စျေး မီဒီယာ
အခြား

အသက်၃၀ ကျော်မှ ကိုယ်ဝန်ဆောင်မယ်ဆိုရင် အမျိုးသမီးတေွအနေနဲ့ ဘာတေွ ဖြစ်လာနိုင်သလဲ

Posted by Kyaw Lin Han February 12, 2020
Ddpagkolhtea4akjgxu5

အသက် ၂ဝကျော် အရွယ်ကနေ အသက် ၃ဝ အတွင်း အရွယ်တေွဟာ ကလေးယူဖို့ အတွက် အကောင်းဆုံး အရွယ်တေွပါပဲ။ အသက် ၃ဝကျော် အထူးသဖြင့် အသက် ၃၅ နှစ်နောက်ပိုင်း ရောက်သွားပြီးမှသာ ကိုယ်ဝန်ဆောင်မယ်ဆိုရင်တော့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတေွ များလာနိုင်ပါတယ်။ ဒါပေမဲ့ အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့ လူတိုင်းမှာတော့ မဖြစ်နိုင်ပါဘူး။ ဒီတော့ အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့အတွက် ဖြစ်လာနိုင်တဲ့ အကြောင်းအရာတေွကို အခုလိုပဲ ပြောပြပေးလိုက်ပါတယ်။

E76esjz3mhz78oia6tsn

အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့ မိခင်တေွရဲ့ ရင်သေွးတေွဟာ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါ ဖြစ်ပွားနှုန်း မြင့်မားပါတယ်။ ဥပမာ- Down Syndrome ဆိုတဲ့ ရောဂါဖြစ်ပွားနိုင်တဲ့နှုန်းဟာ ကိုယ်ဝန်ဆောင်မိခင်တေွ အသက်ကြီးတာနဲ့အမှျ မြင့်တက်လာနိုင်ပါတယ်။ ဒီ Down Syndrome ဖြစ်ပွားနိုင်နှုန်းဟာ အသက် ၂၅ နှစ် ရှိတဲ့ မိခင်က မေွးတဲ့ကလေး ၁ဝ၆၄ယောက်မှာ ၁ယောက်နှုန်း ဖြစ်နိုင်ချေ ရှိပါတယ်။ အသက် ၃ဝရှိတဲ့ မိခင်က မေွးတဲ့ကလေး ၆၈၆ယောက်မှာတော့ ၁ ယောက်နှုန်း ဖြစ်နိုင်ချေရှိပြီး၊ အသက် ၃၅ နှစ် ကျော်တဲ့မိခင်တေွမှာ ဆိုရင်တော့ ကလေး ၂၄ဝ ယောက် မှာ ကလေး ၁ယောက် ဖြစ်နိုင်ပါတယ်။ ဒါအပြင် အသက် ၄ဝ ရှိတဲ့ မိခင်တေွဆိုရင်တော့ ကလေး ၅၃ယောက်မှာ ကလေး ၁ယောက်၊ မိခင် အသက် ၄၅ နှစ်ကျော်ရင်တော့ ကလေး ၁၉ ယောက်မှာ ကလေး ၁ယောက် ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါကြောင့် မိခင်ဟာ အသက်ကြီးလာတာနဲ့အမှျ ကလေးမှာ ရောဂါဖြစ်နိုင်ချေ များလာတာ ဖြစ်ပါတယ်။ ဒါအပြင် မေွးရာပါ ကိုယ်အင်္ဂါချို့ယွင်းတာမျိုး၊ ခန္ဓာကိုယ် အစိတ်အပိုင်း မပြည့်စုံတာမျိုး၊ မျိုးရိုးဗီဇတေွ ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ မေွးရာပါရောဂါတေွ အများကြီး ဖြစ်လာနိုင်ပါတယ်။

