ဆောင်းတွင်းမှာတော့ နှာစေးတာ၊ ချောင်းဆိုးတာ၊ အအေးမိပြီး အဆုတ်အအေးမိတာတေွ ဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့ကလေးငယ်ကို ဒီလို နာမကျန်းမှုတေွကနေ ကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။ အအေးမိရင် များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး ဆောင်းတွင်းမှာ ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ ကလေးကို အအေးမမိအောင် သတိထားရပါမယ်။ ဆောင်းရာသီ အေးတဲ့အချိန်မှာ ကလေးကို ခေါင်းရိတ်တာမျိုးတေွ မလုပ်သင့်ပါဘူး။ ခေါင်းရိတ်တဲ့အခါ ခေါင်းက ပြောင်သွားပြီး ပိုပြီးတော့ အေးလာတဲ့အတွက် ကလေးကို နှာစေး၊ အအေးမိတာတေွ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်တော့ ကလေးကို မိခင်နို့ပဲ တိုက်ပါ။ မိခင်နို့က အအေးမိတာနဲ့ ပတ်သက်ပြီးတော့ ရောဂါတေွအကုန်ကို ကာကွယ်ပေးနိုင်ပါတယ်။ အိမ်မှာ တစ်ယောက်ယောက်ဖျားနာခြင်း ဖြစ်ရင်လည်း ကလေးနှင့် တတ်နိုင်သမှျ ခွဲထားပါ။
Ref : မေ့ရင်သေွး မဂ္ဂဇင်း