
ဖေဖေ၊ မေမေတို့ရေ သားသားမီမီးလေးတေွကို အိမ်မေွးတိရစ္ဆာန်လေးတေွနဲ့ အနီးကပ်ထားရှိဆော့ကစားစေမှုတေွရှိတတ်ကြပါတယ်။ သားသားမီးမီးလေးတေွနဲ့အတူတူ အိမ်မေွးတိရစ္ဆာန် ခေွးလေး၊ ကြောင်လေးတေွနဲ့ လက်ပွန်းတစ်တည်းထားရှိတတ်တဲ့ မိသားစုတေွအတွက် သတိပြုဖို့လိုအပ်တာလေးတေွကို ကျားလေးက မှျဝေပေးချင်ပါတယ်။ ကိုယ့်ရဲ့အိမ်မေွးတိရစ္ဆာန်လေးတေွနဲ့ကိုတော့ ကာကွယ်ဆေးတေွ ထိုးနှံပေးတတ်ကြတယ်ဆိုပေမယ့် ဒီလိုတိရစ္ဆာန်လေးတေွနဲ့ ရင်းရင်းနှီးနှီးနေထိုင်တတ်တဲ့ ကလေးငယ်တေွက ပြင်ပမှာဆော့ကစားသွားလာတဲ့အခါ ပြင်ပတိရစ္ဆာန်လေးတေွနဲ့ ရင်းရင်းနှီးနှီးဆက်ဆံလိုတတ်ကြပါတယ်။ အဲ့ဒီအခါမှာ အခန့်မသင့်တဲ့အချိန်ကိုယ့်ရဲ့ဘေဘီလေးတေွကို အကိုက်ခံရနိုင်ပြီး ရောဂါဖြစ်ပွားနိုင်လို့ ဖေဖေ၊ မေမေတို့အားလုံးသတိပြု ကာကွယ်နိုင်ကြဖို့လိုပါတယ်နော်။

ဖေဖေ၊ မေမေတို့အားလုံးသတိပြုရမှာကတော့ ကိုယ့်ရဲ့အိမ်မေွးတိရစ္ဆာန်လေးတေွကို တိရစ္ဆာန်ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ခေွးရူးပြန်ကာကွယ်ဆေးဖိုးနှံ ထားဖို့လိုပါတယ်။ နောက်ပြီး ခေွး၊ ကြောင်အကိုက်ခံရပြီဆိုရင်တော့ ခေွးရူးပြန်ကာကွယ်ဆေးကို ချက်ချင်းထိုးဖို့လိုပါတယ်။ ခေွးရူးပြန်ရောဂါက ရာနှုန်းပြည့်သေဆုံးနိုင်တာဖြစ်လို့လည်း အားလုံးကသတိပြုဖို့လိုအပ်ပါတယ်နော်။ အထူးသဖြင့်တော့ လမ်းလေှျာက်တတ်စ၊ ဟိုစပ်စပ်ဒီစပ်စပ်နဲ့သွားလာတတ်တဲ့ သားသားမီးမီးလေးတေွကို ပိုင်ဆိုင်ထားတဲ့ မေမေ၊ ဖေဖေတေွ၊ မိသားစုဝင်တေွက ပိုပြီး ဂရုစိုက်ပေးဖို့လိုပါတယ်နော်။

တကယ်လို့များ ခေွး၊ ကြောင်အပါအဝင် အိမ်မေွးတိရစ္ဆာန်တေွအကိုက်ခံရပြီဆိုရင်တော့ ခေွးရူးပြန်ကာကွယ်ဆေးထိုးနှံပေးဖို့ ဂရုစိုက်သင့်ပါတယ်။ တကယ်လို့ ဆေးမထိုးသေးမီမှာ အရင်ဆုံးအကိုက်ခံရပြီဆိုတာနဲ့ ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့နဲ့အနည်းဆုံး ၁၅ မိနစ်လောက်ကြာအောင် ဆေးကြောပေးသင့်ပါတယ်။ နောက်ပြီး အနာကို ပိုးသတ်ဆေးထည့်သင့်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဦးခေါင်း၊ လည်ပင်းနဲ့ လက်ချောင်းထိပ်တို့မှာ အကိုက်ခံရပြီဆိုရင် ပိုမိုဂရုစိုက်ပြီး အရေးပေါ်ကုသမှုချက်ချင်းခံယူဖို့လိုအပ်ပါတယ်နော်။ သားသား၊ မီးမီးလေးတေွအတွက်သာမက မိသားစုအားလုုံးအတွက်ပါ ခေွးရူးပြန်ရောဂါနဲ့ပတ်သက်ပြီး ဂရုတစိုက်နဲ့ သတိပြုမိနိုင်ကြပါစေနော် ..
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)
>>>> Unicode Version <<<<

