ပထမဆုံးရောဂါလက္ခဏာ
ရေှးဦးစွာ ပြသသော လက္ခဏာများမှာ မေွးကင်းစ ကလေးငယ်သည် ရုတ်တရက် နို့မစို့ နိုင်တော့ခြင်းဖြစ်ပါသည်။ မိခင်ဖြစ်သူက ကလေးငယ်၏ ပါးစပ်ကို အတင်းဖွင့်လေ ပါးစပ်မှာ ပို၍ တင်းတင်းစေ့သွားလေ ဖြစ်ပါသည်။ မိခင်က နို့မဝင်မည်ကို စိုးရိမ်ပြီး နို့အတင်း ထည့်လှျင် သိးသွားပြီး နို့ရေများ အသက်ရှုလမ်းကြောင်းတွင် ရုတ်တရက်ဝင်ပြီး ရုတ်တရက် သေဆုံးနိုင်ပါသည်။ ကလေးသည် ပါးစပ်တင်းတင်းစေ့ထားခြင်း မဟုတ်ဘဲ မျက်နှာပြင်ရှိ ကြွက်သား များတင်းလာပြီး မျက်နှာပြင်တစ်ခုလုံးသည် မျက်နှာဖုံးစွပ်ထားဘိ သကဲ့သို့ ပြောင်ချော်ချော် ရုပ်သွင်ပြင် ရှိနေတတ်ပါသည်။ နောက်ပိုင်းတွင် - ကျောလွန်စွာကော့ခြင်း၊ တစ်ကိုယ်လုံး ဆက်ခနဲ့ ဆက်ခနဲ့ဖြစ်ခြင်း၊ တက်ခြင်း၊ အရည်မျိုသော ကြွက်သားများတင်းပြီး နို့သီးခြင်းတို့ ဖြစ်ပေါ်လာ ကြပါသည်။
ရောဂါကိုပြင်းထန်စေသောလက္ခဏာ
မေွးပြီး (၇)ရက် အတွင်း ပထမဦးဆုံးရောဂါ လက္ခဏာဖြစ်ပေါ်လာလှျင် ရောဂါပြင်းသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ဆက်ခနဲ့ ဆက်ခနဲ့ ဖြစ်ခြင်း အကြိမ်အရေအတွက် လွန်စွာများလာခြင်း၊ ကိုယ်အပူချိန်လွန်စွာမြင့်ခြင်း ၊ အေးလွန်ခြင်း၊ အသားဝါလာခြင်း ၊ နှလုံးခုန်လွန်စွာမြန်ခြင်း၊ အသက်ရှုခဏခဏ ရပ်သွားခြင်းတို့သည်လည်း ရောဂါကို ပြင်းထန်စေသော လက္ခဏာများဖြစ်သည်။
Ref : မေ့ရင်သေွးမဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြသည်။