နို့အုံ သိပ်တင်းလာတဲ့ အခါကျရင် အထိမခံနိုင်ဘဲ နာလာမယ်။ နို့တင်းတဲ့ အခါမှာ တစ်ခါတစ်လေ အဖျားပါ ၀င်တတ်တယ်။ ကလေးကလည်း သိပ်တင်းနေတဲ့ နို့ကို စုပ်တဲ့ အခါမှာ စုပ်လို့ မနိုင်ဘူး ဖြစ်တတ်တယ်။ နို့အုံက တင်းလာတော့ ကလေးက စုပ်လို့မရတော့ဘူး။ အဲဒါကြောင့် ကလေးနို့စို့လို့ရအောင် နို့ကို ပျော့သွားအောင် အရင်ညစ်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလို နို့တင်းတာကို Breast Engorgement လို့ခေါ်ပါတယ်။
Ref : မေ့ရင်သေွး မဂ္ဂဇင်း (ပါမောက္ခ ဒေါက်တာ သင်းသင်းအောင်နှင့် အင်တာဗျူးမှ ကောက်နုတ်ဖော်ပြသည်။)