အိမ်မှာ မိဘတေွ ရန်ဖြစ်နေတာကို တေွ့ရတဲ့ ကလေးတေွက ကြီးလာတဲ့ အခါမှာ ပြဿနာ တစ်ခုကို ဒေါသနဲ့ အမြန်ဆုံး ဖြေရှင်းလေ့ရှိပါတယ်။ နောက်တစ်ခုက ကလေးက အလိုမကျတာကို ဂျီကျတဲ့အခါမှာ အဖေသော်လည်းကောင်း၊ အမေသော်လည်းကောင်း ဒေါသတကြီးနဲ့ ကလေးကိုထပ်ရိုက်မယ်ဆိုရင် ကလေးအနေနဲ့က နှစ်ခါခံရတာပေါ့နော်။ အဲဒီလို ကလေးကိုရိုက်လိုက်မယ်ဆိုရင် အဖေ၊ အမေ အပေါ် မှာလည်း ကလေးက ယုံကြည်မှု နည်းသွားနိုင်တယ်။ သူတစ်ခုခု အခက်အခဲ ဖြစ်သွားရင်လည်း မပြောတော့ဘဲနဲ့ တစ်ခါတစ်ခါမှာ အသားအနာခံပြီးတော့ သူကိုယ်တိုင် သောင်းကျန်းသွားတတ်တာမျိုး ဖြစ်တတ်ပါတယ်။
ဥပမာ- အဆင်ပြေနေတဲ့ မိသားစုထဲက ကလေးတေွနဲ့ ကလေးအချင်းချင်းတေွ့တဲ့အခါမျိုးကျရင် သူ့စိတ်ထဲမှာ အရမ်းထိခိုက်ခံစားရပါတယ်။ သူ့အနေနဲ့ ထုတ်ဖော်ပြောလို့လည်း မရဘူး။ အဲဒီအခါမှာ သူက ကျောင်းသွားရတာ မလုံခြုံဖြစ်မယ်၊ သူကြိုးစားတဲ့အခါမျိုး၊ သင်ယူတဲ့အခါမျိုးတေွမှာ အပြည့်အဝ သင်ယူဖို့ စိတ်မချဖြစ်တ်ပါတယ်။
ကလေးတေွ ရေရှည် ဘဝဖွံ့ဖြိုးမှု ကောင်းမွန်ဖို့အတွက် ကလေးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု မရှိရလေအောင်၊ ဖွံ့ဖြိုးမှုမှာ နောက်မကျရလေအောင် ကလေးများကို မိဘက ရိုက်ဆုံးမတာမျိုး မလုပ်ရပါဘူး။ ကလေးတေွရေှ့မှာလည်း ဒေါသတကြီး ရန်ဖြစ်တာမျိုးလည်း မလုပ်ရပါဘူး။
Ref : မေ့ရင်သေွးမဂ္ဂဇင်း