ဘေဘီလေးတေွရဲ့အရေပြားက အထိခိုက်မခံနိုင်တာကတော့ သိထားပြီးသား ဖြစ်မှာပါ။ အရေပြားမှာ ပြဿနာတေွ ဖြစ်တဲ့အခါမှာလည် လူကြီးတေွလိုမျိုး ဆေးတေွလူးပေးဖို့ဆိုတာကတော့ လွယ်လွယ်နဲ့ မဖြစ်နိုင်ပါဘူး။ကလေးက ငယ်လေလေ ဘာလုပ်ပေးလို့ လုပ်ပေးရမှန်း မသိလေလေပါပဲနော်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဘေဘီလေးမှာ နို့ပေွးပေါက်တာကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက် အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။
နို့ပေွး (Baby face Ringworm) ဆိုတာက ဘာလဲ.......?
-------------------------------------------------------------
ကလေးငယ်လေးတေွမှာ ဖြစ်တတ်တဲ့ နို့ပေွးဆိုတာက မိှုပိုးကူးစက်မှုတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ ခြေထောက်မိှုစွဲတာကို ဖြစ်စေတဲ့ မိှုပိုးကြောင့် ဖြစ်တာပါ။ အဆိုပါ မိှုပိုးက အရေပြားပွန်းပဲ့ရာတေွကနေ တဆင့် ခန္ဓာကိုယ်အတွင်းပိုင်းကို ရောက်ရှိသွားပြီးတော့ အရေပြားပေါ်မှာ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ်ရာ သေးသေးလေးပဲ ရှိတယ်ဆိုရင်တောင်မှ အဆိုပါ မိှုပိုးကူးစက်ခံရနိုင်ပါတယ်။ နို့ပေွးဆိုတာက အရေပြားပေါ်မှာ ပန်းရောင် (သို့မဟုတ်) အနီရောင် ခပ်ဝိုင်းဝိုင်းမှာ သဏ္ဍန်လေး ဖြစ်ပေါ်တာမျိုး ဖြစ်ပါတယ်။ ဒါဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အရေပြား (သို့မဟုတ်) ဦးရေပြားတေွပေါ်မှာ အဖြစ်များပါတယ်။ ခြေလက်တေွနဲ့ မျက်နှာပေါ်မှာလည်း ဖြစ်တတ်ပါတယ်။ မေွးကင်းစအရွယ် ကလေးငယ်တေွနဲ့ အသက် ၁ဝ နှစ်အရွယ်လောက်အထိ ကလေးငယ်တေွမှာ ဖြစ်တတ်ပါတယ်။
ဒါဆို ဘယ်လိုကူးစက်နို်င်လဲ
-------------------------------
ထိတေွ့မှုတေွကနေ တဆင့် အဆိုပါမိှုပိုးက ကူးစက်တာပဲ ဖြစ်ပါတယ်။ အရုပ်တေွ၊ တဘက်တေွ ၊ အခင်းပြားတေွ၊ ခေါင်းဖြီးတဲ့ ဘရှက်စ်တေွ ၊ အဝတ်အစားတေွနဲ့ ဦးထုပ်တေွကနေတဆင့် ကောင်းကောင်း ကူးစက်သွားနိုင်ပါတယ်။အိမ်မေွးတိရစ္ဆာန်တေွဆီကနေ တဆင့်လည်း ကူးစက်နိုင်သလို မိှုပိုးတေွရှိနေတဲ့ မြေကြီးနဲ့ထိတေွ့မှုကနေ တဆင့်လည်း ကူးစက်ရနိုင်ပါတယ်။ ကလေးကို ဥယျာဉ်ထဲမှာ ပေးဆော့တာ ၊ ပန်းခြံထဲမှာ ပေးဆော့တာမျိုးတေွလည်း မလုပ်ပါနဲ့။ အများကူးတဲ့ ရေကူးကန်တေွနဲ့ အခြားလူအများနဲ့ မှျသုံးရတဲ့နေရာတေွကနေ တဆင့်လည်း ကလေးတေွကို မိှုပိုးကူးစက်တာမျိုးတေွလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါဆို လက္ခဏာတေွက ဘာတေွလဲ
