စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ဘေဘီလေးကို ပုခက်နဲ့သိပ်တော့မယ်ဆိုရင် မိဘတေွအနေနဲ့ ဘယ်လိုမျိုး ပြင်ဆင်ထားသင့်သလဲ

Posted by Zaw Lin Aung January 15, 2020
Kn8zpggexu174ym7e0zq

အူဝဲလို့အော်ရင်းနဲ့ လူ့လောကထဲကို ရောက်လာတဲ့ သားသားမီးမီးလေးအတွက် အကောင်းဆုံးတေွကိုပဲ ပြင်ဆင်ထားပေးချင်တဲ့ မေမေဖေဖေတို့ရေ….. ဒီတစ်ခါမှာတော့ ဘေဘီလေးတစ်ယောက် တစ်နေ့တာမှာ အချိန်အားဖြင့် နာရီ ၂၀ လောက်ကုန်ဆုံးနေရတဲ့ ပုခက်လေးနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလောက် ဆေွးနေွးကြပါမယ်။ တစ်နေ့တာမှာ အချိန်များစွာ ကုန်ဆုံးနေရတဲ့နေရာလေးတစ်ခုက အဆင်ပြေမှသာ ဘေဘီလေးလည်း သက်တောင့်သက်သာဖြစ်ပြီးတော့ မေမေတို့လည်း စိတ်ချမ်းသာတော့မှာပါပဲ။ ဒီသက်တောင့်သက်သာ နေရာလေးက သက်တောင့်သက်ဖြစ်ရုံနဲ့လည်း မလုံလောက်သေး ပြန်ပါဘူး။ အန္တရာယ်ကင်းဖို့လည်း လိုပါတယ်။ ဒါမှသာ အတိမ်းအစောင်းလုံးဝခံလို့ မဖြစ်တဲ့ နုနယ်လှတဲ့ဘေဘီလေးကို ဘေးကင်းကင်းနဲ့ ကြီးပြင်းစေနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Bsuoihu9uw2nifi5q16i

ဘေဘီလေးအတွက် ဘေးကင်းစိတ်ချရတဲ့ ပုခက်ရေွးတဲ့အခါ
-----------------------------------------------------------------

၁။ ဈေးကြီးမှလား…….
-------------------------

မဟုတ်ပါဘူး။ ဈေးနှုန်းထက် အရည်အသေွးကို ပိုမို ဂရုစိုက်ရပါမယ်။ အရည်အသေွးညံ့တဲ့ပစ္စည်းတေွက ကလေးကို ထိခိုက်စေနိုင်ခြေပိုများတာကြောင့် အတိမ်းအစောင်းခံလို့ မဖြစ်တဲ့ဘေဘီလေးတို့အတွက် အရည်အသေွးစိတ်ချရဖို့ကို အရင်ဆုံး စဉ်းစားရမှာပါ။

Taqv873spqtpzlofrwmp

၂။ ဒီဇိုင်းဆန်းမှလား……
----------------------------

ဒီဇိုင်းကို ကလေးက နားမလည်သေးပါဘူး။ မေွးကင်းစကလေး နားလည်မှာက အိပ်ရတာ သက်တောင့်သက်ဖြစ်ဖို့ပါပဲ။ ဒီတာ့ ဒီဇိုင်းဆန်းဖို့ထက် ကလေးအတွက်ရော မေမေအတွက်ပါ အဆင်ပြေဆုံး ဖြစ်မှာကို ရေွးပါ။ ဒီနေရာမှာ ဘေဘီအတွက်ပြီးရင် မေမေ့အတွက် ကလေးကို ပေွ့ချီရ လွယ်တဲ့ ဒီဇိုင်းမျိုးဖြစ်ဖို့အတွက် သေချာ ဂရုစိုက်ရပါမယ်။

Rp9rxnpryidamwjkwoez

၃။ စိတ်ချရရဲ့လား……
-------------------------

ဒါကလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ မေတ္တာအပြည့်နဲ့ ကိုယ်ဝယ်ပေးမယ့် ပုခက်လေးက ဘေဘီလေးကို ထိခိုက်တာမျိုး မဖြစ်ချင်လောက်ပါဘူးနော် ဟုတ်တယ် မဟုတ်လား။ ဒီတော့ ပုခက်မဝယ်ခင်မှာ မေမေတေွ အနေနဲ့ ကိုယ်ဝယ်ယူမယ့် ပုခက်က ဈေးကွက်ထဲမှာ ယုံကြည်စိတ်ချရမှုနဲ့ ပတ်သက်ပြီးတော့ ထောက်ခံချက် ရရှိထားလားဆိုတာကို သေချာလေး ဂရုစိုက်စေချင်ပါတယ်။

