ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတေွ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ များစွာသော အကျိုးကျေးဇူးများ ရရှိစေကြောင်းကိုတော့ သိရှိပြီး ဖြစ်မှာပါ။ ဒါပေမယ့် ကိုယ်ဝန်သက်တမ်း ဘယ်လောက်မှာ ဘယ်လိုလေ့ကျင့်ခန်းတေွ ပြုလုပ်လို့ရသေးသလဲဆိုတာကိုတော့ မိခင်လောင်းတေွ အတိအကျ မှတ်မိနေဖို့ ခဲယဉ်းပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ ကိုယ်ဝန်သက်တမ်း၈လကျော်လာချိန်မှာတောင် ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းများအကြောင်းပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန် အတောအတွင်းမှာ အလေးအပင် မ ခြင်းဟာ မိခင်လောင်းအတွက်ရော သန္ဓေသားအတွက်ပါ အန္တရာယ်များပါတယ်။ ဒါပေမယ့် ကိုယ်ဝန်စလွယ်ချိန်ကနေ ကိုယ်ဝန်သက်တမ်း ၃၆ပတ်ရောက်တဲ့အထိ သင့်တော်တဲ့အလေးမလေ့ကျင့်ခန်း ပြုလုပ်ခြင်းက မီးဖွားချိန်မှာ လွယ်ကူချောမေွ့မှုကို ဖြစ်ပေါ်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါပေမယ့် သင်အလေးမလေ့ကျင့်ခန်းပြုလုပ်ရာမှာ သင့်တော်တဲ့ အလေးတုံးကို ရေွးချယ်အသုံးပြုဖို့ အရေးကြီးပြီး ကျွမ်းကျင်နည်းပြနဲ့ သေသေချာချာ တိုင်ပင်ဖို့ လိုပါမယ်။
ခန္ဓာကိုယ်တစ်ခုလုံး ပါဝင်တဲ့လှုပ်ရှားမှုလေ့ကျင့်ခန်းကတော့ ရေကူးခြင်းပါပဲ။ ရေကူးလေ့ကျင့်ခန်းဟာ ကိုယ်ခန္ဓာအတွက် များစွာသော အကျိုးကျေးဇူးများ ရရှိစေနိုင်တာကြောင့် ကျွမ်းကျင်ဆရာဝန်များကိုယ်တိုင်က ကိုယ်ဝန်သက်တမ်းနောက်ဆုံးပတ်အထိ ရေကူးနိုင်ကြောင်း အကြံပြုထားခဲ့ကြပါတယ်။ ဒ့ါအပြင် ရေကူးခြင်းကြောင့် မိခင်လောင်းရော သန္ဓေသားမှာပါ ဘယ်လိုထိခိုက်မှုမျိုးမှ မရှိနိုင်ကြောင်း အခိုင်အမာဆိုခဲ့ပါသေးတယ်။
စက်ဘီးစီးလေ့ကျင့်ခန်းတေွဟာ ကိုယ်ဝန်ဆောင်မိခင်လောင်းတေွနဲ့ သင့်တော်ပါရဲ့လား? ဟုတ်ပါတယ်။ တကယ်ပဲ စက်ဘီးစီးလေ့ကျင့်ခန်းတေွက ကိုယ်ဝန်သက်တမ်း ၈လကျော်တဲ့အချိန်အထိ ပြုလုပ်လို့ရပါတယ်။ တကယ့်စက်ဘီးအစစ်ကို အပြင်မှာ စီးနင်းခြင်းက အန္တရာယ်အနည်းနဲ့အများ ရှိနိုင်တာကြောင့် အိမ်တွင်း စက်ဘီးစီးစက်ပေါ်မှာထိုင်ကာ လေ့ကျင့်ခန်းပြုလုပ်ခြင်းကသာ စိတ်ချရမှာပါ။
ကိုယ်ဝန်သက်တမ်း ၈လကျော်လာချိန်မှာ အန္တရာယ်အကင်းဆုံး လေ့ကျင့်ခန်းတစ်ခုကိုပြပါဆိုရင်တော့ ယောဂလေ့ကျင့်ခန်းကို ပြရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အထက်မှာ ဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်နေစဉ်အတောအတွင်း မူးဝေခြင်း ၊ ရင်ဘတ်ခြင်း ၊ အသက်ရှူမဝခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ခြေလက်များရောင်ရမ်းခြင်းနဲ့ ကြွက်သားများနာကျင်ကိုက်ခဲခြင်းတို့ ဖြစ်ပေါ်လာတာနဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို ရပ်နားလိုက်သင့်ပါတယ်။
HYA (kyarlay)