-------------------------------------
နို့ပေွးက တခါတလေမှာ အရေပြားပေါ်မှာ အနီရောင်အကွက်တေွှဖစ်တာ မျိုးတေွလည်း ဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတလေမှာ တစ်ကွက်လောက်ပဲ ဖြစ်တာမျိုးရှိသလို တစ်ခါတလေမှာ အကွက်တေွ အများကြီးထွက်တာမျိုးလည်း ရှိပါတယ်။ တကယ်လို့များ နို့ပေွးက ဦးရေပြားပေါ်မှာ ဖြစ်မယ်ဆိုရင် အရင်ဆုံးစဉ်စားရမှာက ကလေးက ဗောက်ထတာလား ဒါမှမဟုတ် (cradle cap) ကလေးဦးရေပြားမှာ အဆီများတာကြောင့် အရေခွံကွာတာလားဆိုတာပဲ ဖြစ်ပါတယ်။ နို့ပေွးက တကယ်လို့ ဦးရေပြားပေါ်မှ ဖြစ်မယ်ဆိုရင်တော့ ဆံပင်ကျွတ်တာမျိုးတေွ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ နို့ပေွးက မျက်နှာပေါ်မှာလည်း ဖြစ်တတ်ပါတယ်။ နို့ပေွးက ၁ လက်မကနေ ၂ လက် မလောက်ရှိတဲ့ အဝိုင်းလေးပဲ ဖြစ်ပါတယ်။ အနားသတ်နေရာလေးမှာ အနီရောင်အ ဖုခပ်ထူထူလေးတေွ ပေါက်နေတတ်ပြီးတော့ အလယ်ဘက်မှာတော့ ဖုလေးတေွ မရှိပါဘူး။ တကယ်လို့ ကလေးတေွမှာ အနီရောင်ဖုလေးတေွ ပေါက်ပြီး ယားယံနေတာမျိုးဖြစ်နေတာကို မိဘတေွအနေနဲ့ ကောင်းကောင်း သတိထားမိနိုင်ပါတယ်။ နို့ပေွးက တကယ်တော့ ကလေးငယ်ရဲ့ ပါးတေွ ၊ မေးစေ့တေွ၊ မျက်လုံးတဝိုက်၊ နဖူး နဲ့ နှာခေါင်းတေွမှာပါ ဖြစ်တတ်ပါတယ်။
နို့ပေွးဖြစ်ရသည့် အကြောင်းရင်းခံများ
-----------------------------------------
ကလေးငယ်လေးတေွက တစ်နေရာကနေ တစ်နေရာ မရေွှ့ပြောင်းနိုင်ကြပါဘူး။ သူတို့က အရာဝတ္ထုတေွကို ထိတေွ့နိုင်တာမျိုးလည်း မရှိပါဘဲနဲ့ ရောဂါဘယ်လိုကူး စက်ရတာလဲဆိုတဲ့ အကြောင်းအရင်းအချို့ကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။
၁။ အရေပြားချင်းထိတေွ့မှု
၂။ အရေပြားထိခိုက်မှုတေွ
၃။ အသုံးအဆောင်တေွကို အတူတူသုံးစွဲတာ
၄။ အိမ်မေွးတိရစ္ဆာန်တေွကနေတဆင့် ကူးစက်တာ
၅။ ရာသီဥတု ပူနေွးတာ
၆။ အာဟာရမပြည့်ဝတာ
ရ။ ကိုယ်ခံအားနည်းတာ
၈။ ရောဂါပိုးကူးစက်ခံရနိုင်တဲ့ မျိုးဗီဇရှိတာနဲ့
၉။ ပူနေွးစိုစွတ်တဲ့ရာသီဥတုအနေအထားကြောင့် ချေွးအလွန်အမင်းထွက်တာ ကလည်း ကလေးငယ်မှာ နို့ပေွးဖြစ်စေတဲ့အကြောင်းအရင်းတေွပဲ ဖြစ်ပါတယ်။
ဒါဆို ဘယ်လိုကုသမလဲ…….?
