ကလေးအတိုးနည်းတာ သေချာရင် အရမ်းအရေးကြီးပါတယ်။ ကလေးနေမကောင်းလို့ အတိုးနည်းတာပါ။ အချိန်မီ ကုသမှုမခံယူရင် ဗိုက်ထဲမှာ ကလေးသေသွားတတ်ပါတယ်။ ကလေးလုံးဝမတိုးတော့ဘူးဆိုရင် ဘာမှလုပ်လို့ မရတော့ပါ။ ကလေးသေသွားပြီဖြစ်ပါတယ်။ လရင့်လာရင် ကလေးက ထွားလာပြီး ဗိုက်ထဲမှာ နေရာကြပ်သွားပြီး ကလေးအတိုးမကြမ်းတော့တာ ဖြစ်တတ်ပါတယ်။ တိုးတဲ့အားလျော့သွားတတ်ပါတယ်။ အဲဒါက သဘာဝပါ။ တိုးတဲ့အကြိမ်အရေအတွက်တော့ မလျော့သွားရပါဘူး။ တိုးတာနည်းသွားရင် အလွန်အရေးကြီးပါတယ်။
Ref : မေ့ရင်သေွး မဂ္ဂဇင်း (အမေးအဖြေကဏ္ဍ)