
ကိုယ်ဝန်သန္ဓေတည်ခါစလေး အချိန်အခါမှာ အတွယ်ကလည်း မမြဲသေးတဲ့အချိန်မှာ သားအိမ်က သန္ဓေသားလေးတွယ်နေတာကို မညှစ်ထုတ်ရအောင် သားအိမ်ကို ငြိမ််အောင် ထိန်ထားရပါတယ်။ သားအိမ်ကို ငြိမ်အောင်လုပ်ရင်းနဲ့ အူတေွကိုပါ ငြိမ်သွားစေတော့ ဝမ်းချုပ်တတ်ပါတယ်။ လေတေွပွှပီး မအီမသာလည်း ဖြစ်တတ်ပါတယ်။ ဝမ်းချုပ်တာက ကိုယ်ဝန်ရဲ့ သဘာဝဖြစ်ပြီးတော့ ကိုယ်ဝန်စရှိပြီ၊ ရက်လွန်ပြီဆိုတာနဲ့ ဝမ်းချုပ်တာက ဖြစ်တတ်ပါတယ်။

အစားမှားခြင်း၊ ပိုးပါတဲ့ မသန့်ရှင်းတဲ့ အစားအသောက်တေွကို စားလိုက်သောက်လိုက်မိရင် အူလမ်းကြောင်းမှာ infection ရသွားတတ်ပါတယ်။ အဲဒီအခါမှာ အူတေွရဲ့ လှုပ်ရှားမှုတေွှမန်လာပြီး ဝမ်းပျက်ဝမ်းလေှျာရောဂါ ဖြစ်တတ်ပါတယ်။ အဲဒီလို ဝမ်းပျက်ဝမ်းလေှျာ ဖြစ်ရင် ကလေးပါပျက်တတ်ပါတယ်။အဲဒါကြောင့် ကြိုက်တာ စားလို့ရတယ်ဆိုပေမယ့် စားတဲ့ဟာသည် သန့်ရှင်းလတ်ဆတ် ပူနေွးရမယ်။ ဝမ်းမပျက်စေရပါဘူး။

ကိုယ်ဝန်မှာ ဝမ်းချုပ်တော့ ဝမ်းနှုတ်ဆေးစားလိုက်ရင် ကောင်းမှာပဲဆိုပြီး ဝမ်းနှုတ်ဆေး ပြင်းပြင်းတေွစားလိုက်ရင် အဲဒီဝမ်းနှုတ်ဆေးပြင်းပြင်းတေွက ကလေးပျက်တတ်ပါတယ်။ ကိုယ်ဝန်မှာ ဝမ်းနှုတ်ဆေး မသောက်သင့်ပါဘူး။ ဝမ်းပျော့စေရန် အစားနဲ့သာ ထိန်းသင့်ပါတယ်။ အရည်များများသောက်၊ အသီးအနှံ များများ စားပေးသင့်ပါတယ်။ အလွန်ဆုံးသောက်ချင်လှျင် milk of megnesium (MOM) လို ဝမ်းပျော့ဆေးလောက်သာ သောက်သင့်ပါတယ်။

အချို့သော ကိုယ်ဝန်အားဆေးများမှာပါတဲ့ သတ္တုဓာတ်တချို့ဟာ ကိုယ်ဝန်ဆောင် အချို့ကို ဝမ်းချုပ်စေပါတယ်။ အချို့ကိုတော့ မချုပ်စေပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်တာချင်း မတူကြပါဘူး။ ဝမ်းသိပ်ချုပ်ရင် အားဆေး ခဏဖြတ်ကြည့်ပါ။ ဆေးကြောင့်ဖြစ်ရင် ဝမ်းက ပုံမှန်ဖြစ်လာပါလိမ့်မယ်။ ဒါဆိုနောက် အားဆေး တစ်မျိုးပြောင်းသောက်ကြည့်ပါ။
#MiGi