ကလေးငယ်လေးတေွ ရယ်မောသံကို ကြားရချိန်မှာ ဖေဖေ မေမေတို့ကိုလည်း ကြည်နူးမှုများ ကူးစက်စေမှာကတော့ အသေအချာပါပဲ။ ဘေဘီလေးတေွဟာ ရယ်မောခြင်းကို အသက် ၄ လ ခန့်မှာ စတင် ပြုလုပ်နိုင်ကြပါတယ်။ ဒါပေမယ့် အသက် ၅ လလောက်မှာသာ သူတို့ပေါ် အပြုအမူလေးများအပေါ် တုံ့ပြန်ရယ်မောတတ်ကြပါတယ်။ကလေးငယ်ကို ရယ်မောအောင် လုပ်ခြင်းက ကလေးငယ်နဲ့ မိဘရဲ့ ကြား သံယောဇဉ်ကို တိုးပွားလာစေတဲ့အတွက် ကလေးငယ်လေးများ ရယ်မောစေရန် များများလုပ်ပေးသင့်ပါတယ်နော်။
ဘေဘီလေးတေွရဲ့ ဝမ်းဗိုက် ခြေချောင်း နဲ့ လက်ချောင်း လေးတေွကို အသံထွက်အောင် နှခမ်းနှင့် ကပ်ပြီး ညှင်သာစွာ မှုတ်ပေးနိုင်ပါတယ်။ ထွက်လာတဲ့ အသံလေးများကို ကြားတဲ့အခါ ကလေးငယ်လေးများက တခစ်ခစ် ရယ်မောမှာ ကတော့ အသအချာပါပဲ။ ကလေးငယ်လေးများကို ကိုက်ချင်ယောင်ဆောင်ခြင်းကလည်း ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ခြေချောင်း၊ လက်ချောင်းလေးများကို သာသာလေး ဖိကိုက်ခြင်းက ကလေးငယ်ကို ပျော်ရွှင်ကြည်နူးစေမှာပါ။
တူတူရေဝါး ကစားနည်းကလည်း ခေတ်အဆက်ဆက် ကလေးငယ်လေးများကို ပျော်ရွင်ရယ်မောစေတဲ့ နည်းလမ်းပါပဲ။ လက်၂ ချောင်းနဲ့ မျက်နှာကို ကွယ်ပြီး ရုတ်တရက်ပေါ်လာခြင်းက ကလေးငယ်ကို ရင်ခုန်စိတ်လှုပ်ရှားစေပြီး ပျော်ရွှင်မှုများနဲ့ရယ်မောစေမှာပါ။ နောက်တနည်းကတော့ ကလေးငယ်လေးကို မြင်းစီးခိုင်းတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ သင်ရဲ့ခြေနှစ်ချောင်းပေါ်မှာ ကလေးငယ်ကို ထိုင်ခိုင်းစေပြီး အပေါ်အောက် တစ်ကလုက် တစ်ကလုက် ပါးစပ်က ဆိုပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။ မိဘများ အနေနဲ့ ခြေထောက်နာကျင်နိုင်ပေမယ့် ကလေးငယ်လေးကတော့ မြင်းစီးဖို့ မကြာခဏတောင်းဆိုနေမှာပါ။
နောက်တစ်နည်းကတော့ ကလိထိုးခြင်းပါ။ ကလေးငယ်လေးရဲ့ ခြေဖဝါးကိုဖြစ်စေ၊ချိုင်းကြားကိုဖြစ်စေ၊ လည်ပင်းအောက်ကိုဖြစ်စေ ကလိထိုးခြင်းက ရယ်မောခြင်းကို ကျိန်းသေပေါက်ဖြစ်စေမှာပါ။ သို့ပေမယ့် အသက် ၃ လအောက်ကလေးငယ်များကတော့ ယားယံခြင်း မဖြစ်တာကို သတိပြုရပါမယ်။ ကလေးငယ်လေးကို လှျာထုတ်ပြခြင်း၊ ထူးထူးခြားခြား အသံလေးများပြုပြခြင်းများလည်း လုပ်ပေးနိုင်ပါတယ်။ ကလေးငယ်လေးများဟာ အတုယူတတ်တဲ့အတွက် မေမေတို့ ဖေဖေတို့ကလည်း ရယ်ပြနိုင်ပါတယ်နော်။ ရယ်မောခြင်းက ကလေးငယ်များရဲ့ သိမှုစွမ်းရည်၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု မှတ်တိုင်တစ်ခုဖြစ်တဲ့အတွက် ကလေးငယ်များ ရယ်မောပျော်ရွှင်စေရန် ဖေဖေမေမေ တို့က များများလုပ်ပေးရမယ်နော်။
#MiGi