ပုံပြင်စာအုပ်လေးတေွ ဖတ်ပြပေးတာက ပေါ့သေးသေးမဟုတ်ပါဘူး။ အရမ်းကို အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ဘဝတည်းက ကလေးတေွကို စာအုပ်ဖတ်ပြပေးရပါမယ်။ အော်ပြီးဖတ်ပြပေးရပါမယ်။ မြန်မာစာအုပ်ပဲဖြစ်ဖြစ် အင်္ဂလိပ်စာအုပ်ပဲဖြစ်ဖြစ် ဖတ်ပြပေးရပါမယ်။ နေ့တိုင်းဖတ်ပေးရပါမယ်။
အသက်တစ်နှစ်အောက်မှာ ကလေးကို စာအုပ်ဖတ်ပြပေးမယ်ဆိုရင် ကလေးရဲ့အမြင်အာရုံကို တိုးတက်စေပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းအားနဲ့ အာရုံစူးစိုက်နိုင်မှုကို မြင့်တက်စေပါတယ်။ အမေနဲ့လည်း ရင်းနှီးမှုကို ပိုမိုရရှိစေပါတယ်။
စာအုပ်ကို အနည်းဆုံး တစ်နေ့ကို ၁၀ အုပ် ဒါမှမဟုတ် ကြိုက်တဲ့ စာအုပ် ၁ အုပ်တည်းကိုပဲ ၁၀ ကျော့ ဒါမှမဟုတ် စာအုပ် ၃ အုပ်လောက်ကို ၁၀ ကျော့ ပြည့်အောင် ဖတ်ပြပေးမယ်ဆိုရင်ကလေးက စကားပြောတဲ့အရွယ်မှာ တခြားကလေးနဲ့မတူဘဲ အရမ်းတော်ပြီး ထက်မြက်နေတာကို တေွ့ရပါလိမ့်မယ်။
Ref;မေ့ရင်သေွး