Kyarlay.com
almost 2 years
Kc0p92ga82zqdio0yof9
Puktus6tujuocsxqj6pa
HM (ကျားလေး)
>>>> Unicode Version <<<<
Ua1bsxkykrrlsrwae02i
မတ်လ (၁) ရက်မှ (၁၅) ရက်အတွင်း ရင်သွေးငယ်မွေးဖွားရန် ရက်ကောင်းများ
မေမေတို့ရေ လာမယ့် မတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း ဘေဘီလေးတွေကို မွေးဖွားဖို့အတွက်ရက်ကောင်းလေးတွေကို ဖော်ပြပေးမယ်နော်။ မတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိကာလအတွင်းမှာဆိုရင် မတ်လ (၃) ရက်၊ (၅) ရက်၊ (၁၂) ရက်နေ့တွေကလွဲပြီး ကျန်တဲ့ရက်တွေအားလုံးကမွေးဖွားဖို့နေ့ရက်ကောင်းတွေပါပဲနော်။ အဲ့ဒီအထဲမှာမှ ကံအကောင်းဆုံးရက်တွေကတော့ မတ်လ (၁၊ ၂၊ ၄၊ ၆၊ ရ၊ ၈၊ ၉၊ ၁၁၊ ၁၃၊ ၁၄၊ ၁၅) ရက်နေ့တွေပါပဲမေမေတို့ရေ။
ဖွားဇာတာတွေဆိုရင်တော့ မတ်လ ၁ ရက်နေ့၊ (၈) ရက်နေ့နဲ့ ၁၅ ရက်နေ့မှာမွေးဖွားရင် ရာဇဖွား၊ မတ်လ (၂) ရက်၊ (၉) ရက်နေ့တို့မှာ မွေးဖွားရင်တော့ အထွန်းဖွား၊ မတ်လ (၄) ရက်၊ (၁၁) ရက််နေ့တွေမှာ မွေးဖွားရင် ပုတိဖွား၊ မတ်လ (၁၂) ရက်နေ့မှာ မွေးဖွားရင် သိုက်ဖွား၊ မတ်လ (၆) ရက်နေ့၊ (၁၃) ရက်နေ့တွေမှာမွေးဖွားရင်တော့ မရဏဖွား၊ မတ်လ (၇) ရက်၊ (၁၄) ရက်နေ့တွေမှာဆိုရင် အဓိပတိဖွား၊ မတ်လ (၁၀) ရက်နေ့မှာမွေးဖွားရင် ဘင်္ဂဖွားတို့ဖြစ်ပါတယ်။
မေမေတို့ရေ အဲ့ဒီနေ့ရက်တွေထဲကမှ (၁၀) ရက်နေ့တစ်ရက်က ကံအသင့်အတင့်ပဲကောင်းတဲ့ရက်ဖြစ်ပါတယ်တဲ့။ ဒီနေ့ရက်တွေကနဲ့အခြေအနေတွေကတော့ ယေဘုယျတွက်ချက်မှုဖြစ်ပြီး မေမေတို့ရဲ့ မွေးသက္ကရာဇ်နဲ့တွက်မယ်ဆိုရင်တော့ ပိုမိုကိုက်ညီတဲ့ မွေးဖွားရက်ကောင်းလေးတွေကို ရွေးချယ်နိုင်မှာပါနော်။ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်။
(မေ့ရင်သွေးမဂ္ဂဇင်းမှကောက်နုတ်ချက်)
မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)
Oilycklvumkihbokslq7
ဖွားဇာတာတွေဆိုရင်တော့ မတ်လ ၁ ရက်နေ့၊ (၈) ရက်နေ့နဲ့ ၁၅ ရက်နေ့မှာမွေးဖွားရင် ရာဇဖွား၊ မတ်လ (၂) ရက်၊ (၉) ရက်နေ့တို့မှာ မွေးဖွားရင်တော့ အထွန်းဖွား၊ မတ်လ (၄) ရက်၊ (၁၁) ရက်နေ့တွေမှာ မွေးဖွားရင် ပုတိဖွား၊ မတ်လ (၁၂) ရက်နေ့မှာ မွေးဖွားရင် သိုက်ဖွား၊ မတ်လ (၆) ရက်နေ့၊ (၁၃) ရက်နေ့တွေမှာမွေးဖွားရင်တော့ မရဏဖွား၊ မတ်လ (၇) ရက်၊ (၁၄) ရက်နေ့တွေမှာဆိုရင် အဓိပတိဖွား၊ မတ်လ (၁၀) ရက်နေ့မှာမွေးဖွားရင် ဘင်္ဂဖွားတို့ဖြစ်ပါတယ်။