်တီးရီးယားနဲ့ ဆိုးတဲ့ ဘက်တီးရီးယားဆိုပြီး နှစ်မျိုးရှိပါတယ်။ ကောင်းတဲ့ ဘက်တီးရီးယားက အစာတေွကို ချေဖျက်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တွင်းထဲမှာ ဆိုးတဲ့ဘက်တီးရီးယားက ပိုများနေပြီဆိုရင်တော့ သတိထားရမှာပါ။ ဒိန်ချဉ်နဲ့ ချိစ်တေွကဒါမျိုးတေွ ဖြစ်စေတက်ပါတယ်။

၃။ နေရောင်ခြည်ကို ကောင်းစွာ မရခြင်း
-------------------------------------------------
လူတေွရဲ့ အသားအရည်က နေရောင်ခြည် သင့်တော်သလောက် ခံပေးဖို့ လိုပါတယ်။ ဗီတာမင်ဒီဓာတ်ကို လုံလောက်စွာမရခဲ့ရင်လည်း ဆီးချိုရောဂါ အမှတ် ၂ ဖြစ်နိုင်ချေများပါတယ်။

၄။ ပိတ်ရက်မှာ တစ်နေကုန်တီဗီကြည့်ခြင်း
---------------------------------------------
တစ်နေကုန်ထိုင်ရာမထ တီဗီချည်းပဲ လှိမ့်ကြည့်နေတဲ့အခါ အရင်ဆုံး သင့်ရဲ့ခါးတစ်ဝိုက်မှာ အဆီတေွ ပုံလာတက်ပါတယ်။ ခါးတစ်ဝိုက်မှာ ဗိုက်ထွက်လာပြီ ဆိုရင်တော့ ဆီးချိုဖြစ်ဖို့ လက္ခဏာပြနေပြီလို့ ယူဆပြီး အနေအထိုင် ဆင်ခြင်ကြည့်ပါ။

၅။ မနက်စာ မစားခြင်း
--------------------------
အလုပ်ကြောင့်၊ သင်တန်းကြောင့် အကြောင်းအမျိုးမျိုးကြောင့် အချိန်မမီလို့ မနက်စာ မစားပဲ နေလိုက်ရတဲ့နေ့တေွ များနေပြီလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ တကယ်လို့ များနေပြီဆိုရင်တော့ မနက်စာကို ပုံမှန်စားဖို့ သတိပေးချင်ပါတယ်။ မနက်စာ မစားတဲ့အခါ သကြားဓာတ် မရတော့ပါဘူး။ ကိုယ်အတွင်း သကြားဓာတ်လုံလောက်စွာ မရတဲ့အခါ ဆီးချိုဖြစ်စေတက်ပါတယ်။
#Ref( Myanmar info news - ဆီးချိုနဲ့ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)