ကလေးမေွးပြီးပြီးချင်း ကလေးတိုင်းကို ချက်ဖြတ်ရပါတယ်။ ချက်ဖြတ်ပြီးရင်တော့ သေွးယိုစိမ့်ခြင်း မရှိအောင် စောင့်ကြည့်ရမှာပေါ့။ သေွးယိုစိမ့်ရင်လည်း ချက်ကနေ သေွးယိုနေသလား၊ ချက်ကို ချည်ထားတဲ့ ကြိုးလျော့နေသလား ဒါကိုကြည့်တယ်။ ယနေ့ခေတ်မှာတော့ ချက်ကို ကြိုးမချည်တော့ဘဲ ချက်ညှပ်ကလစ်နဲ့ သေချာ ညှပ်ထားတဲ့ အတွက်ကြောင့် ချည်ထားတဲ့ ကြိုးလျော့နေခြင်းဆိုတဲ့ အနေအထားမျိုးဟာ ဖြစ်ဖို့ အခွင့်အလမ်းတော့ နည်းသွားပါတယ်။
သေွးယိုလား၊ မယိုဘူးလားဆိုတာတော့ မေွးမေွးခြင်း အနည်းဆုံး ပထမ ၁၂ နာရီအတွင်းမှာတော့ စောင့်ကြည့်ဖို့လိုပါတယ်။ ဖြတ်ထားတဲ့ ချက်ငုတ်ကို ဘာနဲ့မှ မအုပ်ဘဲ ဒီအတိုင်းထားဖို့လိုပါတယ်။ ချက်ငုတ်ထဲကို ဘာမှမထည့်ဘို့၊ ချက်ကို ဘာနဲ့မှမအုပ်ဘဲ ဒီအတိုင်း ခြောက်သေွ့သန့်ရှင်းအောင်ထားဖို့ အရေးကြီးပါတယ်။
ဘာလို့လဲဆိုတော့ ချက်ကနေ ပြင်းထန်တဲ့ ရောဂါပိုးတေွ အဓိကဝင်ရောက်နိုင်ပါတယ်။
Ref : မေ့ရင်သေွး မဂ္ဂဇင်း (ပါမောက္ခ ဒေါက်တာ အေးအေးသိန်း၏ မေွးကင်းစ ကလေး နှင့် ချက်ကျန်းမာရေးမှ ကောက်နုတ်ဖော်ပြသည်။)