Sb2lnmnfwejqjx4o5vdb

အမျိုးသမီးတေွဟာ ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် အရင်ဆုံး သားဥကြေွဖို့ လိုအပ်ပါတယ်။ အသက်ကြီးလာတာနဲ့အမှျ သားဥအရေအတွက်ဟာ ကျဆင်းလာတာကြောင့် ကိုယ်ဝန်ရနိုင်တဲ့ ရာခိုင််နှုန်း လျော့ကျလာပါတယ်။ ဒါအပြင် အမျိုးသားတေွမှာလည်း အသက်ကြီးလာရင် သုတ်ပိုး အရေအတွက် လျော့နည်းလာတဲ့အတွက် ကလေး ရနိုင်တဲ့နှုန်း လျော့ကျလာပါတယ်။ ပညာရှင်တေွရဲ့လေ့လာတေွ့ရှိချက်အရ အသက် ၃၁ ကနေ အသက် ၃၄ နှစ် အတွင်းမှာ ကိုယ်ဝန်ရနိုင်တဲ့ ရာခိုင်နှုန်းဟာ ၅၄ ရာခိုင်နှုန်းထိ လျော့ကျလာနိုင်ပြီး အသက် ၃၅ နှစ်ကျော်တဲ့ အမျိုးသမီးတေွမှာတော့ ၆၁ ရာခိုင်နှုန်းထိ လျော့ကျနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တေွဟာ အသက်ကြီးလာတာနဲ့အမှျ ကလေးပျက်ကျနိုင်တဲ့နှုန်း မြင့်တက်လာနိုင်ပါတယ်။ သုတေသနပညာရှင်ရှင်တေွရဲ့အဆိုအရ အသက် ၂ဝ ကနေ အသက်၂၄ နှစ် အတွင်းရှိတဲ့ မိခင်ရဲ့ ကလေးပျက်ကျနိုင်မှုနှုန်းဟာ ၈.၉ ရာခိုင်နှုန်းသာ ရှိပါတယ်။ အသက် ၄၅ နှစ်နဲ့ အထက်မှာဆိုရင်တော့ ကလေးပျက်ကျနိုင်တဲ့နှုန်းက ရ၄.ရ ရာခိုင်နှုန်းထိ ရှိလာနိုင်ပါတယ်။

Hchnh05akmh5uafxm95n

ကလေး အသေမေွးနိုင်တဲ့နှုန်းကတော့ အသက်ကြီးတဲ့ ကိုယ်ဝန်ဆောင်မိခင်တေွမှာ ပိုအဖြစ်များတတ်ပါတယ်။ ဒါအပြင် ကိုယ်ဝန်ဆောင်တဲ့အချိန် ဆီးချိုတက်ခြင်း၊ အချင်းကပ်ခြင်း၊ အချင်းရေှ့ရောက်ခြင်း၊ ကလေး အနေအထား မမှန်ခြင်း၊ ကလေးမေွးပြီးနောက် သေွးဆင်းခြင်း၊ နေ့မစေ့လမစေ့ဘဲ ကလေးမေွးခြင်း၊ ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးမေွးခြင်း၊ ကိုယ်အလေးချိန် အလွန်များတဲ့ ကလေးမေွးခြင်း စတဲ့ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမေွးစဉ်၊ မေွးပြီး ကြုံတေွ့ရနိုင်တဲ့ နောက်ဆက်တွဲ အခြေအနေတေွကိုလည်း အသက်ငယ်တဲ့ မိခင်တေွထက် ပိုပြီးတော့ ခံစားရနိုင်ပါတယ်။ ဒါကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရလို့ပဲဖြစ်ဖြစ်၊ မိမိရဲ့ အိပ်မက်တေွအတွက် ကြိုးစားနေရလို့ပဲဖြစ်ဖြစ်၊ ကလေးယူမယ်လို့ ကြိုတင် စဉ်းစားဆုံးဖြတ်ထားတယ်ဆိုရင်တော့ အသက် ၃၅ နှစ် မကျော်ခင် ကလေးယူလို်က်တာက မိခင်အတွက်ရော ကလေးအတွက်ပါ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်တဲ့အပြင် ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတေွှဖစ်နိုင်တာကိုလည်း ကောင်းကောင်း လေှျာ့ချသွားနိုင်မှာပဲ ဖြစ်ပါတယ်။

#MiGi

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.