စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

အမွှာလေးတေွကို ထိန်းကျောင်းတဲ့အခါ မေမေတို့ အဆင်ပြေစေဖို့အတွက် နည်းလမ်းကောင်းများ

Posted by Zaw Lin Aung December 30, 2019
Cjka74anrxzu8bp5x62x

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာက မလွယ်ကူမှန်း မိဘတိုင်းက သိပါတယ်။ ကလေးတစ်ယောက်တည်းတောင် ကိုယ့်ရဲ့ အိပ်ချိန်၊ စားချိန် အပျက်ခံပြီးတော့ ပြုစုစောင့်ရေှာက်နေရတော့ တကယ်လို့ အမွှာလေးသာ ဖြစ်လို့ကတော့ နှစ်ဆတောင် ပိုပင်ပန်းတော့မှာပေါ့။ ဟုတ်တယ် မဟုတ်လား။ ပိုပြီးတော့ ပင်ပန်းမှာ မှန်ပေမယ့် ကလေး နှစ်ယောက်စလုံးကို အဆင်ပြေပြေ ထိန်းကျောင်းနိုင်လို့ ခံစားနေရတဲ့ ပီတိကလည်း ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ မိခင်တေွအနေနဲ့ အမွှာလေးနှစ်ယောက်ကို ဘယ်လိုထိန်းကျောင်းရမလဲဆိုတာကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

Ewsycuutslgrvt2isn9u

၁။ ကလေး နှစ်ယောက်လုံး အိပ်ချိန် ၊ စားချိန်မှန်ပါစေ
---------------------------------------------------------

ကလေးငယ်တေွက အိပ်ချိန်များများ ပိုလိုတာ မှန်ပေမယ့် နိုးတဲ့အချိန်မှ ထမင်းကျေွးမယ် ဆိုပြီးတော့ ပစ်ထားလို့တော့ မရပါဘူး။ အမွှာဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် အိပ်ချိန်ကို ညှိပေးရင် ကိုယ့်အတွက်လည်း သက်သာစေမှာပါ။ ဒီလိုပဲ ထမင်းကျေွးတဲ့အခါ နှစ်ယောက်စလုံးကို တစ်ပြိုင်တည်း အတူကျေွးပါ။ ဒါမှသာ တစ်ယောက်ချင်းစီအတွက် အချိန်မကုန်ရမှာပါ။

Pym84426uqgg71herumn

၂။ အသေးစိတ် ရေးမှတ်ထားပါ
-----------------------------------

ကလေးနှစ်ယောက်စလုံးကို ထိန်းရာမှာ ပိုပြီးတော့ လွယ်ကူအောင်လို့ သူတို့နှစ်ယောက် ဘယ်အချိန်မှာ အိပ်တတ်တယ် ၊ ဘယ်လောက်ကြာတတ်တယ် ၊ ဘယ်အချိန်မှာ ဗိုက်ဆာတတ်တယ် ၊ တစ်နေ့ကို Diaper ဘယ်နှထုပ်လဲ ပေးရတယ် စတာတေွကို လက်ရေးနဲ့ သေချာ ချရေးထားပါ။ ဒီလိုချရေးပြီးတော့ မှတ်ထားတာက ကိုယ်ကိုယ်တိုင်လည်း ပိုမှတ်မိစေသလို ကလေးတေွရဲ့ အခြေအနေကိုလည်း မှန်းဆရ တစ်ဖြည်းဖြည်းနဲ့ လွယ်ကူသွားစေပါတယ်။

Il0n2jydlpaookqm76jh

၃။ အမွှာနှစ်ယောက်လုံး အိပ်ပျော်စေဖို့အတွက် နည်းမျိုးစုံကို ကြိုးစားကြည့်ပါ
----------------------------------------------------------------------------------

အမွှာ နှစ်ယောက်စလုံး တစ်ချိန်တည်းအိပ်ပျော်ဖို့ဆိုတာက တကယ့်ကို မလွယ်တဲ့ ကိစ္စပါပဲ။ သို့ပေမယ့် သူတို့နှစ်ယောက်စလုံးကို လှည်းလေးပေါ်တင်ပြီးတော့ ချော့သိပ်တာ၊ တစ်ယောက်ကို Carrierနဲ့ သယ်ပြီး နောက်တစ်ယောက်ကို ကလေးဒန်းထဲ ထည့်ပြီးမှသာ သိပ်တာ၊ သီချင်းလေးဆိုပြီး ချော့သိပ်တာ စတဲ့နည်းမျိုးစုံကို သုံးကြည့်နိုင်ပါတယ်။

Zhrx195gsmqcr1fjjjpt

၄။ လိုအပ်တဲ့ပစ္စည်းကိရိယာတေွကို ၀ယ်ယူပါ
---------------------------------------------------

