ကလေးလေးတေွကိုတော့ ခြင်မကိုက်အောင် ဂရုစိုက်တာ အကောင်းဆုံးပါ။ ခြင်ကြောင့် ဖြစ်မယ့် ကျန်းမာရေးပြဿနာတေွကလည်း မေမေတို့သိပြီးသား ဖြစ်မှာပါ။ ကလေးကို မှက်၊ ခြင်၊ ယင် မကိုက်အောင် အတတ်နိုင်ဆုံး ဂရုစိုက်ပေးပါ။ ခြင်ကိုက်ဖုတေွနဲ့ပတ်သက်ပြီး မေ့ရင်သေွးမဂ္ဂဇင်းမှာတော့ မေမေတစ်ယောက်ရဲ့အမေးကို ဆရာဝန်ကြီးတေွက ပြန်လည် ဖြေဆိုပေးထားတာကို မေမေတို့ကို ပြန်လည်မှျဝေပေးချင်ပါတယ်။
မေမေတစ်ယောက်က သုံးလအရွယ် သူ့ရဲ့သမီးလေးမှာ ခြင်ကိုက်ဖုတေွရှိလို့ ဘာလိမ်းရမလဲလို့မေးမြန်းထားတာကိုတော့ ဆရာဝန်ကြီးတေွက "Calamine Lotion ပါတဲ့ ဆေးကို လိမ်းသင့်ပါတယ်။ မျက်နှာတစ်ဝိုက်နားမှာတော့ မလိမ်းပါနဲ့" လို့ ပြန်လည် ဖြေကြားပေးထားပါတယ်။
Ref : မေ့ရင်သေွးမဂ္ဂဇင်း