Nu0ztv1vrla08quzoq9e

၄။ ခပ်မြင့်မြင့်မှ ဖြစ်မှာလား……..
------------------------------------

ကလေးအရွယ်ရောက်လာတဲ့အထိပါ အဆင်ပြေအောင်ဆိုပြီးတော့ ပုခက်ကို ခပ်မြင့်မြင့်ဝယ်ဖို့အတွက် စဉ်းစားမိနိုင်ပါတယ်။ တကယ်ကတော့ ပုခက်က မြင့်ဖို့ မလိုပါဘူး။ နိမ့်လေ ဘေဘီလေးအတွက် ဘေးကင်းလေးပါ။ အကြောင်းကတော့ မတော်တဆ လိမ့်ကျတဲ့အခါ အထိမနာစေဖို့ပါပဲ။

Xbiffbv81qocksouofjs

၅။ ပုခက်တိုင် အကွာအဝေးကို ဂရုစိုက်ဖို့လိုလား…….
----------------------------------------------------------

လိုပါမယ်။ ပုခက်က တိုင်လေးတေွနဲ့လုပ်ထားမယ်ဆိုရင်တော့ တိုင်တစ်ခုနဲ့ တစ်ခ ုအကွာအဝေးက အရမ်းဝေးမနေဖို့အတွက် ဂရုပြုပါ။ ဒါမှသာ ကလေးခေါင်းညှပ်တာမျိုး၊ မတော်တဆ ချောထွက်သွားတာမျိုးတေွ မဖြစ်မှာပါ။ ဒါအပြင် တစ်တိုင်နဲ့တစ်တိုင် ၂ လက်မ ကနေ ၈ လက်မထိ ခြားးထားတာက အဆင်အပြေဆုံး အကွာအဝေးပါပဲ။

Npy5tetkaw2hvdobkona

၆။ စောင်အထူကြီးတေွ ထည့်ရမှာလား……..
------------------------------------------------

နူးညံ့တဲ့ အခင်းပါးပါးလေးတစ်ခုနဲ့ သေးခံနဲ့ဆိုရင်တော့ လုံလောက်ပါပြီ။ ရုပ်ရှင်တေွထဲကလို အရုပ်တေွ ၊ ခေါင်းအုံးတေွ မလိုပါဘူး။ မေွးစကလေးတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့အတွက် ခေါင်းအုံးမလိုသလို အရုပ်တေွလည်း မလိုအပ်ပါဘူး။ နူးညံ့တဲ့ အခင်းတစ်ခုနဲ့တင် ကောင်းကောင်း လုံလောက်ပါပြီ။

Rvkksdbyugxe0rrgzguc

၇။ ထောင့်ချိုးလေးတေွကို ဂရုစိုက်ဖို့လိုလား……
-----------------------------------------------------

လိုပါတယ်။ ထောင့်ချိုးလေးတေွက ခပ်လုံးလုံးလေးတေွဆိုရင်တော့ အဆင်ပြေဆုံးပါ။ ဒါမှသာ မေမေရော ဘေဘီလေးပါ ထိခိုက်မှုနည်းစေမှာပဲ ဖြစ်ပါတယ်။

Rp1dllkfeqficxoblgdj

၈။ သန့်ရှင်းရေး လုပ်ဖို့လိုလား………
----------------------------------------

ကလေးကို ပုခက်ထဲထည ့်မသိပ်ခင် ပုခက်မှာရှိနေနိုင်တဲ့ ဖုန်မှုန့်တေွနဲ့ ပုရွက်ဆိတ်လိုမျိုး အကောင်လေးတေွ ရှိမနေစေဖို့အတွက် ခါပေးရပါမယ်။ တစ်ပတ်တစ်ခါ အခင်းတေွလေှျာ်ပြီးတော့ သန့်ရှင်းရေး လုပ်ပေးရပါမယ်။ ပြီးရင် အခင်းတေွကို တင်းတင်းရင်းရင်းနဲ့ သပ်သပ်ရပ်ရပ်လေး ဖြစ်အောင်ထားပါ။ ဒါမှသာ ကလေးကို အခင်းနဲ့ပတ်မိနေတာမျိုး ကလေးမျက်နှာပေါ်ကို အခင်းအုပ်မိနေတာမျိုးတေွ မဖြစ်စေမှာပါ။

