စျေး မီဒီယာ
အခြား

ကိုယ်ဝန်ပျက်လို့ သားအိမ်ခြစ်ထားသူအနေနဲ့ ဘာတွေရှောင်သင့်လဲ

Posted by May Thaw Htoo July 31, 2022
Z5h8tha8wfwcog6psry4

သားအိမ်ခြစ်ထားတဲ့သူတစ်ယောက်အနေနဲ့ အိမ်ထောင်နဲ့ ၆ ပတ်အထိ ရှောင်သင့်ပါတယ်။ မရှောင်နိုင်ရင် အစွပ်သုံးပါ။ ပိုးမဝင်ဖို့ အရေးကြီးပါတယ်။ ကလေးပျက်ပြီး သားအိမ်ခြစ်ပြီး ဆီးစပ်ကိုက်တယ်။ အနံ့အသက်ဆိုးတဲ့ အဖြူတွေဆင်းတယ်။ ဖျားတယ်ဆိုရင် ဆရာဝန်နဲ့ပြပါ။ ကလေးပျက်ပြီး ပိုးဝင်၊ သားအိမ်ရောင်တဲ့ လက္ခဏာများဖြစ်ပါတယ်။ ကုသမှုခံယူတာ နောက်ကျရင် ဥပြွန်လမ်းကြောင်းတွေပိတ်ပြီး နောက်ထပ်ကလေးရဖို့ ခက်ပါလိမ့်မယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ကလေးပြန်ယူဖို့ ၆ လလောက် ခြားသင့်တယ် ဆိုပေမယ့် ကလေးပျက်ရတဲ့အကြောင်းရင်းဟာ ကလေးဘက်က ချို့ယွင်းချက်ကြောင့် ဖြစ်တာဆိုရင် ကြာကြာခြားလို့ အမေအသက်ကြီးလာတာနဲ့အမျှ ကလေးမှာ ချို့ယွင်းချက်ပါဖို့ ပိုများသွားပါလိမ့်မယ်။ သားအိမ်ရောင်တာ မရှိရင် စောစောပြန်ယူတာ ကောင်းပါတယ်။ ဖောလစ်အက်ဆစ်ဆေးပြားက ကလေးကိုယ်အင်္ဂါချို့တဲ့ခြင်းကို ကာကွယ်တဲ့အတွက် ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်တာနဲ့ တစ်နေ့တစ်လုံး စသောက်ထားပါ။

Ref : မေ့ရင်သွေး မဂ္ဂဇင်း
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.