
ပထမ ပျက်သွားတဲ့ ကိုယ်ဝန်က ဘာကြောင့်ပျက်ရတယ် ဆိုတာက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ၅၀ ရာခိုင်နှုန်းက မျိုးရိုးဗီဇချို့ယွင်းချက်တေွကြောင့် ပျက်ရတာ ရှိပါတယ်။ မျိုးရိုးဗီဇချို့ယွင်းချက်တေွကြောင့် ဆိုရင် မိဘနှစ်ဦးရဲ့ ချို့ယွင်းချက် ရှိမရှိ စစ်ကြည့်ဖို့လိုပါတယ်။ အန္တရာယ်ညွှန်းကိန်းကိုတွက်ပြီး ကိုယ်ဝန်ရှိစမှာ တွက်ယူလို့ရပါတယ်။ တချို့က တစ်အိမ်သားလုံး ရှိတာ သားအိမ်ပုံသဏ္ဍာန် မမှန်သော မေွးရာပါ ချို့ယွင်းချက် ရှိတာကြောင့် ပျက်တတ်ပါတယ်။ ကိုယ်ဝန် ၁၄ ပတ်နောက်ပိုင်းဆိုရင်တော့ သားအိမ်ခေါင်းမလုံတာလားဆိုတာကို ထည့်စဉ်းစားရမယ်။ ပျက်ရတဲ့ အကြောင်းရင်းနဲ့ ကုသပုံ (ဆေးစားရုံလား၊ သားအိမ်ခြစ်ရလား) ခံစားဖူးတဲ့ ဆိုးကျိုးရှိမရှိ ဆိုတာကို နောက်ကိုယ်ဝန်စောင့်ရေှာက်မယ့် ဆရာဝန်ကို ပြောပြထားရပါမယ်။
ကိုယ်ဝန်ယူတော့မယ်ဆိုရင် ကလေးဦးနေှာက်နဲ့ ကျောရိုးတစ်လေှျာက် ဖွံ့ဖြိုးမှု မှန်ကန်စေဖို့ ဖောလစ်အက်ဆစ် ဆိုတဲ့ဆေးကို တစ်နေ့တစ်ပြားကြိုတင်သောက်ထားသင့်ပါတယ်။ ကိုယ်ဝန်ရှိစ ပထမ ၃လအတွင်း ကိုယ်အင်္ဂါ အစိတ်အပိုင်းတေွ ဖွံ့ဖြိုးနေတဲ့ အချိန်မှာလည်း ဆက်သောက်ထားသင့်ပါတယ်။
Ref : မေ့ရင်သေွးမဂ္ဂဇင်း