Lxhwu4m4zibnfjvi8qkm

၉။ ကျိုးနေတာရှိ မရှိ စစ်ဆေးပါ……
--------------------------------------

ကလေးရဲ့ ပုခက်မှာ ဝက်အူလျော့နေလား ၊ တန်းကျိုးနေလား ၊ ပျက်စီးမှုတစ်စုံ တစ်ခုခုများရှိနေလားဆိုတာကို ပုံမှန်စစ်ဆေးပါ။ ဒါမှသာ ဘေဘီလေးက မလိုအပ်တဲ့ ထိခိုက်မိတာမျိုးတေွ မရှိစေမှာပါ။

Xk9i5jzsooraiphc6bpc

၁ဝ။ ပြတင်းပေါက်နားမှာ မထားပါနဲ့…….
-------------------------------------------

မလိုလားအပ်တဲ့ ပြဿနာတေွ၊ ထိခိုက်မှုတေွကို ကာကွယ်နိုင်စေဖို့အတွက် ကလေးရဲ့ ပုခက်ကို ပြတင်းပေါက်နား ၊ တံခါးပေါက်တေွနား ၊ မှန်ချပ်တေွနား ၊ အခန်းထောင့်ချိုး မျက်ကွယ်တေွမှာပါ မထားပါနဲ့။

Rruhzo88zql6idtrrdqz

၁၁။ အလေးချိန်ကို စစ်ဆေးပါ……
-------------------------------------

ကလေးက နေ့စဉ်နဲ့အမှျ မေမေစောင့်ရေှာက်ပေးမှု ကောင်းရင်ကောင်းသလို ကိုယ်အလေးချိန်ကလည်း တိုးလာစေမှာပါ။ ကလေးထွားလာတဲ့ အလေးချိန်ကို လိုက်ပြီးတော့ ပုခက်ကိုလည်း ပြောင်းလဲပေးဖို့အတွက် လိုမှာပါ။ ၂နှစ်သားကလေးကို လသားအရွယ် အိပ်တဲ့ ပုခက်နဲ့တော့ မသိပ်ပါနဲ့။ ကလေးက ၄ လလောက် ရောက်လာပြီဆိုရင်တော့ ပုခက်လဲပေးဖို့အတွက် စဉ်းစားပါ။

Vv9pnnpnl7frzyzjcat7

ကိုယ်တေွကတော့ မိရိုးဖလာအတိုင်း အဝတ်ပုခက်နဲ့ပဲ သိပ်တယ်
----------------------------------------------------------------------

မြန်မာနိုင်ငံမှာ ကလေးတေွကို ပုခက် နဲ့သိပ်တယ်ဆိုတာက သစ်သားပုခက်မျိုး မဟုတ်ဘဲ စောင်လိုမျိုး အဝတ်တစ်ခုခုကို တန်းမှာ ကြိုးနဲ့သေချာချည်ပြီးတော့ သိပ်တာပါ။ ဒီလို သိပ်တဲ့အခါမှာလည်း သတိထားစရာလေးတေွ ရှိပါတယ်။ထို သတိထားစရာလေးတေွကတော့

၁။ တန်းက ကလေးရဲ့ဝန်ကို ခံနိုင်ရည်ရှိဖို့
၂။ အဝတ်ကခိုင်ခန့်မှုရှိဖို့
၃။ အဝတ်စက နူးညံ့မှုရှိဖို့ (ချည်စောင်လေးတေွဆို အဆင်အပြေဆုံးပါ)
၄။ ကြိုးကခိုင်ခန့်မှုရှိဖို့
၅။ ပုခက် အရမ်းမမြင့်စေဖို့
၆။ သိပ်ခါနီးတိုင်း ပုခက်ခါဖို့
ရ။ တစ်ပတ်တစ်ခါ စောင်လဲပြီးတော့ လေှျာ်ပေးဖို့
၈။ ပုခက်တစ်ဖက်နဲ့ တစ်ဖက် အကွာအဝေး အရမ်းမနီးဖို့ကို သေချာ ဂရုစိုက်ပေးရပါမယ်။

ကဲ ဒါဆို ဖေဖေမေမေတို့ရေ ဒီအချက်လေးတေွကို လိုက်နာရင်းနဲ့ ဘေဘီလေးအတွက် ဘေးကင်းစိတ်ချရတဲ့ ပုခက်လေးကို အတူတူ လုပ်ပေးလိုက်ရအောင်လား။အားလုံးပဲ အဆင်ပြေ ကျန်းမာကြပါစေ။
#Ref( ဒေါက်တာ အေးသီသီမွန် - ကလေးနဲ့ပုခက်ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.