ကလေးတစ်ယောက်တည်းကို ချီပိုးရတာ သိပ်ကိစ္စမရှိပေမယ့် နှစ်ယောက်ဆိုရင်တော့ ကြာလာရင် သင့်ကြွက်သားတေွ နာကျင်လာနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ တခြားပစ္စည်းကိရိယာတေွလည်း ဝယ်ယူအသုံးပြုပါ။ အမွှာကလေး နှစ်ယောက်လုံး တစ်ပါတည်း ထည့်တွန်းနိုင်တဲ့ လှည်းလေးတေွ ၊ ပုခက်လေးတေွ၊ Twin Carrier Bag လေးတေွစတာက စျေးကွက်ထဲမှာ ပုံစံစုံရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေမယ့်ဟာကို စိတ်ကြိုက် ရေွးချယ်ဝယ်နိုင်ပါတယ်။

Xo7qfspoxnzu5noqcjit

၅။ အတေွ့အကြုံရှိသူဆီက အကြံဉာဏ်တောင်းပါ
-----------------------------------------------------

ကိုယ့်မိသားစုဝင်တေွ၊ ကိုယ့်ဆေွမျိုးတေွ၊ မောင်နှမသားချင်းတေွကို ကူညီထိန်းကျောင်းပေးဖို့အတွက် အကူအညီ တောင်းကြည့်ပါ။ အများအားဖြင့်တော့ မြန်မာလူမျိုးတေွက မိဘတေွကို ကလေးကူထိန်းပေးဖို့အတွက် တောင်းဆိုတတ်ကြတယ် (အဘိုး၊ အဘွားအများစုကလည်း လိုလိုလားလား ရှိပါတယ်) ။ လူကြီးတေွမှာလည်း အဖိုးတန်တဲ့အကြံဉာဏ်တေွ ရှိတတ်တာမို့ တစ်ဖြည်းဖြည်းနဲ့ မေးမြန်းစူးစမ်းကြည့်ပါ။

N4vzyq0sq3n7vyjwdhix

၆။ လိုအပ်တဲ့ ကလေးအသုံးအဆောင်တေွကို ဖြည့်ဆည်းထားပါ
----------------------------------------------------------------------

ကလေးငယ်တေွအတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်တေွှဖစ်တဲ့ Babywipe တေွ ၊ Diaper (သေးခံ)တေွ ၊ လိမ်းစရာခရင်မ်တေွ စတဲ့ပစ္စည်းတေွကို လိုအပ်ရင် လိုအပ်သလို ကြိုတင်ဝယ်ဆောင်ထားပါ။ ကလေး နှစ်ယောက်ဆို ဒီပစ္စည်းတေွက အင်မတန် အကုန်မြန်ပါတယ်။ ဝယ်တဲ့အခါမှာလည်း ဖြစ်နိုင်ရင် ဆိုင်အထိ သွားမဝယ်ပါနဲ့။ အခုခေတ်မှာ အွန်လိုင်းကနေ လွယ်လွယ်ကူကူ ဝယ်လို့ရနေသလို အိမ်တိုင်ရာရောက်လာပေးတဲ့ ၀န်ဆောင်မှုတေွလည်း ရှိနေတာကြောင့် မေမေတေွအတွက် ပိုအဆင်ပြေသွားစေမှာပါ။

Wlsijebjuxxdi4fjug5y

၇။ ပစ္စည်းတိုင်း နှစ်ခု မဝယ်ပါနဲ့
---------------------------------

မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတေွှဖစ်တဲ့ ထမင်းတင်ကျေွးမယ့်ထိုင်ခုံ၊ ကလေးကားထိုင်ခုံ စတဲ့ ပစ္စည်းတေွကိုတော့ နှစ်ခုစီ ၀ယ်ရမှာဖြစ်ပေမယ့် အကုန်လုံး ၀ယ်စရာတော့ မလိုပါဘူး။ ဆော့စရာအရုပ်တေွ ၊ ကလေးစာအုပ်တေွ ၊ ကလေးပေါင်ဒါတေွ ဒါမျိုးတေွကတော့ နှစ်ခုစီ လိုက်ဝယ်မပေးပါနဲ့။ ကလေးနှစ်ယောက်ကို မှျဝေဆော့ကစားခိုင်းပါ။ တစ်ခြားတစ်ဖက်က ကြည့်ရင် ပိုက်ဆံကုန်သက်သာတာပေါ့။

