
အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဝက်သားဟာ လူးတေွ နေ့စဉ် စားသုံးကြတဲ့ အသားတေွထဲမှာ အရသာရှိတဲ့ ထိပ်တန်းအသားတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်သားရဲ့ အစိတ်အပိုင်း (၅) ခုကတော့ လူတေွရဲ့ ကျန်းမာရေးအတွက် ကောင်းကောင်း အန္တရာယ်ရှိနိုင်တာမို့ ဖြစ်နိုင်ရင် ဝေးဝေးက ရေှာင်ကြဖို့ ကျွမ်းကျင်သူတေွက တိုက်တွန်းထားပါတယ်။ ဝက်ဟာ ခေါင်းဖျားကနေ အမြီးထိ အားလုံးစားလို့ရပေမယ့် မစားသင့်ပဲ ချန်လှပ်တာ (သို့မဟုတ်) သတိထားပြီးတော့ မစားသင့်တဲ့ အစိတ်အပိုင်း (၅) ပိုင်းကတော့

၁။ ဝက်သေွး
---------------
သံဓါတ်ပါတဲ့ အစားအစာတေွထဲမှာတော့ ဝက်သေွးက ထိပ်ဆုံးစာရင်းကနေ ပါဝင်ပါတယ်။ အကယ်၍ ဝက်သေွးဟာ ကျန်းမာတဲ့ ဝက်ကနေ ထုတ်လုပ်ထားတာဆိုရင်တော့ အသုံးတည့်ပါတယ်။ ဒါပေမယ့် ရောဂါကြောင့် သေသွားတဲ့ ဝက်တေွ ဒါမှမဟုတ် မလတ်ဆတ်တော့တဲ့ သေွးတေွကနေ ထုတ်လုပ်လိုက်တဲ့ ဝက်သေွးတေွဟာလည်း အရမ်းအန္တရာယ်ရှိပါတယ််။ ဝက်သေွးမှာ အဆိပ်အတောက်တေွ များစွာပါဝင်တာမို့ သေသေချာချာ ကျက်အောင် ချက်ပြုတ်စားသောက်မယ်ဆိုရင် အန္တရာယ် မဖြစ်နိုင်ပေမယ့် မကျက်တကျက် ( သို့မဟုတ် ) အစိမ်းအတိုင်း စားမယ်ဆိုရင်တော့ အလွန်အန္တရာယ်များပါတယ်။
၂၀၁ရ ခုနှစ်က ဗီယက်နမ်နိုင်ငံမှာ နီခရိုဆစ် လို့ခေါ်တဲ့ လူ့ရဲ့ခန္ဓာကိုယ်တွင်းက ကလီစာတေွ ၊ ဆဲလ်တေွ ပျက်ဆီးလာတဲ့ ဝေဒနာရှင် ၉ ဦးမှာ အချို့သေဆုံးခဲ့ပြီး အချို့က ခြေလက်အင်္ဂါတေွ ဖြတ်တောက်ပစ်ရတဲ့ ဖြစ်ရပ်တေွ ရှိခဲ့ပါတယ်၊ ဒီလူတေွဟာ ရောဂါရှိတဲ့ ဝက်က ထုတ်လုပ်ထားတဲ့ ဝက်သေွးတေွ စာသုံးပြီး ဖြစ်တာမို့ ဆရာဝန်တေွက လူထုကို ရေှာင်ကျဉ်ဖို့အတွက် သတိပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

၂။ ဝက်အသည်း
----------------
အသည်းဟာ အဆိပ်အတောက်တေွကို ထုပ်လုပ်ပေးတဲ့ နေရာပဲ ဖြစ်ပါတယ်။ ဝက်အသည်းမှာ ကိုလက်စထရောနဲ့ သံဓာတ် အပြင်းစားတေွ ပါဝင်ပါတယ်။ အကယ်၍ အဟာရဓာတ်ပြည့်ဝအောင် ဝက်အသည်းကို ပုံမှန်စားတယ်လို့ ခံယူထားတယ်ဆိုရင်တော့ ဒီအယူအဆက မှားယွင်းနေပါတယ်။ ဝက်ရဲ့အသည်းမှ မဟုတ်ပါဘူး။ တိရိစ္ဆာန်တေွရဲ့ အသည်းကလည်း အတူတူပဲမို့ အများကြီး မစားသင့်ပါဘူး။ အသည်းရဲ့ တာဝန်ဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တေွကို စွန့်ပစ်ပေးရတာပဲ ဖြစ်ပါတယ်။ အသည်းမှာ ရှိနေတဲ့ အမျိုးမျိုးသော အဆိပ်တေွအပြင် သတ္တုဓာတ် အပြင်းစားတေွ ၊ ဘက်တီးရီယားတေွကြောင့် ပုံမှန်စားသောက်မယ်ဆိုရှင်တော့ ရေရှည်မှာ အတွင်းကလီစာကင်ဆာ ဖြစ်နိုင်ချေ မြင့်မားပါတယ်။
အသက်အရွယ်ကြီးသူတေွနဲ့ သေွးကြောဆိုင်ရာအားနည်းသူ ရောဂါအခံ ရှိတဲ့သူတေွအတွက် အဆိပ်အတောက်ဖြစ်ဖို့က ပိုပြီးတော့ လွယ်ကူပါတယ်။ ပုံမှန်အတိုင်း ကျန်းမာရေးကောင်းသူတေွအနေနဲ့လည်း အသည်းကို အများကြီး မစားသင့်ပါ။ ကိုယ့်အတွက် လိုအပ်တဲ့ အဟာရဖြစ်စေနိုင်လောက်အောင်သာ သတိနဲ့ ချင့်ချိန်ပြီးတော့ စားသုံးပါ။

