ကိုယ်ဝန်ဆောင်တုန်းမှာ နို့ထွက်နေတဲ့အချိန် မညှစ်ရင် ကောင်းတာပေ့ါ။ ဒါပေမဲ့ တချို့အမေတေွက ဘယ်လိုထင်လဲဆိုတော့ ဒီနို့တေွ များများထွက်နေရင် ကလေးမေွးပြီးရင်လည်း များများထွက်နေမယ်ပေါ့။ ဒီတော့ နို့တေွကို မျျားများညှစ်ထားရင် ကောင်းမယ်ပေ့ါ။ အဲဒီလို တေွးတတ်ကြပါတယ်။ ဒီလိုနို့ရည်တေွ ထွက်တဲ့အခါ ဘယ်လိုအခါမျိုးက ညှစ်ပြီး သိမ်းထားတာက ကောင်းတတ်သလဲဆိုတော့ ဆီးချိုရောဂါရှိနေတဲ့ မိခင်တေွအနေနဲ့ကျတော့ ကလေးက မေွးလာချင်းချင်းမှာ သေွးထဲက အချိုဓာတ်နည်းတတ်ပါတယ်။
မေွးခန်းထဲက ထွက်လာချင်းချင်းမှာ ကလေးကို နို့တိုက်ရပါတယ်။ အခုလို ဆီးချိုကလေးလေးတေွက နို့ဦးရည်နဲ့ မဝတတ်တဲ့အတွက်ကြောင့် သူတို့ကိုကျတော့ မိခင်က ကိုယ်ဝန်ဆောင်စဉ်မှာကတည်းက အခုလိုတေွ ထွက်ခဲ့တယ်ဆိုရင်ကို ညှစ်ပြီးတော့ သေသေချာချာ သိမ်းထားပြီး သူ့ရဲ့နို့ကိုပဲ တိုက်လို့ ရတာပေါ့။ မထွက်တဲ့သူတေွလည်း ရှိရင်ရှိမှာပေါ့။ မထွက်ထွက်အောင်တော့ လုပ်ယူစရာမလိုပါဘူး။ နို့တေွထွက်နေခဲ့ရင် ဒီလိုဆီးချိုကလေးတေွအတွက်တော့ သိမ်းထားနိုင်တယ်လို့ ပြောပြတာပါ။
Ref : မေ့ရင်သေွး မဂ္ဂဇင်း ( ပါမောက္ခဒေါက်တာသင်းသင်းအောင် နှင့် အင်တာဗျူးမှ ကောက်နုတ်ဖော်ပြသည်။ )