Xi80fpilursjealosady

၈။ ခဲွမသိပ်ပါနဲ့
-----------------

အမွှာလေးတေွကို မေွးထားတဲ့မိဘတေွက ကလေးတေွ နည်းနည်းကြီးလာရင် တစ်ယောက်တစ်နေရာစီ ခဲွသိပ်ဖို့အတွက် စီစဉ်ကြပါတယ်။ ကလေးတစ်ယောက် နိုးပြီးအော်ငိုရင် နောက်တစ်ယောက်ပါ နိုးလာနိုင်တဲ့အတွက် ဒီလိုပြုလုပ်တာဆိုပေမယ့် မလိုအပ်ပါဘူး။ ဒါ့အပြင် ငယ်ငယ်လေးကတည်းက ကလေး နှစ်ယောက်ကို တစ်ခန်းထဲသိပ်တဲ့ အလေ့အကျင့်လုပ်ထားရင် ကလေးတစ်ယောက် နိုးပြီး ငိုရင်တောင် နောက်တစ်ယောက်က နားယဉ်နေတဲ့အတွက် လွယ်လွယ်ကူကူ မနိုးလာနိုင်တော့ပါဘူး။

Oo8f0aeeooxiiizrwlhf

၉။ လင်မယား နှစ်ယောက် တစ်ယောက်တစ်လှည့်စီ ထိန်းပါ
----------------------------------------------------------------

မိခင်ဖြစ်သူချည်းပဲ ကလေးထိန်းနေစရာတော့ မလိုအပ်ပါဘူး။ ကလေးတေွကို အိမ်ပြင်ခေါ်ပြီးတော့ လမ်းလေှျာက်တာ၊ ကလေးအဝတ်တေွ လေှျာ်ပေးတာ၊ ထမင်းကျေွးတာစတဲ့ ဒီလိုဝေယဝစ္စတေွကို ဖခင်ကလည်း ကူညီလုပ်ကိုင်ပေးပါ။ ဒါမှသာ တာဝန်ကို မှျဝေထမ်းဆောင်သလို ဖြစ်ပြီးတော့ လင်မယားနှစ်ယောက်စလုံး ကို သက်သာမှာပါ။

Yqgeaozfgbo0b9wokofc

၁၀။ အစားအသောက်အတွက် အရမ်းအချိန်မပေးပါနဲ့
-----------------------------------------------------------

အိမ်မှာ ကိုယ့်ဖာသာ ချက်ပြုတ်စားတတ်ရင် ကလေး နှစ်ယောက်ထိန်းနေရတဲ့အတွက် အရင်လို ချက်ပြုတ်ဖို့အတွက် အချိန်သိပ်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသင့်စား အစားအသောက်ဗူးလေးတေွ ကြိုဆောင်ထားတာ၊ တစ်ခါတစ်လေ အပြင်က Delivery လှမ်းမှာစားတာတေွ ကောင်းကောင်း ပြုလုပ်နိုင်ပါတယ်။ တစ်ခါတလေ အပြင်စာစားတာက ကျန်းမာရေး မထိခိုက်သလို အချိန်ရောလူပါ ကောင်းကောင်း သက်သာစေပါတယ်။

Pbl39hbkvkejj5jlum1u

၁၁။ ကိုယ်ပိုင်အချိန်တေွ ဖယ်ထားပါ
---------------------------------------

ဘယ်လောက်အလုပ်ရှုပ်တဲ့သူဖြစ်ဖြစ် တစ်နေ့တာမှာ ကိုယ်ပိုင်အနားယူချိန်တော့ လိုအပ်ပါတယ်။ ဒါက အရေးကြီးပါတယ်။ ဒီအချိန်လေးမှာ ဘာမှမတေွးဘဲ အေးဆေးနားနေတာမျိုး လုပ်နိုင်သလို ကိုယ်ကြိုက်တဲ့ သီချင်းနားထောင်တာ ၊ ရုပ်ရှင်ကြည့်တာလည်း လုပ်နိုင်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အလုပ်ဒဏ်ပိပြီးတော့ ကိုယ်ရောစိတ်ပါ ပင်ပန်းသွားတာမျိုး မဖြစ်အောင်ပါ။ ဒါလေးတေွကတော့ အမွှာမေွးထားတဲ့ မိဘတေွက လိုက်နာကျင့်သုံးကြည့်နိုင်တဲ့ နည်းလမ်းလေးတေွပါပဲ။ ဒီနည်းလမ်းတေွကြောင့် အချိန်ကုန်သက်သာနိုင်သလို လူပင်ပန်းမှုလည်း သိပ်မရှိနိုင်တာကြောင့် အခုပဲ ထိုအလေ့အကျင့်ကို ပြုလုပ်လိုက်ကြရအောင်ပါ။
#Ref(ဒေါက်တာ ဘယ်ရီထွန်း - အမွှာလေးလေးတေွအတွက် နည်းလမ်းများစာအုပ်မှ)
ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.