၃။ ဝက်အဆုတ်
--------------
ဝက်ရဲ့အဆုတ်မှာ ဘက်တီးရီးယားနဲ့ အညစ်အကြေးတေွ များစွာ ပါရှိနေပါတယ်။ အဆုပ်ဟာ လေဝင်လေထွက်အတွက် တာဝန်ယူရတာမို့ များသောအားဖြင့်တော့ မြေကြီးနဲ့ ဝက်ရဲ့နှာခေါင်းဟာ ထိစပ်နေတဲ့အတွက် အညစ်အကြေးတေွ နေ့စဉ် ရှုသွင်းခံရတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးသူတေွနဲ့ နာတာရှည်သမားတေွ အနေနဲ့ ဝက်အဆုပ်ကို မစားသင့်သလို ကျန်းမာရေးကောင်းသူတေွအနေနဲ့လည်း အများကြီး မစားသင့်ပါဘူး။

၄။ ဝက်အူ
----------
အမှန်အတိုင်းဆိုရသော် ဝက်အူဟာ အညစ်ပတ်ဆုံးအစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ဝက်ရဲ့အညစ်အကြေးတေွနဲ့ အစာမချေရသေးတဲ့ အစာတေွကို သိုလေှာင်ရာ နေရာပါပဲ။ ဒါကြောင့်မို့ ဝက်အူမှာ မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားပိုးမွှားပေါင်း သောင်းခြောက်ထောင် ပေါက်ပွား ပျော်ရွှင်ရာနေရာလည်း ဖြစ်ပါတယ်။
ဝက်အူကို စနစ်တကျ ကျက်အောင် မချက်ပြုတ်ပဲ စားမိပါက ဘက်တီးရီးယားတေွ လူ့ခန္ဓာကိုယ်ထဲ ရောက်ပြီး ရောဂါတေွ အန္တရာယ်တေွ ပေးနိုင်ပါတယ်။ ဝက်အူဟာ ဂေါက်ရောဂါ၊ ပန်ကရိယ၊ အသည်းအဆီဖုံးနဲ့ အဝလွန်ရောဂါတေွ ဖြစ်စေပါတယ်။

၅။ ဝက်ဦးနေှာက်
---------------------
လူအတော်များများနဲ့ မိခင်တေွ မှားယွင်းနေတဲ့ အယူအဆတစ်ခု ရှိပါတယ်။ ဝက်ဦးနေှာက်စားရင် ဦးနေှာက်ဉာဏ်ရည်ကောင်းတယ်၊ အားရှိတယ် ဆိုတဲ့ အယူအဆပါ။ ဒီအယူအဆနဲ့ ကလေးတေွကို ဝက်ဦးနေှာက်များများကျေွးမိရင်တော့ မှားပါလိမ့်မယ်။ တစ်ကယ်တော့ ဝက်ဦးနေှာက် စားသုံးခြင်းက လူတေွ ထင်နေကြသလို လူရဲ့ဦးနေှာက်ကို အထောက်အပံ့ဖြစ်စေတယ်ဆိုတာ မဟုတ်ပါဘူး။ ဝက်ဦးနေှာက် အလွန်အကျွံစားခြင်းကြောင့် ကလေးတေွမှာ အဝလွန်ရောဂါ၊ သေွးတွင်း ကိုလေက်စထရောများခြင်းနဲ့ နှလုံးရောဂါတေွကို ဖြစ်စေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဝက်ရဲ့ဦးနေှာက်ဟာ အဟာရဓါတ် အလွန်ကြွယ်ဝစွာပါဝင်ပါတယ်။ ဝက်ဦးနေှာက် ၁၀၀ ဂရမ်အလေးချိန်မှာ ၂၅၀၀ မီလီဂရမ် ကိုလက်စထရောပါဝင်တာကြောင့် ဒီပမာဏဟာ လူတစ်ယောက် တစ်နေ့တာမှာ တစ်ကယ်လိုအပ်တဲ့ အဟာရပမာဏထက် ၈ဆ ပိုများတဲ့အတွက် တန်ဆေးလွန်ဘေး ဆိုသလ ိုအန္တရာယ်ရှိလာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဝက်သားကြိုက်နှစ်သက်သူတေွ အထူးသဖြင့် အဆိုပါ အစိတ်အပိုင်းများစွာ ပါဝင်တဲ့ ကြေးအိုးလို၊ ဝက်သားတုတ်ထိုး အစားအစာများ ကြိုက်နှစ်သက်သူတေွ သင့်တင့်မျှတစွာ ကျန်းမာရေးသတိနဲ့ စားသုံကြဖို့အတွက် မိုမိုလေးမိသားစုက တိုက်တွန်းလိုက်ပါတယ်။
#ဒေါက်တာ မျိုးစက်( ဝက်သားနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)