
မိခင်တေွဟာ ကလေးတေွ ထမင်းကောင်းကောင်းမစားလို့ ဆိုပြိး ဆေးရုံကို လာပြကြပါတယ်။ မိခင်တိုင်း ကလေး ထမင်းမစားတဲ့ ပြဿနာကို ကြုံခဲ့ ဖူးမှာပါ။ ထမင်းကောင်းကောင်းမစားတဲ့ အရွယ်တေွက တစ်နှစ်ကျော်ကျော် တစ်နှစ်ခွဲအရွယ်တေွပဲ ဖြစ်ပါတယ်။ အရင်တုန်းက စားပါတယ် အခုမှ မစားတော့တာပါ လို့ မိခင်တေွက ပြောကြပါတယ်။

ကလေးငယ်ရဲ့ ကြီးထွားမှု အရှိန် နေှးကေွးသွားလို့ စားချင်စိတ်နည်းသွားတာ ကိုယ့်ကလေးက စိတ်ကြိုက်အစာကိုရေွးချင်လာတာ၊ ရေတိုက်တဲ့အခါ ရေခွက်ကိုကိုင်တာတေွ၊ ထမင်းကျေွးတဲ့အခါ ပန်းကန်ကို ကိုင်ထားချင်တာ၊ ဇွန်းကို ကိုယ့်ဘာသာ ကိုင်စားချင်တာဟာ ဒီအရွယ်မှာ အများးဆုံး ဖြစ်တတ်ပါတယ်။

မိခင်က ကလေးငယ်ကို အသက်တစ်နှစ်ခွဲအရွယ်လောက်မှာ နို့ဖြတ်လိုက်တဲ့ အတွက် စိတ်ထိခိုက်ပြီး အစာအစားနည်းသွားတတ်ပါတယ်။ ကလေးငယ် အစာစားနည်းတဲ့အခါ အာဟာရပြတ်မှာစိုးပြီး နို့ဖြတ်ထားရာက နို့ပြန်တိုက်တဲ့ မိခင်တေွ ရှိကြပါတယ်။

လေ့လာမှုေတေွအရ ကလေးကို အသက် (၂) နှစ်ကျော်အထိ မိခင်နို့တိုက်တာကို ထောက်ခံထားကြပါတယ်။ ကလေးအသက် (၂) နှစ် အထိပြန်တိုက်မယ်ဆိုရင်လည်း ကောင်းပါတယ်။ အမေနို့ကို ဇိမ်ခံစုပ် နေရတာ ကို သဘောကျပြီး ထမင်းကောင်းကောင်း မစားတဲ့ ကလေးတေွရှိပါတယ်။ ဒီလို ကလေးတေွဟာ နို့ဖြတ်ပြီး ရက်အနည်းငယ်ကြာတဲ့ အခါ ထမင်းပိုစားလာပါတယ်။
#MiGi #KyarLay