
ကိုယ်ဝန်ဆောင်နေစဉ် အလုပ်တစ်ဖက်နဲ့ မိခင်များ အဆင်ပြေစေရန်အတွက် နည်းလမ်းလေးများကို ဖော်ပြပေးလိုက်ရပါတယ်။ ကိုုယ်ဝန်ဆောင်မိခင်များ အနေနဲ့အလုပ်သွားတဲ့ အခါမုန့်ပဲသရေစာများကို လုံလုံလောက်လောက် ထည့်သွားသင့်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်နေစဉ် အချိန်မှာ မကြာခဏ ဗိုက်ဆာတတ်လို့့ပါ။ရေဓာတ် လုံလောက်စေရန်အတွက် ရေလည်း မကြာခဏ သောက်ပေးသင့်ပြီး အသီးဖျော်ရည်များလည်း သောက်ပေးနိုင်ပါသေးတယ်။

အလုပ်ထဲမှာ တနေကုန်ထိုင်ပြီး တကုပ်ကုပ်လုပ်ခြင်းကိုလည်း ရေှာင်ရှားသင့်ပြီး ထိုင်တဲ့ ပုံစံကိုလည်း မိနစ်အနည်းငယ်ကြာ တစ်ခါပြောင်းလဲပေးသင့်ပါတယ်။အထိုင်များသော ကိုုယ်ဝန်ဆောင်မိခင်များအနေနဲ့လည်း ရုံးမှာ မကြာခဏ လမ်းလေှျာက်ပေးသင့်ပြီး ကိုယ်ဝန်ဆောင် ယောဂလေ့ကျင့်ခန်းများလည်း တတ်နိုင်သလောက်လုပ်ပေးသင့်ပါတယ်။ မီးဖွားချိန်မှာ အဆင်ပြေရန်အတွက် မီးဖွားခွင့်ကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

အလုပ်များလွန်းသောကြောင့် ကိုုယ်ဝန်အပ်ခြင်းနဲ့ မီးမဖွားခင် ကိုယ်ဝန်ပြခြင်းများကိုလည်း မပျက်ကွက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်အားဆေးကိုလည်း မပျက်မကွက် သောက်သုံးသင့်ပြီး အလုပ်များသောကြောင့် လွတ်သွားတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အလုပ်ခွင်အတွင်း စိတ်ဖိစီးမှုများခြင်းကိုလည်း အတတ်နိုင်ဆုံး လေှျာ့ချသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ် ပေါ့ပါးပြီး သက်သောင့်သက်သာရှိတဲ့ အဝတ်အစားများကိုသာ ဝတ်ဆင်သင့်ပါတယ်။ အချို့ သောလုပ်ငန်းများဟာ ဓာတုပစ္စည်း တေွနဲ့ ထိတေွ့ရသော လုပ်ငန်းများဖြစ်တာကြောင့် ထိုလုပ်ငန်းမျိုးကို လုပ်ကိုင်နေသောသူများ ိအနေနဲ့ ဓာတုပစ္စည်းများနှင့်ထိမိခြင်း မရှိအောင်လည်း ရေှာင်ရှားရမှာဖြစ်ပါတယ်။
#MiGi