---------------------------------
ဆရာဝန်ညွှန်ကြားတဲ့ မိှုသတ်ဆေးကုထုံးတေွအတိုင်း လိုက်နာလုပ်ဆောင်ပေးပါ။ ဆေးမြီးတိုတေွနဲ့ ဒီအတိုင်းပဲ မကုပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ လွယ်လွယ်ကူကူ လုပ်တာက မှားယွင်းကုသမိတာမျိုးတေွပါ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မလိုလားအပ်ဘဲ ရောဂါအခြေအနေဆိုးလာတာမျိုးတေွပါ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးကို ဆရာဝန်ဆီ သွားမပြနိုင်သေးခင်မှာ အုန်းဆီစစ်စစ် ဒါမှမဟုတ် Baby Oil လေးတေွ လူးပေးလို့ရပါတယ်နော်။ ဦးရေပြားပေါ်မှာ နို့ပေွးဖြစ်မယ်ဆိုရင်တော့ အရှင်းပျောက်ဖို့က ၆ ပတ်ကနေ ၈ ပတ်လောက်အထိ အချိန်ယူရမှာပဲ ဖြစ်ပါတယ်။ ဆရာဝန်က ကလေးနဲ့သင့်တော်မယ့် မိှုသတ်ဆေး ခေါင်းလေှျာ်ရည် (သို့မဟုတ်) ဆေးပြားလေးတေွကို ကောင်းကောင်း ညွှန်းပေးပါလိမ့်မယ်။ ကလေးမှာ နောက်ဆက်တွဲရောဂါတေွ မဖြစ်လာစေဖို့ နဲ့ ခန္ဓာကိုယ်ရဲ့အခြားနေ ရာတေွကိုပါ ရောဂါပိုးတေွမပြန့်နှံ့စေဖို့အတွက် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အတိအကျ လိုက်နာပေးဖို့ လိုပါတယ်။
ဒါဆို ဘယ်လိုကာကွယ်မလဲ
-------------------------------
နို့ပေွး နောက်မဖြစ်အောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ကတော့ တစ်ကိုယ်ရေ သန့်ရှင်းမှုပဲ ဖြစ်ပါတယ်။ ကလေးအရေပြားမှာ ကုတ်ရာ ၊ ခြစ်ရာတေွ မဖြစ်စေဖို့အတွက် မေမေတို့လက်သည်းတေွကို အတိုညှပ်ထားပါ။ ကလေးကိုလည်း သူ့ဘာသာသူ ကုတ်ခြစ်မိတာမျိုး မဖြစ်အောင် လက်သည်းလေးတေွကို ညှပ်ပေးပါ။ ကလေးငယ်က သူ့ဘာသာကုတ်ခြစ် မိရာကနေလည်း ဘက်တီးရီးယားတေွ ကူးစက်နိုင်တာကြောင့် ကလေးအိပ်နေတဲ့အချိန်မှာ လက်ကိုအဝတ် လက်အိတ်လေး စွတ်ထားပေးပါ။ ပြီးရင် နို့ပေွးဖြစ်နေတဲ့နေရာကို ညင်ညင်သာသာ သန့်စင်ပေးပြီးတော့ ခြောက်သေွ ့အောင်ထားပါ။ ကလေးကို မထိတေွ့ခင် လက်ကို သန့်ရှင်းစင်ကြယ်အောင် အရင်လုပ်ပါ။ ဒါအပြင် ခရင်မ်တေွ ခေါင်းလေှျာ်ရည်တေွနဲ့ထိတေွ့ပြီးရင်လည်း လက်ကို သေသေချာချာ ဆေးကြောပေးပါ။ မိသားစုဝင်အားလုံးလည်း တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ။ အိမ်မှာ အိမ်မေွးတိရစ္ဆာန်လေးတေွ မေွးထားတယ်ဆိုရင်လည်း အိမ်မေွးတိရစ္ဆာန်လေးတေွကို ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတေွ လုပ်ဆောင်ပေးပါ။ ပြီးရင် သူတို့လေးတေွရဲ့ ခန္ဓာကိုယ်မှာ ယားယံနေတာ၊အမေွှးတေွကွက်နေတာ မျိုးတေွှဖစ်နေလားဆိုတာကို ကောင်းကောင်း ကြည့်ရှု့ပေးပါ။ ကလေးရဲ့ အရုပ်တေွ အပါအဝင် အသုံးအဆောင်တေွကို မကြာခဏဆိုသလို သန့်ရှင်းရေး လုပ်ပေးပါ။ ကလေးအသုံးအဆောင်တေွကို အခြားသူတေွကို ပေးမသုံးပါနဲ့။
ကလေးကို ချည်သားအဝတ်အစားလေးတေွ လုံလုံခြုံခြုံ ဝတ်ပေးပါ။ လက်လေးတေွ ခြေထောက်လေးတေွပါ လုံခြုံနေအောင်ထားပေးပါ။ မလိုအပ်ဘဲချေွးထွက်တာ မျိုးမဖြစ်အောင် ကလေးကို မလိုအပ်ဘဲ အင်္ကျီအထူတေွ မဝတ်ပေးပါနဲ့။ ကလေးက လမ်းလေှျာက်တတ်စအရွယ်ရောက်နေပြီဆိုပါက ကလေးကို ဖိနပ်စီးပေးဖို့အတွက် မေမေ့ပါနဲ့။ ဖြစ်လာပြီဆိုရင်လဲ သေချာလေး ဂရုစိုက်ပေးပါ။ အားလုံးပဲ အရေပြားပြဿနာကင်းတဲ့ ကလေးငယ်လေးတေွ ဖြစ်ကြပါစေ။
#Ref( ဟယ်လို - ကလေးနဲ့ နို့ပေွးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)