အမျိုးသမီးတစ်ဦးအနေနဲ့ သူမမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ကြေငြာလိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ မိဘ ၊ ဆေွမျိုး ၊ သူငယ်ချင်း ၊ ခင်ပွန်းယောကျင်္ား တို့ဆီကနေ ဂရုစိုက်မှုတေွကို ပိုမိုရရှိလေ့ရှိပါတယ်။ မိခင်လောင်းတေွဟာ ဝမ်းဗိုက်ထဲမှာ သန္ဓေတည်နေပြီဖြစ်တဲ့ ကလေးငယ်ကို ကျန်းမာအောင် စောင့်ရေှာက်ဖို့ တာဝန်အပြင် ဝမ်းဗိုက်ထဲက ကလေးငယ်တေွ နှစ်သက်စေမယ့် လုပ်ဆောင်ချက်တေွအကြောင်းလည်း သိရှိထားဖို့ လိုလာပါပြီ။
ဝမ်းဗိုက်ထဲက ကလေးငယ်တေွဟာ မိခင်ရဲ့ အသံကို များသောအားဖြင့် နှစ်သက်လေ့ရှိကြပါတယ်။ လေ့လာတေွ့ရှိချက်တေွအရ မိခင်ရဲ့အသံကို ကြားရင် သူတို့ ပျော်ရွှင်တဲ့ လက္ခဏာတေွ ပြသပါတယ်။ ဒါ့ကြောင့် ဝမ်းဗိုက်ထဲက သင့်ကလေးငယ်ပျော်ရွှင်စေဖို့ မိခင်လောင်းတေွအနေနဲ့ မကြာခဏ သီချင်းသီဆိုပေးသင့်ပါတယ်။
သာယာငြိမ့်ညောင်းလှတဲ့ တေးသွားဟာ မိခင်ရဲ့အသံနည်းတူ ကလေးငယ်ကို ပျော်ရွှင်စေမှာ အသေအချာပါပဲ။ မိခင် အနှစ်သက်ဆုံး တေးသီချင်းတစ်ပုဒ်ကို မတိုးလွန်းမကျယ်လွန်းတဲ့အသံမှာထားပြီး နားထောင်နေချိန်မှာ သန္ဓေသားအနေနဲ့လည်း မိခင်နဲ့ထပ်တူ လိုက်ပါစီးမျော နားဆင်နိုင်ပါတယ်။
ကလေးငယ်တေွအနှစ်သက်ဆုံးဖြစ်စေမယ့် ကိုယ်ဝန်ဆောင်မိခင်ရဲ့ လုပ်ဆောင်ချက်ကတော့ ဝမ်းဗိုက်ကို ညင်သာစွာ နှိပ်နယ်ပေးခြင်းပဲ ဖြစ်ပါတယ်။ သန္ဓေသားအနေနဲ့ တဖြည်းဖြည်းဖွံ့ဖြိုးလာတဲ့အခါ ဝမ်းဗိုက်ထဲမှာ နေရထိုင်ရ ခက်ခဲနေပါလိမ့်မယ်။ ဒါ့ကြောင့် မိခင်လောင်းအနေနဲ့ အုန်းဆီ(သို့မဟုတ်)သံလွင်ဆီနဲ့ ဝမ်းဗိုက်တစ်ခုလုံးကို ညင်သာစွာနှိပ်နယ်ပေးသင့်ပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလမှာ တတ်နိုင်သမှျပျော်ပျော်နေပြီး အရသာရှိတဲ့ အစားအသောက်များ စားသောက်ပေးခြင်းဟာလည်း ဝမ်းဗိုက်ထဲက ကလေးငယ်တေွ နှစ်သက်စေမယ့် လျို့ဝှက်ချက်တေွပဲ ဖြစ်ပါတယ်။
HYA (kyarlay)