ကိုယ့်ရဲ့သားသမီးက အမှားလုပ်လိုက်မိတာနဲ့ သူ့ကို အပြစ်ပေးလိုက်မျိုး၊ ရိုက်နှက်လိုက်တာမျိုးက မှန်ကန်တဲ့ စညး်ကမ်းပေးတာမျိုး မဟုတ်ပါဘူး။ ကလေးက အမှားတစ်ခုခု လုပ်လိုက်ရင် ဖခင်တစ်ယောက်အနေနဲ့ ဘာကြောင့်မှားတယ်၊ ဘယ်လိုဆိုရင်တော့ မှန်နိုင်တယ်ဆိုတာကို အကျိုးသင့် အကြောင်းသင့် ရှင်းပြပေးပါ။ မိမိရဲ့သားသမီးအတွက် စည်းမျဉ်းစည်းကမ်းတေွ ချမှတ်တဲ့အခါမှာလည်း မိမိရဲ့တစ်ဦးတည်းသဘောနဲ့ ဖခင်ရော၊ မိခင်ပါ သဘောတူညီမှုရရှိထားတဲ့ စညး်ကမ်းချက်တေွ ဖြစ်ဖို့လိုပါတယ်။ တကယ်လို့ မိမိရဲ့ကလေးက အရမး်ဆိုးနေတဲ့အခါ အပြုအမူကောင်းတေွရှိအောင်၊ စကားနားထောင်လာအောင်ဆိုပြီး သူကြိုက်တဲ့အရုပ်နဲ့ဖြစ်ဖြစ် မက်လုံးပေးပြီး မဆွဲဆောင်ပါနဲ့။ ကိုယ်ပြောလိုက်တဲ့ စကားရဲ့ အမှား၊ အမှန်ကို သူကိုယ်တိုင် တကယ်နားလည်လာပြီး လက်ခံတတ်လာဖို့ အရေးကြီးပါတယ်။ ကောင်းတာ ဆိုးတာတေွကို သူကိုယ်တိုင် နားလည်ခံစားတတ်ဖို့လိုပါတယ်။
Ref : မေ့ရင်သေွး မဂ္ဂဇင်း