Kyarlay.com

almost 2 years

သံုးလခံ သားဆက္ျခားထိုးေဆးအေၾကာင္း သိေကာင္းစရာ


Wl45ia5gsapbv1drixlu

ေမေမတို႕ေရ သားသားမီးမီးေလးေတြနဲ႕ မိသားစုဘ၀ေပ်ာ္ရႊင္စရာေကာင္းတာအမွန္ပါပဲေနာ္။ ဒါေပမယ့္လည္း သားသမီးအရမ္းနီးလြန္းတဲ့အခါမွာ ေမေမ၊ ေဖေဖတို႕ရဲ႕ ေပ်ာ္ရႊင္စရာမိသားစုဘ၀ေလးကို ထိခိုက္တတ္တာမ်ဳိးလည္း ျဖစ္ေပၚတတ္ပါတယ္။ စီးပြားေရးအရ၊ လူမႈေရးအရေရာ၊ မိသားစုရဲ႕ေပ်ာ္ရႊင္မႈကိုပါ ထိခိုက္လာႏိုင္တာမ်ဳိးေတြရွိတတ္လို႕ ေဖေဖ၊ ေမေမတို႕က သားဆက္ျခားက်န္းမာေရးကို ဂရုစိုက္ဖို႕လိုအပ္ပါေသးတယ္ေနာ္။ အဲ့ဒါေၾကာင့္လည္းသားဆက္ျခားနည္းလမ္းေတြထဲကမွ သံုးလခံသားဆက္ျခားထိုးေဆးေလးအေၾကာင္းကို က်ားေလးကေန မွ်ေ၀ေပးခ်င္ပါတယ္ေနာ္။

(သုံးလခံ သားဆက်ခြားထိုးဆေးအကြောင်း သိကောင်းစရာ

မေမေတို့ရေ သားသားမီးမီးလေးတွေနဲ့ မိသားစုဘဝပျော်ရွှင်စရာကောင်းတာအမှန်ပါပဲနော်။ ဒါပေမယ့်လည်း သားသမီးအရမ်းနီးလွန်းတဲ့အခါမှာ မေမေ၊ ဖေဖေတို့ရဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ထိခိုက်တတ်တာမျိုးလည်း ဖြစ်ပေါ်တတ်ပါတယ်။ စီးပွားရေးအရ၊ လူမှုရေးအရရော၊ မိသားစုရဲ့ပျော်ရွှင်မှုကိုပါ ထိခိုက်လာနိုင်တာမျိုးတွေရှိတတ်လို့ ဖေဖေ၊ မေမေတို့က သားဆက်ခြားကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်ပါသေးတယ်နော်။ အဲ့ဒါကြောင့်လည်းသားဆက်ခြားနည်းလမ်းတွေထဲကမှ သုံးလခံသားဆက်ခြားထိုးဆေးလေးအကြောင်းကို ကျားလေးကနေ မျှဝေပေးချင်ပါတယ်နော်။)

 


Tiwqhntqpfnoaguodysn

ေမေမတို႕ေရ သားဆက္ျခားေဆးေတြမွာေတာ့ သူ႕ရဲ႕အက်ဳိးသက္ေရာက္မႈေလးေတြေတာ့ရွိတတ္ပါတယ္ေနာ္။ မူးေမာ္တာမ်ဳိး၊ ရာသီမေပၚဘဲထိန္သြားတာမ်ဳိး၊ ရာသီတစ္စက္စက္နဲ႕ေန႕တိုင္းလာေနတာမ်ဳိးေတြေပါ့။ ေနာက္ၿပီးဒီသံုးလခံသားဆက္ျခားေဆးကေတာ့ ေမေမတို႕ရဲ႕ကိုယ္အေလးခ်ိန္ကို တိုးလာႏိုင္ပါတယ္္ေနာ္။ အဲ့ဒါေၾကာင့္ အရမ္း၀တဲ့ေမေမေတြ၊ အသည္းေရာင္အသား၀ါေရာဂါရွိသူေတြ၊ ရင္သားကင္ဆာအပါအ၀င္ ကင္ဆာေရာဂါရွိသူေတြ၊ ကေလးေျခာက္ပတ္ေအာက္ႏို႕တိုက္မိခင္ေတြ၊ ကိုယ္၀န္ရွိေနတယ္လို႕ သံသသယရွိေနတဲ့သူေတြ၊ ပံုမွန္မဟုတ္ဘဲေသြးဆင္းသူေတြ၊ အျခားေရာဂါေတြရွိလို႕ ဆရာ၀န္က တားျမစ္ထားတဲ့သူေတြေတာ့ မေသာက္သင့္ပါဘူးေနာ္။ ေဆးထိုးၿပီးခ်ိန္မွာ ပံုမွန္မဟုတ္တဲ့ ေ၀ဒနာေတြကို အလြန္အမင္းခံစားရၿပီဆိုရင္ေတာ့ ေမေမတို႕က ဆရာ၀န္နဲ႕ျပသသင့္ပါတယ္ေနာ္။

