ကလေးရေှ့မှာပဲ ရန်ဖြစ်မယ် ရိုက်မယ်ဆိုရင် ကလေးတေွရဲ့ စိတ်ထဲမှာ ပြဿနာတစ်ခုကို ဒီလိုဖြေရှင်းရတယ်လို့ သူတို့ထင်သွားမယ်။ အဲဒီနမူနာကိုယူပြီး သူတို့လည်း ဒီလိုပဲ ဖြေရှငး်လိမ့်မယ်။ ဒီလိုနည်းတေွနဲ့ ဖြေရှင်းတာ မကောင်းဘူးဆိုတာကို နံပါတ်တစ်အနေနဲ့ မဖြစ်အောင်နေဖို့လိုတယ်။ နောက်တစ်ခုက ဖြစ်ခဲ့တယ်ဆိုရင်တောင် သားသမီးရေှ့မှာ မဖြစ်အောင် စောင့်ထိန်းသင့်တယ်။ အဲဒီလိုမဟုတ်ရင် ကလေးအတွက် Side Effects က သိပ်ဆိုးတယ်။ မကောင်းဘူး။ နမူနာဆိုးလည်း ရစေတယ်။ နောက်တစ်ခုက အဖေ၊ အမေက ငါအားကိုးရတာ မဟုတ်ဘူးဆိုတဲ့ အရင်က လေးစားတဲ့၊ အားကိုးတဲ့ စိတ်တေွ လျော့သွားစေတယ်။ ဆိုလိုတာက မိဘအပေါ်မှာ လေးစားရမယ်။ တန်ဖိုးထားရမယ်။ နမူနာယူတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို အဲဒီအဆင့်က ကျမသွားဖို့ အရေးကြီးတယ်။
Ref : မေ့ရင်သေွးမဂ္ဂဇင်း