ကလေးကို နေ့နဲ့ညကွဲအောင် ကူညီပေးတာက ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စေပါတယ်။ ဘယ်လိုနည်းလမ်းတေွနဲ့ ကူညီပေးမလဲဆိုတော့ ကလေးကို မိုးလင်းလာပြီဆိုရင် သူ့ကို မိုးလင်းလာပြီဆိုတာ သိအောင် ဖန်တီးပေးလို့ ရပါတယ်။ သူ့ကိုလည်း မနက်နိုးလာပြီဆိုရင် လူကြီးတေွလမ်းလေှျာက်သလိုမျိုး သူ့ကို ပေွ့ချီပြီး အလင်းရောင်လေးနဲ့ ပေးတေွ့ရပါမယ်။ ညရောက်ပြီဆိုရင်လည်း သူ့ကို ချီပြီးအမေှာင်ထဲလေးကို ထွက်ပြီး ညရောက်ပြီး မေှာင်ပြီဆိုတာကို သိအောင် ကူညီပေးလို့ရပါတယ်။
နောက်တစ်ချက်က သူနိုးတဲ့အချိန်တေွမှာ သူ့ကို မြှူတာဆော့တာတေွ လုပ်ပေးမယ်။ အိပ်ခါနီးအချိန်ရောက်ရင်တော့ သူ့ကို မြှူတာဆော့တာတေွကို လေှျာ့ချပြီးတော့ မီးမှိန်မှိန်ထွန်းပေးတာမျိုး၊ အခန်းကို တိတ်ဆိတ်အောင် လုပ်ပေးတာမျိုးဆိုရင် သူတို့က အိပ်ချိန်ရောက်ပြီဆိုပြီး ညဘက်ကို သတိထားမိလာပါတယ်။ ဒီအချက်လေးတေွကတော့ ကလေးကို နေ့ညကွဲအောင် ကူညီပေးလို့ရတဲ့ အချက်လေးတေွ ဖြစ်ပါတယ်။
Ref : ဒေါက်တာသက်ထားရေွှစင်ဝင်းနှင့် အင်တာဗျူး