
ပိုဖျားသွားမှာ စိုးလို့ပါ။ ဖျားနာနေတဲ့အချိန် နှာစေးခြင်း၊ ချောင်းဆိုးခြင်းနဲ့ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတေွ ခံစားရတာက တော်တော်ကို ခံရခက်စေပါတယ်။ ဒါအပြင် နေမကောင်းဖြစ်နေတဲ့ အချိန်မှာ မစားသင့်တဲ့ အစားအစာတေွကို မသိဘဲ ရုတ်တရက် စားလိုက်မိမယ်ဆိုရင် အခြေအနေတေွ ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ နေမကောင်း ဖြစ်ပြီး ဖျားနေတဲ့အခါ ဒီ အစားအစာ (၄) မျိုးကို ဝေးဝေးက ရေှာင်သင့်ပါတယ်။ ထိုအစားအစာ(၄)မျိုးကတော့

၁။ ပီကေ နဲ့ သကြားလုံး
----------------------------
နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ဆေးသကြားပါတဲ့ ပီကေနဲ့ အခြားသကြားလုံးတေွ စားမယ်ဆိုရင်တော့ လည်ပင်းနာပြီး အာသီးပါ ရောင်လာစေနိုင်ပါတယ်။ နောက်ပြီး ဒီလို သဘာဝအချိုဓာတ် မဟုတ်ဘဲ ဆေးသကြားပါတဲ့ အစားအစာတေွက ဝမ်းပျက် ဝမ်းလေှျာတာကိုလည်း ဖြစ်စေပါတယ်။

၂။ ချောကလက်
------------------
ဝမ်းချုပ်နေသူတေွကတော့ ချောကလက်ကို လုံးဝ ရေှာင်သင့်ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ နို့ထွက်ပစ္စည်းတေွက ဝမ်းလေှျာဝမ်းပျက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဝမ်းလည်း ပိုသွားစေနိုင်တာကြောင့် ချောကလက်ကို နေမကောင်းဖြစ်နေတဲ့အချိန်မှာ လုံးဝကို မစားသင့်တာပဲ ဖြစ်ပါတယ်။

၃။ ကော်ဖီ
---------------
နေမကောင်းဖြစ်နေတဲ့အချိန်မှာ ကော်ဖီ သောက်မယ်ဆိုရင်တော့ အဆိုးဆုံးကတော့ ခေါင်းမူးလာစေနိုင်တာပါပဲ။ နေမကောင်း ဖြစ်နေချိန်မှာဆိုရင် ကဖင်းဓာတ်က သင့်ကို ခေါင်းမူးခေါင်းနောက် ဖြစ်စေနိုင်ပါတယ်။ ဒါအပြင် အစာစားချင်စိတ်ကိုလည်း လျော့နည်းစေတာမို့ နေထိုင်မကောင်းဖြစ်နေပြီလို့ စတင်ခံစားရကတည်းက ကော်ဖီကို မသောက်ဘဲ ဝေးဝေးက ရေှာင်သင့်ပါတယ်။

၄။ အာလူးကြော်
--------------------
လည်ပင်း နာနေတဲ့ သူတေွကတော့ အာလူးကြော်နဲ့ အခြားအစေ့အဆန်တေွကို ဝေးဝေးက ရေှာင်သင့်ပါတယ်။ ဒီအကြော်တေွမှာ ပါဝင်တဲ့ အခြားအကြော်ခံမှုန့်တေွက သင့် လည်ပင်း ရောင်နေတာ၊ နာနေတာတေွကို ပိုမိုဆိုးရွားသွားစေနိုင်ပြီးတော့ မသန့်တဲ့ ဆီတေွက အာခေါင်မှာ ကပ်နေတာကြောင့် ချောင်းကို ပိုဆိုးလာစေနိုင်ပါတယ်။ ဒီလို အာခေါင် ကပ်လာပြီဆိုရင်တော့ ရေနေွးနေွးလေး တစ်ခွက်နဲ့ ပလုတ်ကျင်း ပေးခြင်းဖြင့် သက်သာအောင် ပြုလုပ်လို့ ရပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။
#Ref( ဒေါက်တာ မျိုးဝင်း - မစားသင့်သော အစားအစာများဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)