ရိုးရိုးမေွးတဲ့ မိခင်တိုင်းက မိန်းမကိုယ် ကြွက်သားတေွ လျော့ရဲသွားပြီးတော့ ဆီးမထိန်းနိုင်၊ ၀မ်းမထိန်းနိုင် ဖြစ်တယ်လို့ ဆရာဝန်တေွကိုယ်တိုင်က ထင်ထားကြတယ်။ ရိုးရိုးေမေွးတိုင်းလည်း ဆီးမထိန်းနိုင်တာ မဟုတ်ပါဘူး။ ရိုးရိုးမေွးတာ၊ ခွဲမေွးတာ မဆိုင်ပါဘူး။ ရိုးရိုးမေွးတဲ့အခါမှာလည်း မေွးဖွားချိန်လည်း မကြာဘူး။ ကလေးကလည်း အရမ်းမကြီးဘူး။ တတ်ကျှမ်းတဲ့ ဆရာဝန်တေွနဲ့ မေွးတဲ့အခါမှာ အဲဒီလို ရိုးရိုးမေွးတိုင်း ဆီးမထိန်းနိုင်တာကို မခံစားရပါဘူး။
ဘာလို့လဲဆိုတော့ ကိုယ်ဝန်တစ်ခုနှင့်တစ်ခုကြားမှာ လုံလောက်တဲ့ သားဆက်ခြားတဲ့ အချိန်ပမာဏကို ယူတယ်။ ပြီးတော့ လေ့ကျင်းခန်းကိုလုပ်တယ်ဆိုရင် ဒီကိုယ်ဝန်ဆောင်တုန်းက ဖြစ်ထားတဲ့ ကြွက်သားလျော့ရဲတာတေွ၊ ကော်လက်ဂျင် လျော့နည်းတာ တေွကို ပြန်ပြီးတော့ ပြုပြင်ဖို့ အချိန်ရှိသွားတယ်။ ကိုယ်ဝန်တစ်ခုနဲ့ တစ်ခုခြား အနည်းဆုံး ၂နှစ်၊ ၃နှစ် လောက်ခြားမယ်ဆိုရင် အမျိုးသမီးတိုင်းက ဆီးမထိန်းနိုင်တဲ့ ဝေဒနာ မခံစားရပါဘူး..။
Ref : မေ့ရင်သေွး မဂ္ဂဇင်း