ကိုယ်ဝန်ဆောင် မေမေတို့ရေ မေွးဖွားလာတော့မယ့် ရင်သေွးငယ်လေးတေွအတွက် အနှီး၊ အဝတ်အစားလေးတေွနဲ့ ပတ်သတ်ပြီး ကြိုတင် ပြင်ဆင်ပုံလေးတေွကို မှျဝေပေးချင်ပါတယ်။ မေွးကင်းစ ကလေးအတွက် အဝတ်အစား၊ အနှီး၊ ကြိုတင် မပြင်ဆင်ကောင်းဘူးဆိုတဲ့ အယူအဆ အမှားတေွ ရှိခဲ့ဖူးပါတယ်။ ကြိုတင်မပြင်ဆင်ပဲ မေွးပြီးမှ ဘာနဲ့ ၀တ်ပေးရမလဲ မသိဖြစ်နေပါလိမ့်မယ်။ ချက်ချင်း ကောက်ဝယ်ရင်လည်း မသန့်တဲ့ အဝတ်အနှီးက နုနယ်တဲ့ ကလေးဆီကို ပိုးဝင်သွားရင် အန္တရာယ် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကလေးအတွက် အနှီးတေွကို ကြိုတင် ပြင်ဆင်ထားရပါမယ်။ ကလေးအနှီးလေးတေွ အဝတ်အစားလေးတေွ ၀ယ်လာပြီးပြီဆိုရင်တော့ လေှျာ်ဖွတ်ပြီး မီးပူ တိုက်ထားရပါမယ်။ အသစ်ပဲလေဆိုပြီး မလေှျာ်ပဲ မဝတ်ပေးရပါဘူး။ ကလေး အဝတ်၊ အနှီးတေွကို သီးခြား သန့်သန့် ထားပေးရပါမယ်။
ကလေးအဝတ်တေွကို ပရုပ်လုံးနဲ့လည်း မသိမ်းဆည်းထားသင့်ပါဘူး။ အကယ်၍ မေွးလာတဲ့ ကလေးကသာ G6PD ချို့တဲ့သော ရောဂါသာ ပါလာခဲ့ရင် အဲဒီ ပရုပ်လုံးဟာ လုံးဝကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
အဝတ်အစားလေးတေွ ၀ယ်ရင်လည်း ကြယ်သီးတေွနဲ့ အကျီ င်္မျိုးမဝယ်ဘဲ ကလေးနဲ့ ၀တ်ရ ချှတ်ရ လွယ်ကူအောင် ကြိုးနဲ့ချည်ရတဲ့ အဝတ်မျိုး ဝယ်တာပိုမို သင့်တော်ပါတယ်။ ကြယ်သီးပါတဲ့ အကျင်္ ီလေးကိုဝတ်ပေးတဲ့အခါ ကလေးက ဖိမိခဲ့ရင် မေွးကင်းစကလေးရဲ့ နုနယ်တဲ့ အသားလေးတေွကို နာကျင်စေနိုင်ပါတယ်။
Ref : မေ့ရင်သေွး မဂ္ဂဇင်း