(မေမေတို့ရေ သားဆက်ခြားဆေးတွေမှာတော့ သူ့ရဲ့အကျိုးသက်ရောက်မှုလေးတွေတော့ရှိတတ်ပါတယ်နော်။ မူးမော်တာမျိုး၊ ရာသီမပေါ်ဘဲထိန်သွားတာမျိုး၊ ရာသီတစ်စက်စက်နဲ့နေ့တိုင်းလာနေတာမျိုးတွေပေါ့။ နောက်ပြီးဒီသုံးလခံသားဆက်ခြားဆေးကတော့ မေမေတို့ရဲ့ကိုယ်အလေးချိန်ကို တိုးလာနိုင်ပါတယ်နော်။ အဲ့ဒါကြောင့် အရမ်းဝတဲ့မေမေတွေ၊ အသည်းရောင်အသားဝါရောဂါရှိသူတွေ၊ ရင်သားကင်ဆာအပါအဝင် ကင်ဆာရောဂါရှိသူတွေ၊ ကလေးခြောက်ပတ်အောက်နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ရှိနေတယ်လို့ သံသသယရှိနေတဲ့သူတွေ၊ ပုံမှန်မဟုတ်ဘဲသွေးဆင်းသူတွေ၊ အခြားရောဂါတွေရှိလို့ ဆရာဝန်က တားမြစ်ထားတဲ့သူတွေတော့ မသောက်သင့်ပါဘူးနော်။ ဆေးထိုးပြီးချိန်မှာ ပုံမှန်မဟုတ်တဲ့ ဝေဒနာတွေကို အလွန်အမင်းခံစားရပြီဆိုရင်တော့ မေမေတို့က ဆရာဝန်နဲ့ပြသသင့်ပါတယ်နော်။)


Qkldypbhapgjninyrplg

ေမေမတို႕ေရ အရာရာတိုင္းမွာ အားသာခ်က္၊ အားနည္းခ်က္ေတြဆိုတာေတာ့ ရွိစၿမဲပဲမဟုတ္လား။ အဲ့ဒါေၾကာင့္ဒီသံုးလခံသားဆက္ျခားေဆးမွာအားနည္းခ်က္ေတြရွိသူလို ေမေမတို႕အတြက္ သံုးလမွတစ္ခါထိုးရတာျဖစ္လို႕ အလုပ္ရႈပ္သက္သာတာ၊ ေန႕စဥ္သတိထားၿပီး ေဆးေသာက္ေနဖို႕မလိုေတာ့တာ၊ ႏို႕ထြက္မထိခိုက္တာေတြေၾကာင့္လည္း ေမေမတို႕အတြက္ အဆင္ေျပေစႏိုင္မွာပါ။ ေမေမတို႕အားလံုးက ေဆးမထိုးမီမွာေတာ့ ဆရာ၀န္နဲ႕တိုင္ပင္ၿပီး ကိုယ့္မွာရွိတဲ့ ေရာဂါလကၡဏာေတြကို ေသခ်ာရွင္းလင္းေျပာၾကားၿပီးမွသာ ဆရာ၀န္လမ္းညႊန္ခ်က္နဲ႕ ေဆးထိုး၊ ေဆးေသာက္သင့္ပါတယ္ေနာ္။ က်န္းမာေပ်ာ္ရႊင္တဲ့ မိသားစုဘ၀ေလးကို ပိုင္ဆိုင္ႏိုင္ၾကေစဖို႕အတြက္ က်ားေလးက ဆုမြန္ေျခြအပ္ပါတယ္။

မိခင္နဲ႕ရင္ေသြးတိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

(မေမေတို့ရေ အရာရာတိုင်းမှာ အားသာချက်၊ အားနည်းချက်တွေဆိုတာတော့ ရှိစမြဲပဲမဟုတ်လား။ အဲ့ဒါကြောင့်ဒီသုံးလခံသားဆက်ခြားဆေးမှာအားနည်းချက်တွေရှိသူလို မေမေတို့အတွက် သုံးလမှတစ်ခါထိုးရတာဖြစ်လို့ အလုပ်ရှုပ်သက်သာတာ၊ နေ့စဉ်သတိထားပြီး ဆေးသောက်နေဖို့မလိုတော့တာ၊ နို့ထွက်မထိခိုက်တာတွေကြောင့်လည်း မေမေတို့အတွက် အဆင်ပြေစေနိုင်မှာပါ။ မေမေတို့အားလုံးက ဆေးမထိုးမီမှာတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ့်မှာရှိတဲ့ ရောဂါလက္ခဏာတွေကို သေချာရှင်းလင်းပြောကြားပြီးမှသာ ဆရာဝန်လမ်းညွှန်ချက်နဲ့ ဆေးထိုး၊ ဆေးသောက်သင့်ပါတယ်နော်။ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြစေဖို့အတွက် ကျားလေးက ဆုမွန်ခြွေအပ်ပါတယ်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး))