
မေွးကင်းစကလေးတေွ ၊ လသားကလေးတေွ၊ ကလေးငယ်တေွအတွက် အိပ်စက်ခြင်းဆိုတာက အရမ်း အရေးကြီးပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရွယ်ရောက်ပြီးသားသူတေွထက် အိပ်စက်ချိန် များများယူဖို့ လိုအပ်ပါတယ်။ ဖေဖေမေမေတို့အနေနဲ့ ကလေးငယ် ပုံမှန်အိပ်စက်တာက ကျန်းမာရေးအတွက် ကောင်းတယ် ဆိုတာသိပေမယ့် ကိုယ့်ကလေးက အိပ်ချိန်ဘယ်လောက်ရှိသင့်လဲ ၊ ပြီးတော့ ဘယ်အချိန်ထိ အိပ်ရင် ပုံမှန်လည်းဆိုတာကို သိချင်နေပါလိမ့်မယ်။ ကလေးတေွအတွက်လည်း အသက်အရွယ်နဲ့အလိုက် ကျန်းမာရေးအတွက် လိုအပ်တဲ့ အိပ်စက်ချိန်ဆိုတာ ရှိပါတယ်။ ဒါကြောင့် ကလေးငယ်အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီးတော့ ဗဟုသုတရဖွယ်အကြောင်းအရာတေွကို အခုလိုပဲ မှျဝေပေးလိုက်ပါတယ်။

၁။ ကလေးက ဘယ်လောက်အထိ အိပ်ဖို့ လိုသလဲ
-------------------------------------------------------
ကလေးအသက်အရွယ်အလိုက် အိပ်စက်ချိန်က ကွာခြားပါတယ်။
၁။ မေွးကင်းစကနေ အသက် ၃ လအထိ ကလေးငယ်တေွက တစ်နေ့ကို ၁၄ နာရီကနေ ၁ရ နာရီအထိ အိပ်စက်ဖို့အတွက် လိုပါတယ်။ စုစုပေါင်းအိပ်ချိန် ၁၁ နာရီထက် နည်းတာ ၊ ဒါမှမဟုတ် ၁၉ နာရီထက် များနေတယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ မေွးကင်းစကနေ ၃ လအရွယ်ထိက နေ့ခင်းပိုင်းမှာ ၃ ကြိမ်လောက် တစ်ရေးတစ်မော အိပ်သင့်ပြီး ညအချိန် အိပ်ချိန် စုစုပေါင်းက ၈ နာရီကနေ ၁၀ နာရီအထိ ရှိနေသင့်ပါတယ်။
၂။ အသက် ၄ လကနေ ၁၂ လအရွယ်ကလေးငယ်တေွက တစ်နေ့ကို ၁၂ နာရီကနေ ၁၅ နာရီအထိ အိပ်စက်ဖို့ လိုပါတယ်။ နေ့လယ်ခင်းအချိန်အခါမှာ ၃ ကြိမ်လောက် တစ်ရေးတစ်မော အိပ်သင့်ပြီး အသက် ၁၂ လ ရောက်လာရင် နေ့ခင်းပိုင်းမှာ ၂ နာရီခွဲလောက် တစ်ရေးတစ်မော ၂ ကြိမ်လောက် အိပ်တာက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
၃။ လမ်းလေှျာက်စအရွယ် ၁ နှစ်ကနေ ၂ နှစ်ကလေးငယ်တေွက တစ်နေ့ကို ၁၁ နာရီကနေ ၁၄ နာရီအထိ ကောင်းကောင်း အိပ်စက်ဖို့ လိုပါတယ်။
၄။ ကျောင်းမတက်ခင် ကလေးငယ်တေွှဖစ်တဲ့ အသက် ၃ နှစ်ကနေ ၅ နှစ်ကလေးငယ်တေွက တစ်နေ့ကို အိပ်ချိန် ၁ဝ နာရီကနေ ၁၃ နာရီအထိ လိုပါတယ်။
၅။ အသက် ၆ နှစ်ကနေ ၁၃ နှစ်အရွယ် ကလေးငယ်တေွက ၉ နာရီကနေ ၁၁ နာရီ အိပ်စက်ပေးဖို့ လိုပါတယ်။
ဒါကတော့ ကလေးငယ်တစ်ယောက်အနေနဲ့ အသက်အရွယ်အလိုက် ရှိသင့်တဲ့ အိပ်စက်ချိန် ပမာဏပဲ ဖြစ်ပါတယ်။ အိပ်စက်သင့်တဲ့အချိန်အောက် နည်းနေတာ၊ ဒါမှမဟုတ် များနေတာဆိုရင်တော့ တစ်ခုခု ဂရုစိုက်လုပ်ဆောင်ပေးဖို့အတွက် အရေးကြီးပါတယ်။

၂။ ကလေးငယ် အိပ်ပျော်စေဖို့အတွက် ဘာတေွကို လုပ်ဆောင်ပေးရမလဲ
-------------------------------------------------------------------------------
အောက်ပါ နည်းလမ်းလေးတေွက ကလေးငယ်ကို ၆ ပတ်သားအရွယ်မှာတည်းက ကောင်းကောင်း အိပ်စက်တဲ့ အကျင့်ရသွားစေဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ ဒီလို နည်းလမ်းတေွကိုသာ ပုံမှန်လုပ်ပေးမယ်ဆိုရင် ကလေးငယ် အအိပ်နည်းတာကိုလည်း အကူအညီပေးနိုင်ပါတယ်။ ကလေးလည်း အိပ်စက်မှ ဖေဖေမေမေတို့လည်း စိတ်ချလက်ချနဲ့ ကောင်းကောင်း အနားယူအိပ်စက်နိုင်မှာပဲ ဖြစ်ပါတယ်။

၁။ နေ့ပိုင်းအချိန် အစားအစာကျေွးရင် ပျော်ပျော်နဲ့ ရွှင်ရွှင်လန်းလန်းဖြစ်အောင် ကျေွးပါ။ ညအချိန် ညစာကျေွးရင် ငြိမ်ငြိမ်သက်သက်နဲ့ တိတ်တိတ်ဆိတ်ဆိတ် ကျေွးပါ။ ဒါက ကလေးရဲ့ခန္ဓာကိုယ်ကို နေ့နဲ့ည ကွဲသွားအောင် ကူညီပေးပါလိမ့်မယ်။ ဒါအပြင် ကလေးကြီးလာပြီဆိုရင် ညအချိန်မှာ အိပ်ချိန်နီးတာနဲ့ သွားတိုက်တာ၊ ညဝတ်အကျႌလဲပေးတာ ၊ ညအိပ်ပုံပြင်ပြောပြတာ စတဲ့အလေ့အထလေးတေွ လုပ်ပေးရင် ကလေးက ညအိပ်ချိန်မှန်း ကောင်းကောင်း သတ်မှတ်နိုင်မှာပဲ ဖြစ်ပါတယ်။
၂။ ကလေးကို သူ့ဘာသာသူ အိပ်ပျော်အောင် အခွင့်အရေး ပေးပါ။ ကလေးအိပ်ချိန်မှာ မြန်မြန်အိပ်ပျော်အောင် ပုခက်ထဲ ထည့်ပြီးတော့ ပုခက်လွှဲပေးတာ၊ ပွတ်သပ်ပေးတာမျိုးကို ဝေးဝေးက ရေှာင်သင့်ပါတယ်။ ကလေးအိပ်ချင်လာရင် ဒီအတိုင်း အိပ်ယာပေါ်မှာ ကျောခင်းပေးပြီးတော့ တိတ်တိတ်ဆိတ်ဆိတ်လေး နေပေးတာက နောက်ပိုင်းမှာ ကလေးအိပ်စက်တာမြန်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။ ပုခက်လွှဲတာ ၊ ပွတ်သပ်ပေးတာကို အကျင့်လုပ်ထားရင် နောက်ပိုင်း ဖေဖေမေမေတို့ မလုပ်ပေးနိုင်တဲ့အခါကျရင် ကလေးက အိပ်မှာ မဟုတ်တော့ပါဘူး။
၃။ အိပ်ယာဝင်မယ့်အချိန်ကို တိတိကျကျ သတ်မှတ်ပြီးတော့ လိုက်နာတတ်ပါစေ။ ကလေးက မအိပ်ချင်သေးဘူးဆိုရင်တောင် အိပ်ယာကနေထပြီးတော့ ဆော့ခွင့်ပေးတာက ကလေးရဲ့ပုံမှန်အိပ်စက်ချိန်ကိုပါ ထိခိုက်စေပါတယ်။ ဒါကြောင့် ကလေးရဲ့့ ပုံမှန်အိပ်ချိန်ရောက်ရင် အိပ်ယာထဲမှာ အိပ်ယာဝင် ပုံပြင်ပြောပြရင်းနဲ့ အိပ်ပျော်သွားတဲ့အထိ ငြိမ်ငြိမ်သက်သက်၊ တိတ်တိတ်ဆိတ်ဆိတ် နားနေခိုင်းသင့်ပါတယ်။
