
နို့တိုက်မိခင်များကို နို့ထွက်နညး်နေရခြင်းနှင့်ပတ်သက်ပြီး ကျားလေးမှ မှျဝေပေးချင်တာလေးရှိပါတယ်။ မိခင်များကို နို့ထွက်နည်းစေနိုင်တဲ့ အကြောင်းအရင်းအများစုကတော့ ပြုပြင်လို့ရတဲ့ အကြောင်းရင်းလေးမျာဖြစ်ပါတယ်။ မေွးဖွားပြီးပြီးချင်း မိခင်နို့စတင်တိုက်ကျေွးချိန် နောက်ကျခြင်းကလည်း မိခင်ကိုနို့ထွက်နည်းစေပါတယ်။ နို့တိုက်ကျေွးချိန်နည်းခြင်း၊ ညဘက်နို့မတိုက်ခြင်း၊ နို့တိုက်ကျေွးချိန် တိုခြင်းတို့ကလည်း မိခင်နို့ထွက်နည်းစေတဲ့ အကြောင်းရင်းတေွပါပဲ။

ကလေးငယ်ကို နို့တိုက်စဉ်ကလေးငယ်ရဲ့ အနေအထားမမှန်ခြင်း၊ နို့ဘူးတွဲ၍ တိုက်ခြင်း၊ ချိူလိမ်ပေးထားခြင်း၊ အသက် ၆ လ မတိုင်ခင် အဖတ်ကျေွးခြင်းတို့ကလည်း မိခင်များ အနေနဲ့ သတိထားရမယ့်အချက်ကလေးများဖြစ်ပါတယ်။ မိခင်ကလည်း မိမိကိုယ်ကို နို့တိုက်နိုင်လိမ့်မည် ဆိုတဲ့ ယုံကြည်ချက်နည်းခြင်း၊ ပူပင်သောက ဖြစ်နေခြင်း၊ စိတ်ပင်ပန်းခြင်း၊ လူပင်ပန်းဖြစ်နေခြင်း နဲ့ နို့တိုက်လိုစိတ် မရှိခြင်းများကိုလည်း တတ်နိုင်သလောက် လေှျာ့ချရန်လိုပါတယ်။

သန္ဓေတားဆေး (အီစထရိုဂျင် ပါသောအမျိုးအစားအချို့ )သောက်သုံးခြင်းကလည်း မိခင်နို့ထွက်နည်းစေတဲ့ အတွက် အမျိုးအစားပြောင်းပြီးသောက်နိုင်ပါတယ်။ နောက်တစ်ကြိမ် ကိုယ်ဝန်ရှိလာခြင်းကိုလည်း ကိုယ်ဝန် မနီးအောင် သင့်လျော်သော တားဆေးလည်း မှီဝဲသင့်ပါသေးတယ်။ အပြင်းအထန်အာဟာချို့တဲ့ခြင်း မဖြစ်အောင်လည်း ဂရုပြုသင့်ပြီး ကလေးငယ်ကို နို့ချိုတိုက်ကျေွးနေရတဲ့ကာလမှာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းကို အထူးရေှာင်ရှားသင့်ပါတယ်။

အခြားအကြောင်းအရင်းများအနေနဲ့ မိခင်ရင်သားမဖွံ့ဖြိုးခြင်း၊ ကလေးမကျန်းမာခြင်း၊ ကလေးတွင် မေွးရာပါ ကိုယ်အင်္ဂါ ချို့ယွင်းမှု (အာခေါင်ကွဲ) ဖြစ်ခြင်းများဖြစ်ပြီး ပြုပြင်လို့ရနိုင်တဲ့ အခြေအနေ နည်းပါးပါတယ်။
#MiGi #KyarLay