
ကလေးတေွဆိုတာကတော့ မိဘတေွအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးတေွပဲ ဖြစ်ပါတယ်။ ဒီရတနာလေးတေွကို အရွယ်ရောက်ပြီး သူတို့ကိုယ် သူတို့ ဂရုစိုက်နိုင်တဲ့အချိန် ရောက်တဲ့အထိ စောင့်ရေှာက်ဖို့ကလည်း မိဘတိုင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ သူတို့လေးတေွ ကျန်းမာလာအောင်၊ ယဉ်ကျေးလာအောင်၊ စာရိတ္တကောင်းလာအောင် စသည်ဖြင့် မေမေတေွက ပြုစုပျိုးထောင်ကြရပါတယ်။
ဒီအထဲမှာမှ ကျန်းမာဖို့ကလည်း ကလေးတေွအတွက် အရေးကြီးတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ကျန်းမာမှလည်း ထက်ထက်မြက်မြက်နဲ့ လေ့လာသင်ယူနိုင်တဲ့ ကလေးတေွှဖစ်လာမှာပဲ ဖြစ်ပါတယ်။ ဒီလို ကျန်းမာဖို့အတွက် အရေးကြီးသလို တစ်ဖက်မှာလည်း ရောဂါတေွက အရမ်းကို များပြားလွန်းလှပါတယ်။ ဒီရောဂါတေွကြောင့် ဖြစ်ရတဲ့ရောဂါ လက္ခဏာတေွကလည်း အများကြီးပါပဲ။ အဲဒီ ရောဂါလက္ခဏာတေွ အများကြီးထဲကမှ ခန္ဓာကိုယ် အပူချိန်တက်နေတာကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကို ဖြစ်စေတဲ့ အကြောင်းအရင်းတေွကတော့ အများကြီး ရှိပါတယ်။ ဖြစ်လေ့ရှိတာကတော့ အဖျားတက်တဲ့အတွက် ကိုယ်အပူချိန် တက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖျားမရှိဘဲလည်း ကိုယ်အပူချိန်က တက်နိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကလေးရဲ့ခန္ဓာကိုယ်က အဖျားမရှိဘဲ ဘာကြောင့် ပူပူနေသလဲဆိုတာကို အခုလိုပဲ အသေးစိတ်တင်ပြပေးလိုက်ပါတယ်။ ထိုအရာတေွက ဘာတေွလဲဆိုတော့

၁။ သာမိုမီတာ မကောင်းလို့
-------------------------------
တစ်ခါတလေမှာ ကလေးက ကိုယ်ပူနေပြီး အဖျားတိုင်းကြည့်လိုက်တဲ့အခါ ပုံမှန်ပဲ ဖြစ်နေတာမျိုး ကြုံရတတ်ပါတယ်။ ဒါဟာ တကယ်တော့ အသုံးပြုတဲ့ သာမိုမီတာ မကောင်းလို့လည်း ဖြစ်နို်င်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ သာမိုမီတာကို ပြန်ယူပြီးတော့ တစ်ချက်နှစ်ချက်လောက် ခါလိုက်ပါ။ ပြီးရင် အဖျားပြန်တိုင်းကြည့်လိုက်တဲ့အခါ တကယ်ဖျားနေလို့ ကလေးက ပူနေတာလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလို တိုင်းပေမယ့် တစ်ခါတလေမှာ အဖျားမရှိဘဲ ပူနေတာလည်း ဖြစ်နိုင်ပါသေးတယ်။

၂။ ကလေးအိပ်နေတဲ့ပုံစံ မမှန်လို့
-------------------------------------
တစ်ခါတရံမှာ ကလေးက ပက်လက်အိပ်နေပေမယ့် ပုခက်က စောင်းနေတာပဲဖြစ်ဖြစ် ခေါင်းအုံးနိမ့်နေလို့ပဲဖြစ်ဖြစ် ခေါင်းကမော့နေပြီး ဇက်လန်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလို အချိန်မျိုးမှာ အဖျားမရှိဘဲ ကိုယ်အပူချိန်က တက်နေတတ်ပါတယ်။ ဒီလိုဖြစ်နေရင်တော့ အိပ်တဲ့ပုံစံမှန်အောင် ပြောင်းပေးလိုက်တာ၊ ဒါမှမဟုတ် ကလေးရဲ့မျက်နှာ၊ ခေါင်းနေရာတေွကို လေဝင်လေထွက်ကောင်းအောင် လုပ်ပေးလိုက်တာစသည်ဖြင့် စတာတေွကို ပြုလုပ်ပေးလို့ရပါတယ်။

၃။ ပတ်ဝန်းကျင်က ပူနေလို့
-------------------------------
လူကြီးတေွမှာလိုပါပဲ ရာသီဥတုက ပူတဲ့အခါ လူကြီးတေွလည်း ပူပြီးချေွးတေွလည်း ထွက်တတ်ပါတယ်။ ဒီလိုပဲ ကလေးတေွကလည်း ရာသီဥတုက ပူတဲ့အခါမှာ ဖျားတာကြောင့် မဟုတ်ဘဲ ကိုယ်အပူချိန် တက်နိုင်ပါတယ်။

၄။ သွား စပေါက်လာလို့
-------------------------
ကလေးတေွမှာ သွားစပေါက်လာတဲ့အရွယ်ရောက်လို့ သွားပေါက်တဲ့အခါမျိုးမှာလည်း အဖျားမရှိဘဲ ကိုယ်အပူချိန်က တက်နေတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင်တော့ ကလေးက သွားဖုံးက နာတဲ့အတွက် ဂျီကျနေတာ ဒါမှမဟုတ် ငိုနေတာစတာတေွလည်း ဖြစ်နိုင်ပါတယ်။