၄။ ကလေးကို နေ့ခင်းပိုင်းတေွမှာ အိပ်သင့်သလောက်ပဲ အိပ်ချိန်ပေးပါ။ ညနေ ၃ နာရီနောက်ပိုင်း အိပ်တာကိုလည်း ကောင်းကောင်း ရေှာင်သင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ညအိပ်ချိန်ကို နောက်လေှျာ့ပေးရမှာပဲ ဖြစ်ပါတယ်။ ကလေး အသက်ကြီးတယ်ဆိုရင် နေ့စဉ်ညနေပိုင်းတေွမှာ ကိုယ်လက်လှုပ်ရှား အားကစားတေွကို အတူတူ လုပ်ပေးဖို့အတွက် လိုပါတယ်။ ဒါမှသာ ကလေးငယ်လည်း ကျန်းမာသန်စွမ်းပြီးတော့ အိပ်စက်တဲ့အခါမှာလည်း မြန်မြန်ဆန်ဆန် အိပ်ပျော်စေမှာပဲ ဖြစ်ပါတယ်။
၅။ အိပ်ယာကို ပြင်ဆင်ပါ။ အိပ်ယာမှာ ကလေးငယ် စိတ်လုံခြုံစေမယ့်အရာ ဥပမာ အမေွှးပွအရုပ် ၊ ဖက်လုံး နူးနူးညံ့ညံ့ ၊ စောင်စတဲ့ ပေွ့ဖက်နိုင်တဲ့ နေွးထေွးမှုကို ပေးနိုင်မယ့် အရာတစ်ခုခု ထားပေးတာကလည်း ကလေးကို မြန်မြန် အိပ်ပျော်စေပါတယ်။ ကလေးငယ်ရဲ့အကြိုက်အတိုင်း မီးပိတ်မှ အိပ်ပျော်လား ၊ မီးဖွင့်ထားမှ အိပ်ပျော်လား ဆိုတာကို မေးကြည့်ပါ။ ပြီးရင် အကောင်းဆုံးက မီးပိတ်မှသာ အနားပြည့်ဝစွာယူနိုင်တဲ့အတွက် မီးလင်းနေမှ အိပ်ပျော်တယ်ဆိုရင် ကလေးနဲ့သေချာ ဆေွးနေွးမေးမြန်းကြည့်ပါ။
၆။ အိပ်ယာဝင်ချိန် ရောက်ပြီဆိုတဲ့ အချက်ပြ အလေ့အထလေး ပြုလုပ်ပါ။ ဥပမာ မအိပ်ခင် နွားနို့ပူပူလေး တိုက်တာမျိုး ၊ ပုံပြင်ပြောပြတာ ၊ ဘုရားရှိခိုးတာ၊ တရားထိုင်တာစတဲ့ အလေ့အထလေး လုပ်ပေးထားတယ်ဆိုရင် ကလေးအနေနဲ့ အိပ်စက်ချိန်မှန်း သိလာပြီးတော့ အိပ်စက်တဲ့အလေ့အထ ကောင်းလာစေမှာပဲ ဖြစ်ပါတယ်။ ဒါအပြင် ကလေး မအိပ်လို့ ဆူတာ ၊ ခြိမ်းခြောက်တာ ၊ ရိုက်နှက်တာ၊ အော်တာကို လုံးဝရေှာင်ရပါမယ်။ ကလေး မအိပ်ခင်မှာ စိတ်ဓာတ်အရမ်းတက်ကြွစေမယ့် ကစားနည်းတေွ ၊ ကာတွန်းကားတေွ မပြသင့်ပါဘူး။ ထို့အတူ မအိပ်ခင်မှာ ခြောက်ခြားစရာ သရဲကားရုပ်ရှင်ကားတေွ ပြတာလည်း ဝေးဝေးက ရေှာင်ရပါမယ်။ ကလေးတေွမှာလည်း လူကြီးတေွလို လုံးဝ အိပ်မပျော်တဲ့အချိန် ရှိတဲ့အတွက် တတ်နိုင်သလောက် ကလေးငယ်ရဲ့ဆန္ဒအလိုက် လိုက်လျောပေးဖို့က ပိုအရေးကြီးပါတယ်။
#Ref( ဒေါက်တာသုတ - ကလေးငယ်နဲ့အိပ်ပျော်ခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)