စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ ဂျယ်လီစားဖို့ သင့်၊မသင့်

Posted by Htoo Yan Aung January 3, 2020
Z4jrjuedm8xilu3p8cdj

ဂျယ်လီဟာ လူကြီးလူငယ် ၊ ကျားမမရေွး ကြိုက်နှစ်သက်ကြတဲ့ အချိုစာတစ်ခုအဖြစ် သတ်မှတ်ရပါမယ်။ ချိုမြိန်တဲ့အရသာရှိပြီး ဆွဲဆောင်မှုရှိတဲ့ အဆင်းသဏ္ဍာန်ကြောင့်လည်း မိန်းကလေးတေွ ၊ ကလေးငယ်တေွ အထူးကြိုက်နှစ်သက်ကြတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးတေွအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း နှစ်သက်ရတဲ့ ဂျယ်လီကို စားသင့်ရဲ့လားဆိုတာလည်း သိရှိထားဖို့ လိုပါတယ်။

N0micm3q5jhqhwsug6m1

အရင်ဆုံး ဂျယ်လီမှာ ဘယ်လိုဓာတ်တေွပါဝင်နေလဲဆိုတာ ပြောပြပါရစေ။ အမျိုးမျိုးသော ကွဲပြားခြားနားတဲ့ သစ်သီးရန့ံတေွ ထည့်သွင်းထားတဲ့ ဂျယ်လီမှာ ပရိုတင်း ၊ သကြားဓာတ် ၊ အဆီ ၊ ဗီတာမင်များနဲ့ အမိုင်နိုအက်ဆစ်တို့ ပါဝင်နေပါတယ်။ နေရာဒေသအလိုက် ဂျယ်လီပြုလုပ်တေွ မတူညီကြတာကိုလည်း တေွ့ရပါတယ်။ သတင်းကောင်းပြောပါတော့မယ်။ ကိုယ်ဝန်ဆောင်မိခင်တေွဟာ ဂျယ်လီကိုစားသုံးလို့ ရပါတယ်။

Qypvi2uyyngqot15qzzm

သစ်သီးနဲ့ပြုလုပ်ဖန်တီးထားတဲ့ ဂျယ်လီတေွဟာ အမှျင်ဓာတ်ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တေွရဲ့ အစာခြေစနစ်ကို ကောင်းမွန်စွာ အထောက်အပံ့ပေးနိုင်ပါတယ်။ မိခင်လောင်းတေွဟာ ကိုယ်ဝန်ဆောင်ကာလမှာ မကြာခဏ ဗိုက်ဆာတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဂျယ်လီစားသုံးခြင်းက ဆာလောင်မှုကို ပြေပျောက်စေနိုင်တဲ့အပြင် စိတ်ကျေနပ် လန်းဆန်းမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။

Xgq3odpasbetkk4ac5yl

ဂျယ်လီမှာ ဗီတာမင်ဓာတ်တေွလည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် မိခင်လောင်းရဲ့ ကိုယ်ခံအားစနစ်ကို မြှင်တင်ပေးနိုင်မယ့်အပြင် သွားကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးနိုင်ပါသေးတယ်။ ဂျယ်လီကြောင့် ပန်းနာရောဂါ ၊ အိပ်ရေးပျက်ခြင်း ၊ အသည်းရောဂါများ ၊ အစာအိမ်အနာ ၊ ကျောက်ကပ်ရောဂါများ နဲ့ အရေပြားရောဂါများကို ပျောက်ကင်းခဲ့ရတဲ့ သာဓကတေွလည်း ရှိနေပါတယ်။

Ohguevrby3a7eaprlwfp

ကိုယ်ဝန်ဆောင်မိခင်တေွ ဂျယ်လီစားသုံးခြင်းရဲ့ အဓိကကောင်းကျိုးတစ်ခုကတော့ နောက်ကျိနေတဲ့ စိတ်အာရုံတေွကို ပြန်လည်ရွှင်လန်းစေတာပါပဲ။ ဒါပေမဲ့ ဂျယ်လီကို နေ့စဉ်ရက်ဆက် အလွန်အကျွံစားသုံးမိရင်တော့ အော်ဂလီဆန်ခြင်း ၊ ချောင်းဆိုးခြင်း ၊ လည်ချောင်းယားယံခြင်း စတဲ့ ပြဿနာတေွနဲ့ ရင်ဆိုင်ရလာနိုင်ပါတယ်။

HYA (kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.