စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ဖုန်းကြည့်ပြီးရင် ကလေးများကို မျက်စေ့မထိခိုက်အောင် ဘယ်လိုလုပ်ပေးရမလဲ

Posted by Kyaw Lin Han February 5, 2020
K9ujacncjsalreabhefb

နည်းပညာတေွ တိုးတတ်လာနှင့်အမှျ ယခုအခါ ဖုန်းကိုင်သူများ ပေါများလာပြီး မိခင်တေွအချို့ကပါ ကလေးကို ချော့လှျင်ဖုန်းနှင့် ချော့လေ့ရှိပါသည်။ ကလေးဆိုသော သဘာဝဟာ ဖုန်းထဲမှာ ကလးများအတွက်က ထူးဆန်းစရာ၊ လေ့လာစရာတေွကြောင့် ကလေးများကလည်း ဖုနး်မြင်လှျင် အရုပ်လေးတေွ ကြည့်ချင် ကိုင်ချင်တဲ့ စိတ်ကြောင့် ကလေးများဟာ ဖုန်းကို စွဲနေပါတယ်။ မျက်စိကျန်းမာရေး သည်လည်း အရေးကြီးပါတယ်။ မျက်စိထိခိုက်ပျက်စီးပြီးတော့ မျက်မမြင်ဖြစ်ပြီး ဘဝကို ကုန်ဆုံးသွားရနိုင်ပါတယ်။

S6zbxscbgt1wrg4wxlev

ကာတွန်းကားတေွပေးကြည့်၊ ဂိမ်း (Game) ပေးဆော့ကြတာကြောင့် မျက်စေ့ အာရုံပျက်စီးပြီး မျက်စေ့မှိတ်တုတ်ဖြစ်ခြင်း၊ အကြောဆွဲခြင်း၊ မျက်မှန် အစောကြီးတပ်ရခြင်းတို့ ဖြစ်တတ်သောကြောင့် ကလေးငယ်များကို ဖုန်း ပေးမကိုင်သင့်၊ ဖုန်းနှင့် မချော့သင့်ပါဘူး။

N2n8y7tek9d95ilvtmw9

တကယ်၍ ကလေးက မျက်စေ့ယားလှျင် ညစ်ပေသောလက်ဖြင့် မပွတ်သင့်ကြောင်းကို မိခင်တေွက ပြောပြသင်ပေးရမည်။ သန့်ရှင်းသော တစ်ခါသုံး စက္ကူ (Tissue) သို့မဟုတ် သန့်ရှင်းသော အဝတ်စနှင့် သုတ်သင်ပေးရမည်။ ၄င်းအဝတ်ကို နေရာတကာ မချထားသင့် ညစ်ပေသော နေရာတင်မိလှျင် နောက်တစ်ကြိမ် မျက်စေ့သုတ်က သုတ်က မျက်စေ့ထဲ ပိုးဝင်တတ်သည်။ တစ်သှျူးသုံးပေးပါက ပိုကောင်း၏ တစ်ခါသုံးပြီး တစ်ခါ ပစ်လိုက်ပါ။ မျက်စေ့ယောင်လှျင်၊ မျက်စေ့နာလှျင် တတ်ကျွမ်းသော မျက်စေ့ဆရာဝန်နှင့်ပြပြီးမှ မျက်စဉ်းခက် သင့်ပါသည်။ ဆေးမြီးတိုများ မသုံးသင့်ပါ။ မျက်စေ့ အမြင်အာရုံ ဆုံးရှုံးသွားရနိုင်ပါတယ်။

Zhk2bmcajqpdnnnqzzhc

ဒါကြောင့် ကလေးတေွကို မျက်စေ့ကျန်းမာရန် စာဖတ်လှျင် အလင်းရောင် ကောင်းကောင်း နှင့် စာဖတ်ရန် အနီးဆုံး (၁)ပေ အကွာတွင် ထားဖတ်ရန် သင်ပေးသင့်ပါတယ်။ ဖုန်းနှင့် ကစားလှျင် ၁၅ မိနစ်ထက် ပို မကြည့်ရန်လည်း ဆုံးမထားသင့်ပါတယ်။ အဝေးကို မျက်စေ့အနားပေးသည့် အနေဖြင့် ၁၀ မိနစ် တခါ အဝေးကို ကြည့်ခိုင်းပေးပါ။ မျက်စေ့ အနားပေးသော အနေဖြင့် ကလေးများကို စိမ်းလန်းနေသော အရာများကို ကြည့်ပေးခိုင်းပါ။ မျက်စေ့ကျန်းမာရန် အဝါရောင် အသီးအနှံများ စားပေးသင့်သည်။ ဥပမာ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ မုန်လာဥနီှ၊ ဗီတာမင်အေ ဆေးလုံးတို့ ကျေွးပေးရပါမည်။

#MiGi #Kyarlay

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.