၅။ ကလေးက စိတ်ဆိုးလို့
----------------------------
ကလေးတေွမှာလည်း စိတ်ဆိုးတာ စိတ်ကောက်တာဆိုတာက ခဏခဏ ဖြစ်ပါတယ်။ သူ့ကို အနီးကပ် ထိန်းနေကျသူဆိုရင်တော့ ဘယ်လိုဆိုရင် ကလေးက စိတ်ဆိုးနေတာ၊ စိတ်ကောက်နေတာဆိုပြီးတော့ ကောင်းကောင်း သိနိုင်ပါတယ်။ ကလေးတေွက တစ်ခါတလေမှာ နို့ဆာလို့ပဲဖြစ်ဖြစ်၊ လူကြီးက စလိုက်လို့ပဲဖြစ်ဖြစ် သူတို့တေွ စိတ်အလိုမကျရင် စိတ်တိုပြီးတော့ အကြာကြီး ငိုတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ အဖျားမရှိဘဲ တစ်ကိုယ်လုံး ပူနေတတ်ပါတယ်။ ဒါဆိုရင်တော့ လုပ်စရာရှိတာက ကလေး စိတ်ဆိုးပြေအောင် ချော့ပေးတာပါပဲ။
ကလေးတစ်ယောက်နဲ့ တစ်ယောက် ကိုယ်အပူချိန်က မတူတတ်ပါဘူး။ တချို့ကလေးတေွကတော့ ပုံမှန်အချိန်မှာထဲက ကိုယ်အပူချိန်က များနေလေ့ရှိတတ်ပါတယ်။ ဒါမျိုးကတော့ ရှိတတ်ပေမယ့် ရှားတော့ ရှားပါတယ်။

ဒါဆို အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရင်းတေွကြောင့် ကလေးရဲ့ ကိုယ်အပူချိန် တက်နေခဲ့ရင် မေမေတေွအနေနဲ့ ဘာတေွ လုပ်ပေးလို့ရလဲ
-----------------------------------------------------------------------------------------------------------------------------------------------------
၁။ တကယ်လို့ ကလေးက သွားပေါက်ကာစမို့ အပူချိန်တေွ တက်နေတာဆိုရင် ကလေးကို အနာသက်သာအောင် ဆေးလေးတေွ လိမ်းပေးတာ၊ ဒါမှမဟုတ် ဂျယ်လ်လေးတေွ သွားဖုံးကို သုတ်ပေးတာ စသည်ဖြင့် စတာတေွ ပြုလုပ်ပေးလို့ရပါတယ်။
၂။ ရာသီဥတုက အရမ်းပူလို့ဖြစ်တာဆိုရင်တော့ ကလေးကို ထုပ်ထားတဲ့ အနှီးတေွ နည်းနည်းဖယ်ပေးတာပဲဖြစ်ဖြစ်၊ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတေွ လဲပေးလိုက်တာမျိုး စတာလေးတေွ လုပ်ပေးလို့ရပါတယ်။
၃။ တကယ်လို့ ကလေးက အဖျားမရှိတာ သေချာတယ်ဆိုရင်တော့ အရမ်းကြီး စိုးရိမ်စရာတော့ မရှိပါဘူး။ ကလေးတေွကို အပူဒဏ်သက်သာအောင်၊ နေရတာ သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးပြီး စောင့်ကြည့်ရုံပဲ လုပ်လို့ရပါတယ်။
၄။ တကယ်လို့ ကလေးက ပူနေရင်းနဲ့ အဖျားတက်လာတာမျိုး၊ အန်တာ၊ ဝမ်းလေှျာမျိုး၊ နှားစေး ချောင်းဆို စတဲ့ ဘက်တီးရီးယားပိုးတေွ၊ ဗိုင်းရပ်စ်ပိုးတေွ စတာတေွကြောင့် ဖြစ်တဲ့ရောဂါလက္ခဏာမျိုးတေွ ဖြစ်လာခဲ့ရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၅။ ဒါအပြင် အရေးကြီးတာတစ်ခုကတော့ ကလေးမှာ ရေဓာတ်ဆုံးရံှုးတဲ့ လက္ခဏာတေွှဖစ်တဲ့ မျက်တွင်းချိုင့်တာ၊ နှုတ်ခမ်းတေွ၊ လှျာတေွခြောက်နေတာ၊ ဝမ်းဗိုက်အရေပြားကို ဆွဲကြည့်ရင် ချက်ချင်း ပြန်မပြေသွားတာ၊ ပြီးတော့ ကလေးက မိှန်းနေတာ စတဲ့ လက္ခဏာတေွရှိရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်သွားရောက်ပြသသင့်ပါတယ်။
ဒါကြောင့် မေမေတေွအနေနဲ့ ကလေးတေွမှာ အဖျားမတက်ဘဲ ကိုယ်အပူချိန်တေွ တက်နေရင် ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းအရင်းကို ရှာဖို့အတွက် အရေးကြီးပါတယ်။ အကြောင်းအရင်းကို သိမှ သက်သာအောင်လုပ်နိုင်မှာ ဖြစ်ပြီး အပေါ်မှာ ပြောပြခဲ့တဲ့ အရေးကြီးတဲ့လက္ခဏာတေွ ဖြစ်ပေါ်လာရင်တော့ ဆရာဝန်နဲ့ သေသေချာချာ ပြသတိုင်ပင်ပြီးတော့ ကုသမှုကို စနစ်တကျ ခံယူသင့်ပါတယ်လို့ အကြံပေးလိုက်ပါရစေ။ အားလုံးပဲ အမြဲအဆင်ပြေကြပါစေ။
#Ref( Dr.AZK - ကလေးနဲ့ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)