
လူကြီးတေွ တော်တော်များများက ထမင်းစားပြီးတဲ့အချိန်ဆိုရင် ငါးကြီးဆီ ဆေးလုံးလေးတေွ သောက်လေ့ရှိတာကို မြင်ဖူးကြမှာပါ။ ငါးကြီးဆီဆိုတာ ဦးနေှာက်ဉာဏ်ရည်အတွက်သာမက အမြင်အာရုံ နဲ့ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျှမ်းကျင်ပညာရှင်တေွ၊ ဆရာဝန်တေွ ကိုယ်တိုင်ကပါ ငါးကြီးဆီဆေးလုံးတေွကို အသက်အရွယ်မရေွး သောက်သင့်တယ်လို့ ညွှန်ပေးထားကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ လူတေွ မသိသေးတဲ့ ငါးကြီးဆီက ပေးတဲ့ ကောင်းကျိုးလေးတေွကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။ ထိုကျေးဇူးတေွကတော့

၁။ ငါးကြီးဆီမှာ အိုမီဂါ – ၃ အဆီအနှစ်တေွပါလို့ နှလုံးကို ကောင်းကောင်း ကျန်းမာစေတယ်။ ကိုယ်ခန္ဓာက ထုတ်လုပ်ပေးနိုင်ခြင်း မရှိတဲ့အတွက် နေ့စဉ်စားနေတဲ့ အစာအာဟာရနဲ့ ဖြည့်စွက်စာအားဆေးတေွမှာ အိုမီဂါ – ၃ အဆီအနှစ်တေွ မဖြစ်မနေ ပါဝင်ဖို့အတွက် လိုပါတယ်။
၂။ ကိုယ်ခန္ဓာအတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အဖြစ် ဗီတာမင် အေ ပါဝင်လို့ မျက်စိအမြင်အာရုံကိုလည်း ကောင်းစေတယ်။ မျက်စိအားနည်းတဲ့သူတေွ၊ မျက်စိမှုန်တဲ့သူတေွ၊ ကွန်ပျူတာရေှ့မှာ တစ်နေကုန် ထိုင်ပြီးတော့ အလုပ်လုပ်နေရတဲ့သူတေွအတွက် များစွာ အကျိုးရှိစေပါတယ်။
၃။ အရိုးကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်စေတဲ့ ဗီတာမင် ဒီ ဓာတ်တေွ ကြွယ်ဝလို့ အရိုးအဆစ်တေွ သန်စွမ်းစေတယ်။ ဒါအပြင် ငါးကြီးဆီဟာ အသက်ကြီးလာတဲ့အခါမှာ ဖြစ်တတ်တဲ့ အရိုးပါးရောဂါတေွကိုလည်း ကာကွယ်ပေးနိုင်သလို တစ်ခြားရောဂါတေွ အလွယ်တကူဖြစ်မလာစေဖို့အတွက်လည်း ကူညီတိုက်ထုတ်ပေးနိုင်ပါတယ်။
၄။ ဦးနေှာက်ဖွံ့ဖြိုးစေပြီးတော့ ဉာဏ်ရည်ထက်မြက်စေတဲ့ EPA နဲ့ DHA ပါဝင်လို့ ကျောင်းနေအရွယ်တေွ၊ လူငယ် လူကြီးမရေွး သောက်သုံးပေးသင့်ပါတယ်။ ဒါအပြင် ငါးကြီးဆီဟာ မှတ်ဉာဏ်ကောင်းစေပြီးတော့ မကြာခဏ သတိ မမေ့စေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

ဒါဆို ငါးကြီးဆီကို တစ်နေ့ ဘယ်နှစ်လုံးလောက် သောက်သင့်လဲ
----------------------------------------------------------------------
လူတစ်ယောက်အတွက် တစ်နေ့လှျင် EPA နဲ့ DHA ပမာဏ 250-500 mg လိုအပ်ပါတယ်။ ဒါကြောင့် ဆေးမဝယ်ခင်မှာ ပါဝင်ပစ္စည်းနဲ့ အညွှန်းကို သေချာဖတ်ကြည့်ပါ။ 1000 mg အား ပါဝင်တဲ့ ငါးကြီးဆီ ဆေးလုံးတစ်လုံးမှာ EPA နဲ့ DHA ပေါင်းစပ်ပါဝင်မှုဟာ 300 mg ပါရှိပါတယ်။ ဆေးအညွှန်း တိတိကျကျ မရှိပေမဲ့ တစ်နေ့ကို ငါးကြီးဆီ ဆေးလုံးတစ်လုံး ထမင်းစားပြီးရင် သောက်ပေးတာက အကောင်းဆုံးပါပဲ။ အကယ်လို့ ကိုယ်က ငါးတေွ၊ ပင်လယ်စာတေွ မစားဘူးဆိုရင်တော့ ပမာဏ များများ သောက်ပေးဖို့လည်း လိုပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ပြသနေကျ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးတော့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးဘယ်လောက် သောက်ဖို့၊ ဘယ်အာဟာရဓာတ်တေွကို မရှိမဖြစ်လိုအပ်လဲဆိုတာကို အရင်ဆုံး တိုင်ပင်သင့်ပါတယ်။

ငါးကြီးဆီကို ဘယ်အစားအစာကနေ ရနိုင်သေးလဲ
----------------------------------------------------
ကျန်းမာရေးအတွက် အထူးကောင်းတဲ့ အိုမီဂါ – ၃ အဆီအနှစ်ကို အဆီများတဲ့ ငါးနဲ့ ပင်လယ်စာတေွကနေ အများဆုံး ရရှိနိုင်ပြီးတော့ ပဲပိစပ်ဆီ၊ အခွံမာသီး၊ အစေ့အဆန်တေွကနေလည်း ရနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း အဆီများတဲ့ ငါးတေွကို နေ့တိုင်း မစားပေးနိုင်ရင်တောင် တစ်ပတ်ကို ၂ကြိမ်လောက် စားပေးဖို့အတွက် အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်ရော ဘယ်လိုကောင်းကျိုးတေွရှိလဲ
------------------------------------------------------------------------------
ကိုယ်ဝန်ဆောင်မိခင်နှင့် ဗိုက်ထဲက သန္ဓေသားရဲ့ ဦးနေှာက်ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် EPA နဲ့ DHA ဓာတ်တေွ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ငါးကြီးဆီကို ပြည့်ဝစွာ စားသုံးပေးခြင်းက မီးဖွားပြီးနောက်ပိုင်း ကလေးအတွက်လည်း အကျိုးကျေးဇူးတေွ များစွာ ရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့ တစ်နေ့ကို EPA နဲ့ DHA ပေါင်းစပ်ပမာဏ 300 mg ခန့် စားပေးဖို့ လိုအပ်ပါတယ်။ ဒါအပြင်ဖြည့်စွက်စွာ အားဆေးတေွထဲမှာ လူတေွရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ငါးကြီးဆီကို တစ်နေ့ တစ်လုံးခန့် ပုံမှန်သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါကြောင့် သူ့မှာ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက်သာမက ဦးနေှာက်ဉာဏ်ရည်ကိုလည်း ထက်မြက်စေနိုင်တဲ့ ဓာတ်တေွ အများအပြား ပါဝင်လို့ အသက်အရွယ်မရေွး သောက်ပေးသင့်တဲ့ အားဆေးလို့ ဆိုနိုင်ပါတယ်။ အားလုံးပဲ ကျန်းမာလန်းဆန်းကြပါစေ။
#Ref( ဟယ်လို - ငါးကြီးဆီနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)