ကလေးငယ်များ အစာစကျေွးစတွင် ထေွးထုတ်တတ်ပါသည်။ ၄င်းမှာ ကလေးငယ်၏ လှျာသည် အပြင်ကို တွန်းထုတ်သည့် တုံ့ပြန်မှုကြောင့် အစာများသည် ပါးစပ် အပြင်ဘက်ကို ပြန်ထွက်လာခြင်း ဖြစ်သည်။ ၄င်းတုံ့ပြန်မှုသည် ခဏသာဖြစ်သည်။ အမြဲ မဖြစ်ပါ။ ထို့ကြောင့် ကလေးကို အစာစကျေွးချိန် အန်ထုတ်၊ ထေွးထုတ်လှျင် စိတ်ရှည်လက်ရှည်နှ်င့် ပြန်ကျေွးပါ။ အစာကို လှျာ၏ အလယ်နားထိရောက်အောင် ထည့်ကျေွးရမည်။ လှျာဖျားပေါ် တင်ကျေွးလှျင် တုံ့ပြန်မှု ပိုများ၍ အစာများ ပြန်ထွက်ဖို့ ပိုများသည်။ လှျာအလယ်တွင် အစာထားက အပြင်ပြန်ထုတ်ရန် ခက်ခဲ၍ မျိုချဖြစ်၏။ ကလေးငယ်ကို အစားအစာကို စိတ်ရှည်စွာ ခဏခဏကျေွးပေးပါ။
Ref : မေ့ရင်သေွးမဂ္ဂဇင်း