ငယ်ငယ်ရွယ်ရွယ်နဲ့ စကားပြောတတ်တဲ့ ကလေးငယ်တေွဟာ သာမန်ကလေးတေွထက် IQ မြင့်မားတယ်ဆိုတာ သင်သိပါသလား? သာမန်ကလေးတေွနဲ့ နှုိင်းယှဉ်လိုက်တဲ့အခါ ငယ်ငယ်လေးနဲ့ စကားပြောတတ်တဲ့ ကလေးငယ်လေးတေွဟာ ၉နှစ်သားအရွယ်မှာ ပိုမိုသိသိသာသာ ဉာဏ်ရည်ဉာဏ်သေွး သာလွန်နေတာကို တေွ့ရမှာ ဖြစ်ပါတယ်။ သင့်ရင်သေွးငယ်လေး နှုတ်ကနေ ပထမဆုံး ထွက်ကျလာတဲ့ စကားလုံးလေးတစ်လုံးဟာလည်း မေမေတို့ရဲ့ ဘဝမှာ အမြဲအမှတ်ရနေမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ချို့သော ရင်သေွးငယ်လေးတေွမှာတော့ လွယ်လွယ်နဲ့ စကားမပြောတတ်တာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒီ့အတွက် မေမေတို့က ကူညီပေးလို့ ရတာလေးတေွရှိနေပါတယ်။ အရင်ဆုံး သင့်ရဲ့ ရင်သေွးငယ်လေး ပါးစပ်က တဘူးဘူးနဲ့ စတင်ပြောကြားနေကတည်းက အပြန်အလှန် စကားပြောကြားပေးသင့်ပါတယ်။
ရင်သေွးငယ်လေး နားလည်ဖို့အလွယ်ဆုံးဖြစ်မယ့် (ဥပမာ-ဖေဖေ ၊ မေမေ) စတဲ့ စကားလုံးလေးတေွကို ရေွးချယ်ပြောကြားပေးရပါမယ်။ သင့်ရင်သေွး ရင်းနှီးမှုရရှိစေဖို့ ထပ်ဖန်တလဲလဲ ပြောကြားပေးသင့်ပါတယ်။ နောက်ပြီး ရင်သေွးငယ်လေးတေွ နားမလည်သည့်တိုင်အောင် ပုံပြင်လေးတေွကို စိတ်ဝင်စားဖွယ် အမူအရာလေးတေွ ပြုလုပ်ပြီး ဖတ်ပြပေးသင့်ပါတယ်
အထူးသဖြင့် ကလေးငယ်စိတ်ဝင်စားမယ့် ရုပ်ပြကာတွန်းစာအုပ်လေးတေွှပပြီး ဖတ်ပြခြင်းက သင့်ရင်သေွး စကားစောစောပြောတတ်စေဖို့ အထောက်အကူပြုတဲ့အပြင် ဉာဏ်ရည်ဉာဏ်သေွးကိုပါ အလျင်အမြန် တိုးတက်စေပါလိမ့်မယ်။ ဒီ့အတွက် ရေှာင်ကြဉ်ရမှာကတော့ သင့်ရင်သေွးကို တီဗီွ ၊ မိုဘိုင်းဖုန်း ၊ အင်တာနက်စတဲ့ အရာတေွနဲ့ အဝေးဆုံးမှာ ထားရှိစေရမှာ ဖြစ်ပါတယ်။
အိမ်မေွးတိရစ္ဆာန်လေးတေွရှိတဲ့ အိမ်က ရင်သေွးငယ်လေးတေွဆိုရင် ပိုလို့တောင်ကောင်းပါသေးတယ်။ ဒါ့ကြောင့် အထက်မှာဖော်ပြခဲ့တဲ့ အချက်လေးတေွကို လိုက်နာပြီး သင့်ရင်သေွးကို စကားစောစော ပြောတတ်အောင် ကူညီပေးနိုင်ပါတယ်။
HYA (kyarlay)