စျေး မီဒီယာ
အခြား

လူတေွတော်တော်များများ သိပ်မသိသေးတဲ့ ထောပတ်သီးရဲ့ဆိုးကျိုးများ

Posted by Zaw Lin Aung February 6, 2020
I5xqrtazathsucvwwdmv

ထောပတ်သီးက လူတေွ ပြောသလို အလှအပ ၊ အသားအရည်နဲ့ ကျန်းမာရေးအတွက် အသုံးဝင်တဲ့အသီးအနှံဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ထောပတ်သီးတေွ အများကြီးစားမိတဲ့အခါ ဒီလိုဆိုးကျူ ိးတေွလည်း အများကြီး ဖြစ်စေနိုင်ပါတယ်တဲ့။ ကောင်းကျိုးတေွကို သိပြီးပြီဆိုရင်တော့ ဘယ်လိုဆိုးကျိုးတေွ ဖြစ်နိုင်သလဲဆိုတာကို ကျန်းမာရေး ဗဟုသုတအနေနဲ့ ကောင်းကောင်း သိထားသင့်ပါတယ်။

Xfal1ycedbbgzcunoqus

၁။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ရင်သေွးငယ် နို့တိုက်ကျေှးချိန်မှာ မစားသင့်ပါဘူးတဲ့
------------------------------------------------------------------------------------

ထောပတ်သီးကို ကိုယ်ဝန်ဆောင်တဲ့အချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ မစားသင့်ပါဘူး။ တကယ်လို့ ထောပတ်သီးကို စားလိုက်မယ်ဆိုရင် မိခင်နို့ရည်ထုတ်လုပ်မှုကို လျေှာ့ချတဲ့အပြင် နို့ရည်ထုတ်ရော mammary gland ကိုလည်း ပျက်စီးစေတဲ့အထိ ဖြစ်စေပါတယ်။ ဒါအပြင် ဒါဟာ ကလေးရဲ့အစာအိမ်အတွက်လည်း မကောင်းစေဘူးလို့ သိရပါတယ်။

Cdhsyq9bd1pct0oflgsh

၂။ Hypersensitivity ဖြစ်တတ်တဲ့သူတေွ မစားသင့်ပါ
--------------------------------------------------------

ခဏခဏAllergic ဖြစ်တတ်တဲ့သူ ၊ အသားအရည်နီမြန်းယားယံတတ်တဲ့ သူတေွထောပတ်သီးကိုမစားသင့်ပါဘူး။ တကယ်လို့ စားမယ်ဆိုရင်တော့ အရေပြားရောဂါ ဖြစ်တာ ၊ အော့အန်တာမျူ ိးတေွ ဖြစ်တတ်ပါတယ်။

A4k8tygccl9r5yuyirml

၃။ Allergy ဖြစ်စေတယ်
-----------------------------

ထောပတ်သီးဟာ အသားအရည်ကို ယားယံစေတယ်။ နီမြန်းစေတယ် စတဲ့ အရေပြားပြဿနာတေွ ဖြစ်ပွားစေနိုင်တဲ့ဓာတ်တေွ ပါ၀င်နေပါတယ်။ ဒါကြောင့် ကိုယ်က အရမ်းကြိုက်တယ်ဆိုရင်တောင် အများကြီးမစားသင့်ပါဘူး။ ပါးစပ်အာသာပြေရုံလောက်ပဲ စားပေးသင့်ပါတယ်။

Ee4atuez5lcjjjmeiyza

၄။ ကိုယ်ခံအားနည်းတတ်တဲ့ သူတေွ ထောပတ်သီးကို မစားသင့်ပါ
------------------------------------------------------------------------

ကိုယ်က ထောပတ်သီးစားတိုင်း ယားယံတယ်။ အော့အန်ချင်သလို ဖြစ်မယ် ၊ နောက်ထပ် ခေါင်းကိုက်တယ်ဆိုရင်တော့ ထပ်ပြီး မစားသင့်တော့ပါဘူး။ထောပတ်သီးစားတဲ့ သူတေွအများစုဟာ …အအေးမိတုပ်ကေွး၊အော့အန်တာ ၊ ဖျားနာတာ ၊ အမြဲတမ်း အိပ်ချင်နေခြင်း၊ ပန်းနာဖြစ်ခြင်းစတဲ့ …ဝေဒနာတေွကို ကောင်းကောင်း ခံစားရကြောင်း လေ့လာတေွ့ရှိထားရပါတယ်။

Zcqemxonutjug8mwa30g

၅။ အသည်းကို ပျက်စီးစေတယ်
-------------------------------------

ထောပတ်သီး အလွန်အကျှံစားတဲ့အခါ ဆိုးဆိုးဝါးဝါး ထိခိုက်စေတဲ့အရာတစ်ခုကတော့ အသည်းကို ထိခိုက်တာပါပဲ။ထောပတ်သီးဆီဟာ အသည်းကို တိုက်ရိုက်ထိခိုက်စေတယ်လို့ သိရပြီး အထူးသဖြင့် estragole နဲ့anethole ပါ၀င်တဲ့မက်စီကန်ထောပတ်သီးတေွကိုမစားသင့်ပါဘူး။ အဲဒါတေွဟာ အသည်းကို ပိုပြီးတော့ ပျက်စီးစေပါတယ်။ ဒါကြောင့် အသည်းနဲ့ပတ်သက်တဲ့ ရောဂါတစ်ခုခုရှိရင်ထောပတ်သီးအဆီကြောင့် အသည်းပျက်စီးမှု မဖြစ်ရအောင် ထောပတ်သီးစားတာကိုဝေးဝေးက ရေှာင်သင့်ပါတယ်။

Pskq11qc5ilryeq1npiw

၆။ ကိုလက်စထရောကို လျေှာ့ချပေးပါတယ်
----------------------------------------------

ကိုလက်စထရောကို လျေှာ့ချပေးတာက ကောင်းမွန်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ထောပတ်သီး အများကြီးစားတဲ့အခါ လိုအပ်တာထက်ပိုပြီးတော့ ကိုလက်စထရောကိုလျေ့ာကျစေပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကိုလက်စထရောကိုပါ စုပ်ယူပစ်လိုက်တဲ့အခါ အဲဒါက ကိုယ့်အတွက်ဘေးထွက်ဆိုးကျူ ိးတစ်ခု ဖြစ်လာစေပါတယ်။ ဒါကြောင့် ထောပတ်သီးကို ကြိုက်တယ်ဆိုတိုင်းလည်း အများကြီးမစားသင့်ပါဘူး။ အဆာပြေရုံအနေအထားလောက ်စားပေးတာက ကျန်းမာရေးအတွက် ပိုပြီးတော့ သင့်တော်ပါတယ်။
#Ref( ဒေါက်တာ ကျော်စိုး - ထောပတ်သီးနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.