မေမေတို့သတိပြုစရာ ခွေးရူးပြန်ရောဂါ
ဖေဖေ၊ မေမေတို့ရေ သားသားမီမီးလေးတွေကို အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အနီးကပ်ထားရှိဆော့ကစားစေမှုတွေရှိတတ်ကြပါတယ်။ သားသားမီးမီးလေးတွေနဲ့အတူတူ အိမ်မွေးတိရစ္ဆာန် ခွေးလေး၊ ကြောင်လေးတွေနဲ့ လက်ပွန်းတစ်တည်းထားရှိတတ်တဲ့ မိသားစုတွေအတွက် သတိပြုဖို့လိုအပ်တာလေးတွေကို ကျားလေးက မျှဝေပေးချင်ပါတယ်။ ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ကိုတော့ ကာကွယ်ဆေးတွေ ထိုးနှံပေးတတ်ကြတယ်ဆိုပေမယ့် ဒီလိုတိရစ္ဆာန်လေးတွေနဲ့ ရင်းရင်းနှီးနှီးနေထိုင်တတ်တဲ့ ကလေးငယ်တွေက ပြင်ပမှာဆော့ကစားသွားလာတဲ့အခါ ပြင်ပတိရစ္ဆာန်လေးတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံလိုတတ်ကြပါတယ်။ အဲ့ဒီအခါမှာ အခန့်မသင့်တဲ့အချိန်ကိုယ့်ရဲ့ဘေဘီလေးတွေကို အကိုက်ခံရနိုင်ပြီး ရောဂါဖြစ်ပွားနိုင်လို့ ဖေဖေ၊ မေမေတို့အားလုံးသတိပြု ကာကွယ်နိုင်ကြဖို့လိုပါတယ်နော်။
ဖေဖေ၊ မေမေတို့အားလုံးသတိပြုရမှာကတော့ ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကို တိရစ္ဆာန်ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ခွေးရူးပြန်ကာကွယ်ဆေးဖိုးနှံ ထားဖို့လိုပါတယ်။ နောက်ပြီး ခွေး၊ ကြောင်အကိုက်ခံရပြီဆိုရင်တော့ ခွေးရူးပြန်ကာကွယ်ဆေးကို ချက်ချင်းထိုးဖို့လိုပါတယ်။ ခွေးရူးပြန်ရောဂါက ရာနှုန်းပြည့်သေဆုံးနိုင်တာဖြစ်လို့လည်း အားလုံးကသတိပြုဖို့လိုအပ်ပါတယ်နော်။ အထူးသဖြင့်တော့ လမ်းလျှောက်တတ်စ၊ ဟိုစပ်စပ်ဒီစပ်စပ်နဲ့သွားလာတတ်တဲ့ သားသားမီးမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မေမေ၊ ဖေဖေတွေ၊ မိသားစုဝင်တွေက ပိုပြီး ဂရုစိုက်ပေးဖို့လိုပါတယ်နော်။
တကယ်လို့များ ခွေး၊ ကြောင်အပါအဝင် အိမ်မွေးတိရစ္ဆာန်တွေအကိုက်ခံရပြီဆိုရင်တော့ ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပေးဖို့ ဂရုစိုက်သင့်ပါတယ်။ တကယ်လို့ ဆေးမထိုးသေးမီမှာ အရင်ဆုံးအကိုက်ခံရပြီဆိုတာနဲ့ ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့နဲ့အနည်းဆုံး ၁၅ မိနစ်လောက်ကြာအောင် ဆေးကြောပေးသင့်ပါတယ်။ နောက်ပြီး အနာကို ပိုးသတ်ဆေးထည့်သင့်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဦးခေါင်း၊ လည်ပင်းနဲ့ လက်ချောင်းထိပ်တို့မှာ အကိုက်ခံရပြီဆိုရင် ပိုမိုဂရုစိုက်ပြီး အရေးပေါ်ကုသမှုချက်ချင်းခံယူဖို့လိုအပ်ပါတယ်နော်။ သားသား၊ မီးမီးလေးတွေအတွက်သာမက မိသားစုအားလုံုးအတွက်ပါ ခွေးရူးပြန်ရောဂါနဲ့ပတ်သက်ပြီး ဂရုတစိုက်နဲ့ သတိပြုမိနိုင်ကြပါစေနော် ..
မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)